ကိုယ်ကြွေနေတဲ့ ကောင်မလေးနဲ့ ပထမဆုံးချိန်းတွေ့တဲ့ First Date တိုင်းက စိတ်ဖိစီးမှုများတတ်ကြပါတယ်။ ကိုယ့်အပေါ် ကောင်မလေးရဲ့ Impression ကောင်းဖို့ လုပ်ရတာလည်း မနည်းဘူးမဟုတ်လား။ ဒီထဲမှာ မမေ့သင့်တာတစ်ခုက First Date ဖက်ရှင်ပါပဲ။ ကိုယ့်ချစ်သူနဲ့ First Date မှာ ဘယ်လိုဖက်ရှင်ဝတ်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ကွီးတို့အတွက် အကြံလေးပေးချင်ပါတယ်။

(၁) ကြောင်ကျားကျား T-Shirt တွေ မဝတ်နဲ့

Photo: Fashion Beans

အူကြောင်ကြောင် Slogan စာသားတွေနဲ့ ဓါတ်ပုံတွေ ပါတဲ့ တီရှပ်မျိုး ဝတ်တာ သင့်ရဲ့ ဖက်ရှင်ရော သင့်အပေါ် လူတွေရဲ့ Impression ပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝတ်သွားတဲ့ အဝတ်အစားပေါ်က စာသားနဲ့ ဂရပ်ဖစ်တွေကို ဂရုစိုက်ပါ။ First Date မှာ ဝတ်သင့်တဲ့ဖက်ရှင်တွေကတော့ Slogan ပါ ဂရပ်ဖစ်တီရှပ်တွေအစား မိုးပြာနုရောင် ၊ အဖြူရောင်လိုမျိုး ကာလာခပ်ဖျော့ဖျော့ရှပ်လက်ရှည် ဝတ်သွားသင့်ပါတယ်။ Casual ဆန်လွန်းတာ Smart ဆန်လွန်းတာတွေကိုလည်း First Date မှာ ရှောင်ကြဉ်သင့်ပါတယ်။

(၂) ခြေအိတ်မပါဘဲ ဖိနပ်မစီးပါနဲ့

Photo: Fashion Beans

Sockless စတိုင်တွေ ခေတ်စားတာ မှန်ပေမယ့် First Date မှာ Sockless နဲ့ မသွားသင့်ပါဘူး။ ခြေအိတ်မပါဘဲ Shoes စီးတာ ရုပ်ဆိုးသလို ခြေထောက်အနံ့ဆိုးတွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ စီးတဲ့ဖိနပ်ပေါ် မူတည်ပြီး ခြေအိတ်အရောင်နဲ့ အမျိုးအစား ရွေးဖို့ လိုပါတယ်။ Brogue Shoes တွေဆို အရောင်တောက်တဲ့ခြေအိတ်တွေ ဝတ်နိုင်ပြီး Trainer Shoe နဲ့ဆို ခြေကျင်းဝတ်အထိ ရောက်တဲ့ Tube Socks မျိုး သုံးသင့်ပါတယ်။ ခြေဆံလက်ဆံရှည်တယ်ထင်ရအောင် ခြေအိတ်အရောင်နဲ့ ဘောင်းဘီအရောင်ချင်း တူတာ ဝတ်သင့်ပါတယ်။

(၃) Suit ဝတ်မသွားပါနဲ့

Photo: Fashion Beans

အလုပ်အင်တာဗျူးမှာ ဝတ်တဲ့ Suit နဲ့ First Date ကို မသွားပါနဲ့လို့ ပြောချင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို ကောင်မလေးနဲ့ ပထမဆုံးတွေ့မယ့်အချိန်မှာ Smart ဆန်လွန်းတဲ့ဖက်ရှင်နဲ့ Casual ဖြစ်လွန်းတဲ့ ဖက်ရှင်‌တွေ ရှောင်ကြဉ်ဖို့ လိုပါတယ်။ ပေါ့ပါးပြီး သပ်ရပ်တဲ့ Smart T-Shirt တစ်ထည် ဒါမှမဟုတ် အပေါ့စား Lightweight လည်ဝိုက် Sweater ပါးကို Trainers သန့်သန့်လေးနဲ့ တွဲစီးသင့်ပါတယ်။

(၄) Aftershave တွေ အများကြီး မသုံးနဲ့

Photo: Fashion Beans

မုတ်ဆိတ်ရိတ်ပြီးနောက် သုံးတဲ့ Aftershave တွေက Skin Recover အတွက် အသုံးတည့်တဲ့ Accessory ဆိုပေမယ့် Date Night မှာ အများကြီး မသုံးဖို့တော့ လိုပါတယ်။ Aftershave တွေ အများကြီးသုံးတာဟာ အနံ့အီလွန်းလို့ သက်တောင့်သက်သာမရှိပါဘူး။ ရေမွှေးသင်းသင်းလေးကို လက်ကောက်ဝတ်နဲ့ လက်မောင်းနားမှာ နည်းနည်းလေး သုံးရင် အဆင်ပြေပါတယ်။

Featured Photo: AskMen