ဖိနပ်အရောင်နှင့် ဖိနပ်ဒီဇိုင်းများ အမျိုးမျိုးရှိတဲ့အနက် အဖြူရောင် Sneakers ဒီဇိုင်းများကို ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် ကွာလတီကောင်းပြီး လူကြိုက်များတဲ့ အဖြူရောင် Sneakers များကို ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင် Sneakers များသည် အပေမခံတဲ့အတွက်ကြောင့် မိုးရာသီထက်စာရင် ဆောင်းရာသီမှာ ဦးစားပေးဝတ်ဆင်သင့်ပါတယ်။

Adidas Continental 80

Adidas ကတော့ Sneakers သမားများအတွက် နံပါတ်တစ်ရွေးချယ်မှုအများဆုံးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၆၀ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။

Vans

ဒီ Sneakers ကတော့ ၆၅ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။

Reebok Club C 85 Vintage

Reebok မှ Reebok ဆိုသူများအတွက်တော့ ၇၅ ဒေါ်လာတန်ဖိုးရှိတဲ့ Club C Vintage အမျိုးအစားသည် ဂျင်းဘောင်းဘိပွပွနဲ့ လိုက်ဖက်ပါတယ်။

Converse Chuck Taylor All-Star 70s

ပေါ့ပါးခိုင်ခံ့တဲ့ဒီဇိုင်းကို နှစ်သက်သူများအတွက်တော့ ၈၅ ဒေါ်လာတန်ဖိုးရှိတဲ့ Converse ကို ရွေးချယ်နိုင်ပါတယ်။

Adidas Original Stan Smith

ဒီဒီဇိုင်းကိုတော့ တင်းနစ်အကျော်အမော်တစ်ဦးဖြစ်သည် Stan Smith သည် ၁၉၇၃ ခုနှစ်တွင် ပထမဆုံးစတင်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဈေးကွက်ထဲမှာ တော်တော်လူကြိုက်များနေပါပြီ။ သူ့ကိုတော့ ၈၅ ဒေါ်လာပေးဝယ်ရပါလိမ့်မယ်။

New Republic

သေသပ်ခန့်ညားတဲ့ New Republic ရဲ့တန်ဖိုးကတော့ ၈၈.၂၀ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။

Nike Air Force 1

မြန်မာနိုင်ငံတွင် Adidas နဲ့ အပြိုင် လူကြိုက်များနေတဲ့ Sneakers ဖိနပ်တံဆိပ်ကတော့ Nike ပဲဖြစ်ပါတယ်။ ဒီပုံထဲက ဒီဇိုင်းမျိုးကတော့ ဒေါ်လာ ၉၀ ပေးဝယ်ရပါလိမ့်မယ်။

Nike Blazer Low X

မည်သည့်ဘောင်းဘီအမျိုးအစားနဲ့မဆို လိုက်ဖက်မှုရှိတဲ့ ဒီဖိနပ်ဒီဇိုင်းကတော့ ၉၅ ဒေါ်လာတန်ဖိုးရှိပါတယ်။

Common Project’s Achilles Low

ဈေးအကြီးတကာ့အကြီးဆုံးကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဒေါ်လာ ၄၁၀ တန်ဖိုးရှိတဲ့ Common Project ကို ရွေးချယ်နိုင်ပါသေးတယ်။

Source: Onpointfresh.com

Featured Image Source: Lindsaysilberman.com