ဘယ်လောက်ပဲ ခေတ်မီတိုးတက်နေပါစေ။ လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုရေးဖောက်ပြန်တဲ့ ကိစ္စတွေဆိုတာ ဘယ်လိုမှ လက်ခံလို့မရတဲ့ကိစ္စထဲမှာ ပါပါတယ်။ အချစ်ရေး ၊ အိမ်ထောင်ရေးမှာ ဗွေဖောက်တဲ့သူဆိုတာကလည်း နဖူးမှာ စာရေးထားတာမဟုတ်တော့ ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်နေမလားဆိုတာ တရားသေပြောလို့ရတာမျိုး မဟုတ်ပါဘူး။

ဒါပေမယ့်လည်း Ashley Madison နဲ့ ယူကေရဲ့ အကြီးဆုံး လက်ထပ်အောင်သွယ်ရေး Site တစ်ခုဖြစ်တဲ့ Illicit Encounters ဝက်ဘ်ဆိုက်တို့ပူးပေါင်းပြီး လေ့လာတဲ့ ဖောက်ပြန်နိုင်ခြေအများဆုံး ယောင်္ကျားအမျိုးအစားအကြောင်းက စိတ်ဝင်စားစရာပါ။ ကဲ ဘယ်လိုအမျိုးသားတွေက ဖောက်ပြန်နိုင်ခြေအများဆုံးစာရင်းမှာ ပါသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) အရပ်ရှည်တဲ့သူတွေ

Photo: NY Post

အရပ်ရှည်တဲ့ ယောင်္ကျားတွေဟာ ဆွဲဆောင်မှုပိုရှိကြတာ မှန်ပေမယ့် Illicit Encounters ရဲ့လေ့လာချက်မှာတော့ အရပ် ၅ ပေ ၁၀ လက်မနဲ့ အထက် အမျိုးသားတွေဟာ ပုံမှန်ထက် ကိုယ့်နောက်ကွယ်မှာ ခြေရှုပ်ဖို့ နှစ်ဆပိုပြီး အလားအလာများတယ်လို့ ဖော်ပြထားပါတယ်။

(၂) ရော့ခ်ဂီတချစ်သူတွေ

Photo: NY Post

သီချင်းအမျိုးအစား ကြိုက်တာနဲ့ပဲ လူတစ်ယောက် ဖောက်ပြန်နိုင်ခြေ များ/မများကို ခန့်မှန်းနိုင်တယ်ဆိုတာကတော့ ထူးဆန်းပါတယ်။ ဒါပေမယ့်လည်း ဖောက်ပြန်တတ်သူတွေရဲ့ ၄၁% ဟာ Rock Music ကို ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ကိုယ့်လက်တွဲဖော်အပေါ် သစ္စာပိုမြဲကြသူတွေကတော့ Rap Music ကို ပိုကြိုက်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

(၃) နည်းပညာသမားတွေ

Photo: NY Post

အိုင်တီသမား ရည်းစားရထားတဲ့ မိန်းကလေးတွေအတွက်လည်း Ashley Madison ရဲ့ စစ်တမ်းက စိုးရိမ်မကင်း ဖြစ်စေနိုင်ပါတယ်။ ဒီစစ်တမ်းအရ နည်းပညာနဲ့ အသက်မွေးနေတဲ့ ယောင်္ကျားတွေဟာ မယုံချင်စရာကောင်းတဲ့သူစာရင်းမှာ ပါနေလို့ ဖြစ်ပါတယ်။

(၄) ၉ ဂဏန်းဆုံးတဲ့ အသက်ပိုင်ရှင်တွေ

Photo: NY Post

အသက် ၁၉ ၊ ၂၉ ၊ ၃၉ စတဲ့ ၉ နဲ့ ဆုံးတဲ့ အသက်အရွယ်တွေဟာ စိတ်မချချင်စရာပိုကောင်းတယ်လို့ Proceedings of the Natural Academy of Sciences က ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ၉ ဂဏန်းဆုံး အသက်ပိုင်းခြားမှာ လူဟာ အရွယ်တစ်ခုကနေ ဆယ်စုနှစ်တစ်ခုဆီ ကူးပြောင်းဖို့ ပြင်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်နေစိတ်ထားကလည်း အပြောင်းအလဲတွေ များပြီး စိတ်ခံစားချက်မမှန် ဖြစ်တတ်လို့ ဖြစ်ပါတယ်။

(၅) ပြင်သစ်လူမျိုး

Photo: NY Post ပြင်သစ်သစ်တစ်ယောက်နဲ့ ချစ်သူဖြစ်တဲ့ မိန်းကလေးတွေအတွက် စိတ်မကောင်းစရာပါ။ Lelo လို့ ခေါ်တဲ့ Sex Brand တစ်ခုက လုပ်တဲ့ စစ်တမ်းအရ စစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့တဲ့ ပြင်သစ်လူမျိုးရဲ့ ၇၅% ဟာ ရှုပ်ပွေခဲ့ဖူးတယ်လို့ ဝန်ခံထားလို့ ဖြစ်ပါတယ်။

(၆) Twitter သုံးသူတွေ

Photo: NY Post

Twitter ဆိုတာ ကမ္ဘာအရပ်ရပ်က ရေပန်းစားသွားတဲ့ မျက်မှောက်သတင်းထူးတွေကြည့်ရှုနိုင်တဲ့ လူမှုကွန်ရက်ဖြစ်ပါတယ်။မစ်ဆိုရီတက္ကသိုလ်က လုပ်တဲ့ စစ်တမ်းအရ Twitter ပေါ်မှာ အချိန်ကုန်တာ များတဲ့သူတွေဟာ အချစ်ရေးမှာ မယုံကြည်ရတဲ့လူတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။