Sneakers တွေမှာ မျိုးကွဲနာမည်အများကြီးရှိပါတယ်။ အသုံးချမှုနဲ့ ဒီဇိုင်းပေါ်လိုက်ပြီး Sneakers တွေကို Trainers ၊ Athletic Shoes ၊ Tennis Shoes ၊ Gym Shoes ၊ Kicks ၊ Sport Shoes ၊ Flat ၊ Running Shoes ၊ Skate Shoes ၊ Runners စသည်ဖြင့် ခေါ်ကြပါတယ်။ ဘယ်လိုပဲ ခေါ်ခေါ် Sneaker တွေဟာ နေ့စဉ်လူစီးအများဆုံး Casual Wear တစ်ခု ဖြစ်လာနေပါတယ်။

Sneakers မျိုးတွေထဲက အခုနောက်ပိုင်း ခေတ်စားလာတဲ့ Smart Sneaker တစ်မျိုးက Trainers တွေပါပဲ။ Trainers Sneaker ဖက်ရှင်ဟာ ခေတ်သစ်ဖက်ရှင်ဒီဇိုင်းမှာ လူကြိုက်များလာတဲ့ဒီဇိုင်းတစ်ခုဖြစ်တဲ့အတွက် Trainers တွေကို ခေတ်နဲ့အညီ စီးလို့ရမယ့်စတိုင်တချို့ မျှဝေပေးချင်ပါတယ်။

(၁) အဖြူဆွတ်ဆွတ်

Photo: Fashion Beans

Minimalist Style ကြိုက်ပြီး သန့်သန့်လေး နေချင်တဲ့သူအဖို့ Low-Top White Sneaker မျိုး ဝတ်ဖို့ အကြံပေးချင်ပါတယ်။ White Out လို့ ခေါ်တဲ့ အဖြူဆွတ်ဆွတ် Unicolor ဟာ လူငယ်ထုအတွင်းမှာ ခေတ်စားနေပါတယ်။ နာမည်ကြီး စမတ် Footwear ကုမ္ပဏီတွေကလည်း ပရီမီယံဆန်တဲ့ White Trainers တွေကို ထုတ်လာကြပါတယ်။

(၂) ကာလာအတောက်

Photo: Fashion Beans

Trainer Sneakers ကို Tennis Shoes လို့လည်း လူသိများပါတယ်။ အားကစားလုပ်သူတွေ အစီးများလို့လည်း ဖြစ်ပါတယ်။ White Trainers တွေက သပ်ရပ်ပြီး သားနားတဲ့ ခံစားမှု ပေးသလို အရောင်စုံပြီး ကာလာတောက်ပတဲ့ Block Colour နဲ့ Print တွေကလည်း မျက်စိကို ဆွဲဆောင်မှုရှိသလို တက်ကြွတဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ Block Colour တွေထဲမှာ အဖြူ ၊ အနီ ၊ အနက်လို ကာလာရိုးတွေ အပြင် အပြာ ၊ ခရမ်းနဲ့ အဝါလို ကာလာဆန်းတွေနဲ့လည်း ထွက်ပါတယ်။

(၃) ရာဘာ Gum Sole ဒီဇိုင်း

Photo: Fashion Beans

Gum Soles တွေက Indoor အားကစားလုပ်သူတွေ စီးဖို့ ထုတ်လာတာပါ။ ပလတ်စတစ် အောက်ခံ Soled ပြားသုံး ဖိနပ်တွေထက် ခြေကုပ်အား ပိုကောင်းပြီး ဒီဇိုင်းပိုင်းလည်း ပိုဆန်းသွားပါတယ်။ အောက်ခံ Gum Sole ဟာ ဝါကြန့်ကြန့် ရော်ဘာဒီဇိုင်းဖြစ်ပြီး အပေါ်က ဖိနပ်ကိုယ်ထည်ရဲ့ ကာလာအလှကို တမျိုးတစ်ဘာသာဆန်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။

(၄) Textural ဒီဇိုင်း

Photo: Fashion Beans

Trainers တွေဟာ အောက်ခံ Soles တွေအပြင် ဒီဇိုင်းဆန်းသစ်တာမဟုတ်ဘဲ အပေါ်ဘက်မှာလည်း ရဲရင့်ထူးခြားတဲ့ဒီဇိုင်းအပြောင်းအလဲသစ်ကို သုံးလာပါတယ်။ အခုနောက်ပိုင်းမှာ ချည်သားကွက်ဒီဇိုင်းဖောက်တာ ၊ လယ်သာသားရေဗြောင်ထားတာ ၊ ကင်းဗတ်စ်ကို ပန်းချီကားလို ကာလာဖောက်တာ စသည်ဖြင့် Texture ဒီဇိုင်းအစုံနဲ့ ထွက်လာပါတယ်။ Textural ပိုင်းမှာ ကုမ္ပဏီတွေ ကွန့်သလောက် ဒီဇိုင်းတွေက ထူးခြားဆန်းပြားနေတတ်ပါတယ်။

Featured Photo: Fashion Beans