အမျိုးသားအများစုဟာ မိမိတို့ရဲ့ဖက်ဆောင်အသုံးအဆောင်တွေကို ကောင်းစွာထိန်းသိမ်းဖို့မေ့လျော့တက်ကြပါတယ်။ တချို့ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစား အသုံးအဆောင်တွေကို သေချာသိမ်းဆည်းမှုမရှိရင် ပျက်စီးသွားမှာပါ။ ဒီတော့ ကိုယ်ဝယ်ထားတဲ့ အဝတ်အစားတွေ ဘယ်လို ကောင်းကောင်းမွန်မွန် သိမ်းရမလဲ အတွေးခက်နေရင် အခုပြောမယ့် အချက်ကလေးတွေက အကူအညီ ဖြစ်ပါလိမ့်မယ်။

(၁) ချိတ်နှင့်လှမ်းထားရမယ့် အဝတ်အစားများ

Photo : MakeSpace

Formal Wear တွေ ဖြစ်တဲ့ Suits တို့ ရှပ်နဲ့ Pants တွေက ကျွန်တော်တို့ နေ့တိုင်း ဝတ်ဖြစ်တဲ့ ဝတ်စုံတွေ မဟုတ်ပါဘူး။ Suit တွေကို Garment Bag တစ်ခုနဲ့ ထုတ်ပြီး ချိတ်ထားသင့်ပါတယ်။ တန်ဖိုးကြီး ပွဲတက်ဝတ်စုံတွေကို ချိတ်မှာ ချိတ်ပြီး ဖုန်မတင်အောင် ဗီရိုမှာ ထည့်သိမ်းသင့်ပါတယ်။

(၁) ခေါက်သိမ်းရမယ့် အဝတ်အစားများ

Photo : The Spruce

တစ်ချို့အဝတ်အစားတွေက ဗီရိုထဲမှာ ခေါက်သိမ်းထားရမယ့် အဝတ်အစားတွေပါ။ ဆွယ်တာတွေဆိုရင် အင်္ကျီချိတ်မှာ ချိတ်ထားရင် ကျယ်လာပြီး ပုခုံးပုံကျ ပျက်သွားတတ်ပါတယ်။ အဲဒီလို ဆွယ်တာတွေ ၊ ဝါချည်နဲ့ ရက်ထားတဲ့ အင်္ကျီတွေဆိုရင် မီးပူထိုးပြီး ခေါက်သိမ်းထားတာ အမှန်ဆုံးပါပဲ။

(၃) ဂျာကင်များ

Photo : Greenway Furniture

ဆောင်းတွင်းဝတ် အနွေးထည် ဂျာကင်နဲ့ ကုတ်အကြီးတွေကို ပလတ်စတစ် ဒါမှမဟုတ် သစ်သားချိတ်မှာ ချိတ်ထားသင့်ပါတယ်။ ဆွယ်တာတွေ ၊ ရှပ်အင်္ကျီထည်တွေ နဲ့ ဘောင်းဘီတွေကိုတော့ သေသေချာချာ ခေါက်သိမ်းသင့်ပါတယ်။ ဂျာကင်တွေ သိမ်းချိန်မှာ လုံးဝခြောက်သွေ့မှ သိမ်းသင့်ပြီး ဇစ်တွေအကုန် ပိတ်ပြီးမှ သိမ်းသင့်ပါတယ်။

(၄) ဖိနပ်နဲ့ အသုံးအဆောင်များ

Photo : Houzz

Shoes တွေ Sneaker တွေကို အထူးသဖြင့် လယ်သာရှုးစ်တွေကို တိုက်ရိုက်နေရောင်ခြည်အောက်မှာ မထားသင့်ပါဘူး။ ဖိနပ်တွေ ရေစိုနေရင်လည်း သဘာဝအတိုင်း လေနဲ့ နေနဲ့ သလပ်ပြီး အခြောက်ခံရမှာပါ။ လုံးဝ ခြောက်ပြီ ဆိုရင်တော့ သီးသန့်ဖိနပ်စင်မှာ တင်ထားနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Wayne Lowe