အားကစားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ လေ့လာဆန်းစစ်တဲ့ ကုမ္ပဏီတစ်ခုဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ၂ ပွဲအပြီးမှာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲရဲ့နောက်ဆုံးရလဒ်တွေကို ကြိုတင်ခန့်မှန်းခဲ့ပြီး အလွန်အံ့အားသင့်ဖွယ်ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ရာသီအဖွင့် ရက်သတ္တပတ် ၂ ပတ်မှာ အံ့အားသင့်ဖွယ်ရလဒ်အချို့ကို မြင်တွေ့ခဲ့ရပြီးဖြစ်ပြီး ကွင်းထဲကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်ကြည့်ခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် ပိုပြီးတော့တောင် ပြိုင်ပွဲရဲ့ ရေချိန်က တက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း FiveThirtyEight ဟာ ယခုရာသီကုန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဘယ်လိုအခြေအနေရှိနေမလဲဆိုတာကို အသင်းတစ်သင်းချင်းစီရဲ့ စွမ်းဆောင်ရည်ကို အခြေခံပြီး ကိန်းဂဏန်းအချက်အလက်တွေနဲ့ တွက်ထုတ်ခဲ့တာဖြစ်ပါတယ်။

Photo: Sky Sports

ရက်သတ္တပတ် ၂ ခု အပြီးမှာ လီဗာပူးလ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်း၊ ဘရိုက်တန် စတဲ့ အသင်း ၅ သင်းဟာ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။ အခြားတဖက်မှာတော့ နော်ဝစ်ချ်၊ အာဆင်နယ်၊ ဘန်လေ၊ နယူးကာဆယ်၊ ဝုဗ်တို့ဟာ နိုင်ပွဲတစ်ပွဲမှ မရခဲ့ဘဲ အမှတ်ပေးဇယား အောက်ဆုံးနားမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။

အမှတ်ပေးဇယားဟာ ဒဏ်ရာပြဿနာတွေ၊ နိုင်ငံတကာပွဲစဉ် နားရက်တွေ၊ နည်းပြအပြောင်းအလဲတွေ စတဲ့ အချက်တွေကြောင့် အပြောင်းအလဲဖြစ်လာဖို့ များစွာရှိနေသေးချိန်မှာ FiveThirtyEight က ၎င်းတို့ရဲ့ Forecasts and Soccer Power Index (SPI) အဆင့်သတ်မှတ်ချက်ကို အသုံးပြုပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ရာသီကုန် ရပ်တည်မှုအခြေအနေကို တွက်ချက်ခဲ့ပါတယ်။

Photo: ESPN

တွက်ချက်မှုအရ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကပဲ ဆက်လက် ဗိုလ်စွဲသွားဖို့ ရှိနေပြီး ပဲလေ့စ်၊ ဝက်ဖို့ဒ်နဲ့ နောဝစ်ချ်တို့ တန်းဆင်းခဲ့တာကို မြင်တွေ့ရပါတယ်။

၁။ မန်ချက်စတာစီးတီး- ၈၀ မှတ်

၂။ ချဲလ်ဆီး- ၇၇ မှတ်

၃။ လီဗာပူးလ်- ၇၇ မှတ်

၄။ မန်ချက်စတာယူနိုက်တက်- ၆၉ မှတ်

၅။ တော့တင်ဟမ်ဟော့စပါး- ၆၃ မှတ်

၆။ ဝက်စ်ဟမ်း- ၅၈ မှတ်

၇။ ဘရိုက်တန်- ၅၄ မှတ်

၈။ အာဆင်နယ်- ၅၄ မှတ်

၉။ လက်စတာ- ၅၄ မှတ်

၁၀။ အဲဗာတန်- ၅၃ မှတ်

၁၁။ အက်စ်တွန်ဗီလာ- ၅၀ မှတ်

၁၂။ လိဒ်စ်- ၄၇ မှတ်

၁၃။ ဝုဗ်- ၄၅ မှတ်

၁၄။ ဘရန့်ဖို့ဒ်- ၄၁ မှတ်

၁၅။ ဆောက်သမ်တန်- ၄၁ မှတ်

၁၆။ နယူးကာဆယ်- ၃၉ မှတ်

၁၇။ ဘန်လေ- ၃၉ မှတ်

၁၈။ ပဲလေ့စ်- ၃၇ မှတ်

၁၉။ ဝက်ဖို့ဒ်- ၃၇ မှတ်

၂၀။ နောဝစ်ချ်- ၃၄ မှတ်

Featured Photo: ESPN