ဖိနပ်တွေဟာ သင်နဲ့ ပြေးလမ်းအကြားက တစ်ခုတည်းသော ထိမှတ်ဖြစ်ပါတယ်။ အပြေးဖိနပ်တွေကတော့ ကိုယ့်ရဲ့ ပြေးအားကို ပိုပံ့ပိုးပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ အခုပြောမယ့် Running Shoes တွေကတော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံးလို့ နာမည်ကျော်တဲ့ Brand တွေပဲ ဖြစ်ပါတယ်။

(၁) Nike

Photo: technobuffalo

ကမ္ဘာ့အကြီးဆုံး Sports Brand တစ်ခုက ထုတ်တဲ့ အပြေးဖိနပ်တွေက ဈေးကွက်မှာ လူကြိုက်အများဆုံးဖြစ်နေတာ အဆန်းတော့ မဟုတ်ပါဘူး။ Nike ထုတ် အပြေးဖိနပ်တွေကို ပရော်ဖက်ရှင်နယ်အားကစားကွင်းထဲကနေ ရပ်ကွက်ထဲက အားကစားပွဲတွေအထိ နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ဒီကုမ္ပဏီအနေနဲ့လည်း ဖိနပ်တွေကို နည်းပညာခေတ်နဲ့အညီ ဆန်းသစ်မှုတွေ အကြီးအကျယ်ထပ် လုပ်နေပါတယ်။

(၂) ASICS

Photo: Fleet Fleet

ဂျပန်အမှတ်တံဆိပ် ASICS ကို အမေရိကန်ဈေးကွက်ကို ပထမဆုံး တင်ပို့လိုက်သူတွေက Nike တည်ထောင်သူတွေ ဖြစ်ပါတယ်။ Nike တည်ထောင်သူတွေ ဖြစ်တဲ့ ဖီးနိုက်နဲ့ ဘီလ် ဘိုးဝါးမန်းတို့ကြောင့် ASICS ဟာ အားကစားသမားစီး Footwear အနာဂါတ် လမ်းကြောင်းပေါ် ရောက်သွားတာလို့ ပြောကြပါတယ်။ ASICS တံဆိပ်တွေဟာ ဂျယ်လ်ကူရှင်စနစ်သုံးထားလို့ စီးလိုက်တိုင်း အံကျဖြစ်နေပြီး သက်တောင့်သက်သာရှိတာကြောင့် လူကြိုက်များပါတယ်။

(၃) Adidas

Photo: Runners’ World

ဖိနပ်တွေအကြောင်းပြောရင် Adidas တံဆိပ်မပါလို့ မဖြစ်ပါဘူး။ ဂျာမန်အမှတ်တံဆိပ် Adidas ဟာ ကမ္ဘာပေါ်က Iconic အဖြစ်ဆုံး Running Shoes ထုတ်လုပ်သူတွေထဲက တစ်ခု ဖြစ်ပြီး ဆန်းသစ်တီထွင်မှုနဲ့ အသစ်ဖော်ထုတ်နိုင်စွမ်းတွေကြောင့် ဈေးကွက်မှာ အမြဲနေရာရပါတယ်။ တလောကပဲ Adidas ဟာ Boost Cushioning နည်းပညာတီထွင်ပြီး အားကစားစီး ဖိနပ်ဈေးကွက်ကို လှုပ်ခတ်စေခဲ့ပါတယ်။

(၄) Saucony

Photo: topofstyle

အမေရိကန်အမှတ်တံဆိပ် Saucony ဟာ အပြေးသမားစီး ဖိနပ်တွေ ဖန်တီးတဲ့ နှစ်ပေါင်း ၁၂၀ ကျော်ကြာ အတွေ့အကြုံရှိတဲ့ Brand တစ်ခု ဖြစ်ပါတယ်။ မူလလက်ဟောင်း အပြေးဖိနပ် တီထွင်သူတွေထဲက တစ်ခု ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေဆီက Jazz လိုမျိုး Retro Styles တွေကြောင့်လည်း ဒီအမှတ်တံဆိပ်ကို လူသိများကြပါတယ်။ Classic စတိုင်တွေအပြင် အခုနောက်ပိုင်းမှာ ကုမ္ပဏီရဲ့ မူပိုင် Midsole နည်းပညာပါဝင်တဲ့ နောက်ပေါ်ဖိနပ်ဒီဇိုင်းတွေလည်း ထုတ်လုပ်နေပါတယ်။

(၅) New Balance

Photo: Dmarge

အမျိုးသားဖက်ရှင်လောကမှာ New Balance ကလည်း နာမည်ကြီးပါတယ်။ ဘော်စတွန်က Sneaker အမှတ်တံဆိပ်ဖြစ်ပြီး အထူးထုတ်ထားတဲ့ ပရီမီယံ Running Shoes တွေကြောင့် ထင်ရှားပါတယ်။ New Balance က ထုတ်တဲ့ ဒီဇိုင်းတွေထဲမှာ FuelCell TC ၊ Fresh Foam 880 V10 နဲ့ Fresh Foam 1080 V10 တို့က နာမည်ကြီးပါတယ်။