အလုပ်ရဖို့အတွက် အင်တာဗျူးမှာ ဖြေဆိုတဲ့ပုံက သိပ်အရေးကြီးပါတယ်။ အင်တာဗျူးဖြေရာမှာ သင့်ရဲ့ပုံစံ ၊ အပြောအဆိုနဲ့ အပြုအမူတွေက အလုပ်ရ/မရ မေးခွန်းအတွက် အဖြေဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူတွေ့အင်တာဗျူးတွေမှာ သတိထားသင့်တဲ့ Body Language တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Eye Contact

Photo: Unsplash

Body Language တွေထဲမှာ အရေးအကြီးဆုံးက မျက်လုံးအကြည့်တွေပါပဲ။ အကြည့်တွေဟာ လူရဲ့စိတ်နေသဘောထား ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စရိုက်ကို လှစ်ဟပြနေတတ်ပါတယ်။ အလုပ်အင်တာဗျူးချိန်မှာ သင့်ကို အင်တာဗျူးသူကို ယုံကြည်မှုအပြည့်ပါတဲ့ Eye Contact နဲ့ ကြည့်ပါ။ လူကို တည့်တည့်မကြည့်ဘဲ စားပွဲခုံကို ကြည့်တာ ၊ ဘေးဘက်ကို အကြည့်လွှဲတာမျိုး ရှောင်ပါ။

(၂) Smile

Photo: Unsplash

နွေးထွေးပြီး ရင်းနှီးဖော်ရွေတဲ့အပြုံးတစ်ချက်ဟာ သင့်ကို လူတွေ ပိုပြီး ခင်မင်သဘောကျစေနိုင်စွမ်း ရှိပါတယ်။ ထိရောက်တဲ့အပြုံးတွေဟာ အလုပ်အင်တာဗျူးမှာမှ မဟုတ်ပါဘူး။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာလည်း သိပ်တာသွားပါတယ်။ ရိုးသားတဲ့စိတ်စေတနာနဲ့ ရင်ထဲက လာတဲ့ Inner Smile ဖြစ်ဖို့တော့ လိုပါတယ်။ ဟန်လုပ်ပြီး ပြုံးတာမျိုးမှာ အသက်ဓါတ်မပါလို့ ဘယ်သူမဆို အတုအယောင်မှန်း တန်းသိနိုင်ပါတယ်။

(၃) Open Gestures

Photo: Unsplash

Open Gestures ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ဖက်ပိတ်မနေတဲ့ အပြုအမူပါပဲ။ လူမှုဆက်ဆံရေးမှာ တစ်ဖက်လူရဲ့ အမြင်ကို နားထောင်ဖို့ အသင့်ပြင်ထားတဲ့ အပြုအမူမျိုး ၊ တစ်ဖက်သားကို စာနာမှုပါပြီး လမ်းဖွင့်ထားတဲ့ ဆက်ဆံရေးမျိုး ၊ တစ်ခြားသူကို ကိုယ့်ရှေ့မှာ သက်တောင့်သက်သာ ရှိပါစေဆိုတဲ့ စေတနာမျိုး ဦးစီးတဲ့ အနေအထားပါ။ အင်တာဗျူးမှာ လက်ပိုက်ထားတာမျိုးက တစ်ဖက်လူအမြင်ကို နားမထောင်ချင်ဘူးဆိုပြီး ပိတ်ထားတဲ့ Close Gestures ပုံစံဖြစ်ပါတယ်။

(၄) Stillness

Photo: Ladders

လိုအပ်တဲ့အခါ ဘာအသံမှ မထွက်တာဟာလည်း စွမ်းအားတစ်ခုပါပဲ။ ဒါကို Stillness လို့ ခေါ်ကြပါတယ်။ တစ်ဖက်က ပြောနေချိန်မှာ ကိုယ်အမူအယာ နှုတ်အမူအယာ လေးစားသမှုနဲ့ ငြိမ်သက်ပေးနေတာမျိုး ဖြစ်ပါတယ်။ အင်တာဗျူးချိန်မှာ မျက်နှာပွတ်တာ ၊ ခေါင်းကုတ်တာ ၊ ဒူးနန့်တာမျိုးဟာ ဣ‌န္ဒြေမရှိ တည်ကြည်မှုမရှိတဲ့အပြုအမူဖြစ်သလို အာရုံစိုက်မှု နည်းတဲ့လက္ခဏာလည်း ဖြစ်ပါတယ်။

Featured Photo: Ladders