ဇိမ်ခံရှူးဖိနပ်အကောင်းစားများသည် သင့်ရဲ့ဖက်ရှင်ကို အများက ငေးမောအားကျလာအောင် ကူညီပေးနိုင်ပါတယ်။ စီးရတာလည်း သက်သောင့်သက်သာဖြစ်ပြီး ခြေထောက်ပေါက်တာမျိုးလည်း ကြုံတောင့်ကြုံခဲလှပါတယ်။
သင့်အနေနဲ့ နာမည်ကြီးတံဆိပ်များ၊ ဇိမ်ခံရှူးဖိနပ်အကောင်းစားတွေကိုမှ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖိနပ်များကို ဝတ်ဆင်နိုင်ပါတယ်။
Cheaney

Cheaney ဖိနပ်တံဆိပ်များသည် ၁၈၀၀ နှောင်းပိုင်းခုနှစ်များတွင် စတင်ပေါ်ပေါက်လာတဲ့ အင်္ဂလိပ်ဖိနပ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ထိုဖိနပ်တံဆိပ်သည် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းတွင် Queen’s Award ဆုတံဆိပ်ရရှိပိုင်ဆိုင်ထားပါတယ်။
John Lobb

John Lobb ဖိနပ်တံဆိပ်သည် မိသားစုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျိုးဆက် ငါးဆက်ခန့် လုပ်ကိုင်ခဲ့ကြတဲ့ အောင်မြင်သောဖိနပ်လုပ်ငန်းတစ်ခုပါ။ သူ့ရဲ့ဒီဇိုင်းနဲ့ သက်သောင့်သက်သာဖြစ်မှုကိုလည်း ဝယ်ယူသူများက ကြိုက်နှစ်သက်ကြပါတယ်။ ၁၉၇၀ ခုနှစ်တွင်တော့ Hermes ပြင်သစ်ကုမ္ပဏီက ဝယ်ယူခဲ့ပေမယ့် John Lobb ဆိုတဲ့ မိသားစုနာမည်အတိုင်းပဲ ဆက်လက်ရောင်းချလျက်ရှိပါတယ်။
Church’s

Thomas Church နှင့် သူ၏ သားသုံးယောက်က ၁၈၇၃ ခုနှစ်တွင် စတင်တည်ထောက်ခဲ့တာဖြစ်ပြီး ၁၉၉၀ ခုနှစ်များမှစ၍ ကုမ္ပဏီရဲ့ ၈၃ ရာခိုင်နှုန်းကို Prada ကလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဆိုင်ခွဲများကို အမြောက်အမြား ချဲ့ထွင်ခဲ့ပြီး သူ့ရဲ့အရည်အသွေးကလည်း ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ပါတယ်။
Tricker’s

၁၈၂၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Great Britain တွင် သက်တမ်းအရင့်ဆုံးဖိနပ်တံဆိပ်တစ်ခုပြြဖ်စပါတယ်။
Yuketen



ဒီဖိနပ်တံဆိပ်ကိုတော့ ၁၉၈၅ ခုနှစ်တွင် Yuki Matsuda သည် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ချုပ်ဂျပန်ဖိနပ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ အရည်အသွေးကောင်းလွန်းလှတဲ့အတွက်ကြောင့် အခြားသောတံဆိပ်များနှင့် ရင်ဘောင်တန်းကာ ဈေးကွက်ထဲတွင်နေရာ ရထားတဲ့ဖိနပ်တံဆိပ်တစ်ခုပါ။
George Cleverley



ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ Alexander McQueen အစ David Beckham ၊ Ralph Lauren တို့အဆုံး အကြိုက်တွေ့ကြတဲ့ George Cleverley ဖိနပ်သည် ဖိနပ်ဒီဇိုင်းမျိုးစုံကို ထုတ်လုပ်ရောင်းချနေပြီး မိမိစိတ်တိုင်းကျ အော်ဒါမှာချုပ်မယ်ဆိုရင်တော့ ၆ လအထိ စောင့်ရတဲ့နာမည်ကြီးဖိနပ်တံဆိပ်တစ်ခုပါ။
Grenson


Grenson ဖိနပ်ဆိုရင်လည်း နာမည်တစ်လုံးတည်းနဲ့ ရပ်တည်နေတာ အခုဆိုရင် နှစ်ပေါင်း ၁၅၀ ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။
Christian Louboutin


ဒီဖိနပ်တံဆိပ်သည်လည်း အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေး၊ လူကြီး အရွယ်စုံ ဆိုဒ်စုံဝတ်ဆင်နိုင်တဲ့ နာမည်ကြီးဖိနပ်တံဆိပ်တစ်ခုပါ။
Gucci


အီတလီသားရေသားဖြင့် ချုပ်လုပ်ထားတဲ့အတွက်ကြောင့် အကြမ်းလည်းခံပြီး ဖက်ရှင်လည်းကျပါတယ်။ ဇိမ်ခံပစ္စည်းအကောင်းစားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် Gucci သည်လည်း ဝယ်ယူသင့်တဲ့ဖိနပ်တံဆိပ်တစ်ခုဖြစ်ပါတယ်။
Source: Apetogentleman.com

