ဖုန်းမြန်မြန်အားပြည့်ချင်ရင် အခုပြောမယ့်အချက်လေးတွေ လုပ်ကြည့်ပါ။

(၁) Wireless Charging မသုံးနဲ့

Photo: Bright Side

Wireless Charging သုံးတာ လန်းတော့ လန်းတယ်။ ဒါပေမယ့် ပုံမှန် ကြိုးနဲ့ အားသွင်းတာထက် နှစ်ဆနှေးပါတယ်။ မြန်မြန် အားပြည့်ချင်ရင် Charging Cable နဲ့ တိုက်ရိုက်အားသွင်းပါ။ အားသွင်းကြိုးကိုလည်း အားအမြန်သွင်းနိုင်တဲ့ Fast Charger ကြိုးနဲ့ သွင်းပါ။

(၂) Power Saving Mode ဖွင့်ပါ

Photo: Bright Side

ဖုန်းအားသွင်းချိန် အမြန်အားဝင်အောင် Power-Saving Mode ဖွင့်ပြီး အားသွင်းပါ။ ဒီလို လုပ်တာက Screen Brightness ၊ CPU လုပ်ဆောင်ချက် နဲ့ ဒေတာအသုံးပြုမှုကို လျှော့ချပေးနိုင်လို့ အားအမြန်ဝင်အောင် ကူညီနိုင်ပါတယ်။

(၃) ဘက်ထရီစားတဲ့ App တွေ ပိတ်ပါ

Photo: Bright Side

Background မှာ ကိုယ်မသိဘဲ Run နေတဲ့ App တွေရှိနိုင်ပါတယ်။ ဘက်ထရီ Settings ထဲ သွားပြီး ဘက်ထရီသုံးစွဲမှု အများဆုံး Apps တွေ ပိတ်ထားပါ။App Update လုပ်နေတာ ရှိရင်လည်း ဘက်ထရီအကုန်မြန်စေပါတယ်။

(၄) Charging Port သန့်ရှင်းပါ

Photo: Bright Side

အားသွင်းပေါက်မှာ အညစ်အကြေးတွေ အစအနတွေနဲ့ ပြည့်နေတတ်ပါတယ်။ Charging Port ပေါက်မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ပြီးမှ အားသွင်းပါ။

(၅) ဖုန်းကို သိပ်အပူမခံနဲ့

Photo: Bright Side

ဖုန်းတွေမှာ ကိုယ်ပိုင်အပူထိန်းစနစ်ပါ ပါတယ်။ ဥပမာ ဖုန်းကို နေပူထဲ ထားမိလျက်သား အားသွင်းရင် ဖုန်းက အပူလျှော့ချဖို့ အလုပ်ပိုလုပ်ပါတယ်။ အဲ့ဒီအချိန်မှာ အားသွင်းတာ နှေးသွားတတ်ပါတယ်။ တကယ်တော့ ဖုန်းကို တိုက်ရိုက်နေရောင်အောက် ထားတာ အန္တရာယ်ကြီးပါတယ်။

ဖုန်းမှာ သုံးကြတဲ့ လစ်သီယံအိုင်ယွန်ဘက်ထရီတွေဟာ အချိန်ကြာရင် အရည်အသွေးကျဆင်းပြီး ပျက်စီးလာတတ်ပါတယ်။ ကိုယ့်ဖုန်းဘက်ထရီကျန်းမာရေးကို သိနိုင်ဖို့ Battery Health ကို တွက်နိုင်တဲ့ App တွေနဲ့ စမ်းကြည့်ပါ။ ဖုန်းဘက်ထရီသက်တမ်း ကျလာရင် ဖုန်းအားသွင်းရတာ နှေးလွန်းလာရင် ဖုန်းသက်တမ်းကုန်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။