ကွန်ပြူတာ/လက်ပ်တော့ အသုံးပြုရတဲ့ ရုံးသမား ၊ ကျောင်းသားတွေ အမေးများဆုံး မေးခွန်းက ဘက်ထရီသက်တမ်းကြာရှည်ခံအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ကွန်ပြူတာ/လက်ပ်တော့တွေ အများစုကလည်း အချိန်ကြာကြာအားမခံတာ ၊ သုံးနေရင်းစက်ပိတ်သွားတာ စသည်ဖြင့် ဘက်ထရီနဲ့ ပတ်သတ်တဲ့ Error အများဆုံးဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ ကဲဒါဆို လက်ပ်တော့တစ်လုံးကို ဝယ်လာတဲ့အချိန်ကစပြီး နောက်နှစ်တွေအကြာကြီးအထိ ဘက်ထရီသက်တမ်း ကြာရှည်ခံအောင်သုံးနိုင်ဖို့ ကွီးတို့ သိထားရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Battery saver mode ဖွင့်ထားပါ

Photo : TechEngage

လက်ပ်တော့အသုံးပြုတဲ့အခါ Battery saver mode ကို On ထားတာဟာ ဘက်ထရီချွေတာရာရောက်သလို လက်ပ်တော့ရဲ့ ဘက်ထရီ သက်တမ်းကိုလည်းတိုးစေမှာ ဖြစ်ပါတယ်။ ဓာတ်ပုံပြင်ခြင်း သို့မဟုတ် ဗီဒီယိုများ တည်းဖြတ်ခြင်း ကဲ့သို့ ဘက်ထရီပါဝါများများ မလိုတဲ့ ပုံမှန် ရုံးသုံးကျောင်းသုံး software တွေသုံးတာဆိုရင်တော့ Battery saver mode ကို ဖွင့်ထားဖို့ အကြံပြုချင်ပါတယ်။

(၂) အသုံးမပြုတဲ့ ပလတ်တွေဖြုတ်ထားပါ

Photo : PCMag

သင့်လက်တော့မှာ လက်တလောအသုံးမပြုသေးပဲ External Harddisk ၊ Webcam နဲ့ တခြား USB ကြိုးတွေ ထိုးထားတာမျိုး မလုပ်ဖို့ အမေရိကန်နည်းပညာ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ PCMag က အကြံပြုထားပါတယ်။ ဒီလို အသုံးမပြုသေးပဲ ပလတ်တွေတက်ထားဟာ ဘက်ထရီကို အချိန်တိုအတွင်း အားကုန်မြန်စေမှာဖြစ်ပြီး အကြောင်းမဲ့သက်သက် ဘက်ထရီအားကို ဖြုန်းတီးပစ်ရာရောက်စေပါတယ်။

(၃) အားသွင်းကြိုးတပ်ပြီးမသုံးပါနဲ့

Photo : Máy Tính Vui

အများစုလုပ်မိတဲ့ အမှားတစ်ခုက လက်ပ်တော့ကို အားသွင်းကြိုးတောက်လျောက်တပ်ပြီး အသုံးပြုတာဖြစ်ပါတယ်။ ဒီလိုလက်ပ်တော့ကို အားသွင်းကြိုးတပ်ပြီးအသုံးပြုတာဟာ ဘက်ထရီကို အားဝင်မှုနှုန်းကြာစေပြီး ဘက်ထရီသက်တမ်းကိုလည်း တိုစေမှာဖြစ်ပါတယ်။ ဘက်ထရီရာခိုင်နှုန်း ၂၀ အောက်မခင်မှာ အားပြန်သွင်းထားတာက အကောင်းဆုံးဖြစ်ပါတယ်။

(၄) ပူနေရာတွေ မှာမထားပါနဲ့

Photo : House Beautiful

အပူချိန်လွန်ကဲတဲ့နေရောင်ခြည်တိုက်ရိုက်ကျရောက်တဲ့နေရာမျိုးတွေမှာ သင့်လက်ပ်တော့ကို မထားမိဖို့ အကြံပြုချင်ပါတယ်။ လက်ပ်တော့တွေက ပတ်ဝန်းကျင်အပူချိန်ပေါ်လိုက်ပြီး အလုပ်ပိုလုပ်ရတဲ့အတွက် ဘက်ထရီကို ပိုပြီး မြန်မြန်စေမှာဖြစ်ပါတယ်။ နောက်ပြီး နေရောင်တိုက်ရိုက်ထိတဲ့အခါ ပူပြီး ဘက်ထရီဖောင်းလာတာမျိုး ၊ ဘက်ထရီသက်တမ်းတိုစေတာမျိုးတွေဖြစ်တက်ပါတယ်။

(၅) Screen Brightness လျော့သုံးပါ

Photo : MakeUseOf

တကယ်တော့ လက်ပ်တော့သုံးတဲ့အခါ Screen ရဲ့ အလင်းအဆုံးထိတင်ပြီး သုံးဖို့ မလိုအပ်ပါဘူး။ အမိုးအကာမရှိတဲ့ အိမ်အပြင်ဘက်နေရာတွေ Screen ကိုကောင်းကောင်းမြင်ရဖို့ခက်တဲ့အချိန်တွေမှာပဲ brightness ကိုတင်သုံးသင့်ပြီး ပုံမှန်သုံးမယ်ဆိုရင်တော့ တက်နိုင်သလောက် Screen brightness လျော့သုံးဖို့ အကြံပြုချင်ပါတယ်။ Screen brightness လျော့သုံးတာဟာ ဘက်ထရီသက်တမ်းကိုတိုးစေပြီး မျက်လုံးကျန်းမာရေးအတွက်လည်း ကာကွယ်ရာရောက်စေပါတယ်။

Featured Photo : Computer Troubleshooters