ဂေါက်ရိုက်ကစားနည်းဟာ သူဌေးတွေရဲ့ ချွေးမထွက်တဲ့ကစားနည်းထဲက တစ်ခုအဖြစ် ဆိုစမှတ်ရှိပါတယ်။ တကယ်တော့ Golf ကစားနည်းဟာ အရာရှိ အရာခံနဲ့ သန်းကြွယ်သူဌေးတွေအကြားမှာ ခေတ်စားပြီး သားသားနားနား ကစားရတဲ့ ဖက်ရှင် Sports တစ်မျိုးလည်း ဖြစ်ပါတယ်။ Golf ကစားနည်းဟာ အားကစားအနေနဲ့ ထူးခြားသလို ဂေါက်ရိုက်ကြတဲ့ Golfer တွေကလည်း ဆွဲဆောင်မှုရှိတဲ့ အားကစားသမားတွေအဖြစ် အသိအမှတ်ပြုကြရပါတယ်။ ဒီတစ်ခေါက်မှာ ၂၀၂၁ အတွက် ရုပ်အချောဆုံးလို့ သတ်မှတ်ခံရတဲ့ Golfer တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အဒမ် စကော့တ်

Photo: Southampton Golf Club အဒမ်စကော့တ်ကို Southampton Golf Club ဝက်ဘ်ဆိုက်က အချောဆုံး Golfer အဖြစ် ဖော်ပြထားပါတယ်။ ဩစတြေးလျနိုင်ငံဖွား ဒီ Golfer ဟာ PGA Tour မှာ ၁၄ ကြိမ် အနိုင်ရထားသူလည်း ဖြစ်ပါတယ်။ အဒမ်စကော့တ်ဟာ ၂၀၁၄ မှာ မာရီ ကွိုင်ဇာဆိုသူ ဗိသုကာပညာရှင်နဲ့ လက်ထပ်ထားပါတယ်။

(၂) ဘရွတ်ခ် ကိုးပ်ကာ

Photo: Southampton Golf Club အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဘရွတ်ခ် ကိုးပ်ကာကတော့ အိမ်ထောင်မရှိ လူလွတ်ဖြစ်ပြီး ရုပ်ရှင်မင်းသမီး ဂျီနာဆင်းမ်စ်နဲ့ တွဲနေပါတယ်။ ဘရွတ်ခ်ဟာ အမျိုးသမီးပရိသတ်တွေ အသည်းစွဲအား‌ပေးတဲ့ ဂေါက်ရိုက်သမားလည်း ဖြစ်ပါတယ်။ ဂေါက်ကစားနည်းမှာ ကမ္ဘာ့အဆင့် ၇ စွဲသူလည်း ဖြစ်ပါတယ်။

(၃) ဒက်စတင် ဂျွန်ဆင်

Photo: Southampton Golf Club

အမေရိကန်နိုင်ငံသား အိမ်ထောင်သည် ဒက်စတင် ဂျွန်ဆင်ကို Southampton Golf Club ဝက်ဘ်ဆိုက်က တတိယရုပ်အဖြောင့်ဆုံး Golfer အဖြစ် ဖော်ပြထားပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျွန်ဆင်ဟာ လက်ရှိ ကမ္ဘာ့အဆင့် ၂ အဖြစ် စပိန်ဂေါက်ရိုက်သမား ဂျွန်ရမ်းရဲ့ နောက်မှာ ရပ်တည်နေပါတယ်။

(၄) ဘရိုင်ဆင် ဒီချမ်ဘူး

Photo: Southampton Golf Club

လက်ရှိမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက် ဖြစ်တဲ့ ဘရိုင်ဆင် ဒီချမ်ဘူးဟာ အသက် ၂၈ နှစ်ပဲ ရှိသေးသူ ဖြစ်ပြီး PGA Tour ၈ ကြိမ် အနိုင်ရထားပါတယ်။ သူနဲ့ တွဲနေတဲ့ ဆိုဖီယာ ဖာလန် ဘာတိုလာမီကလည်း ရုပ်ချောသလောက် လာဘ်မြင်တဲ့ စီးပွားရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။

(၅) ဂျော်ဒန် စပိဒ်

Photo: Southampton Golf Club

အသက် ၂၈ နှစ်အရွယ် ဂျော်ဒန် စပိဒ်ဟာ အရွယ်ကောင်းတဲ့ တက်လူအရွယ် ဖြစ်ပြီး ပြိုင်ပွဲပေါင်း ၁၂ ပွဲမှာ အနိုင်ရထားတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ အိမ်ထောင်သည်တစ်ဦးဖြစ်တဲ့ ဂျော်ဒန် စပိဒ်ဟာ အထက်တန်းကျောင်းတုန်းက ငယ်ချစ်ဖြစ်တဲ့ အန်းနီ ဗားရက်ဆိုသူနဲ့ လက်ထပ်ထားပါတယ်။ ဂျော်ဒန် စပိဒ်ဟာ ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ Golfer လည်း ဖြစ်ပါတယ်။

Featured Photo: PGA Tour