အင်္ဂလန် ကလပ်အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်းသာ Treble (ပရီးမီးယားလိဂ်ဖလား+ချန်ပီယံလိဂ်ဖလား+အက်ဖ်အေဖလား) ကို ပိုင်ဆိုင်နိုင်ခဲ့ဖူးတာဖြစ်ပြီး အခုဆိုရင်တော့ သူတို့ရဲ့ မြို့ခံကလပ်အသင်း မန်စီးတီးက ယူနိုက်တက်တို့ရဲ့ သမိုင်းဝင် အောင်မြင်မှုအတိုင်း အလားတူ လုပ်ဆောင်နိုင်ဖို့ အလွန် အခြေအနေ ကောင်းနေပါတယ်။

Photo Credit : Sky Sports

မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နောက်ကနေ ထပ်ချပ်မကွာ လိုက်လံ ဖိအားပေးရင်းနဲ့ နောက်ဆုံးမှာ အာဆင်နယ်ကိုပါ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၃)နှစ်ဆက်တိုက်အထိ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ အခုလို (၃)နှစ်ဆက်တိုက်အထိ ဖလား ရဖူးထားတာကလည်း ယူနိုက်တက် တစ်သင်းတည်းသာ ရှိထားပြီး အခု စီးတီးက ယူနိုက်တက်ရဲ့ စံချိန်တစ်ခုကို အမီလိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ် ပြီးသွားတော့ အက်ဖ်အေဖလား။ အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မန်ချက်စတာနှစ်သင်း တွေ့နေခဲ့ပြန်ပါတယ်။ စီးတီးရဲ့ Treble အိမ်မက်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ယူနိုက်တက်မှာ အခွင့်အရေး ရှိခဲ့ပေမယ့် စီးတီးလို အသင်းကောင်းတစ်သင်းကို ယှဉ်ကစားနိုင်ခြင်း မရှိပဲ အရှုံးပေးလိုက်ရပါတယ်။ အခုဆိုရင်တော့ မန်စီးတီးက Treble Champions ဖြစ်လာဖို့အတွက် ချန်ပီယံလိဂ်ဖလား တစ်လုံးတည်းသာ ကျန်ရှိနေပါတော့တယ်။

Photo Credit : Paramount

Treble ဖြစ်ဖို့အတွက် တစ်ခုတည်းသော လိုအပ်နေတဲ့ ချန်ပီယံလိဂ်ဖလားက မန်စီးတီးအသင်းအတွက် အလိုအပ်ဆုံး ဖလား ဖြစ်နေသလို ပက်ပ် ဂွာဒီယိုလာ စီးတီးအတွက် ယူဆောင်အပေးချင်းဆုံး ဖလား ဖြစ်နေတာကြောင့် တကယ်လို့ ဒီတစ်ကြိမ်မှာသာ စီးတီးက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်လာမယ်ဆိုရင် အသင်း သမိုင်းတစ်လျှေုာက် ပထမဆုံး ချန်ပီယံလိဂ်ဖလား အင်္ဂလန်မှာ ယူနိုက်တက်နဲ့အတူ Treble Champions ဖြစ်လာခဲ့တဲ့ ဒုတိယမြောက်အသင်း အစရှိတဲ့ သမိုင်းဝင် ခမ်းခမ်းနားနား အောင်မြင်မှုတွေကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Featured Photo : Manchester City Twitter