ကော်လာရှပ်တွေဟာ ခေတ်အဆက်ဆက် လူကြိုက်များခဲ့တဲ့ အမျိုးသားဝတ်ဖက်ရှင်တစ်မျိုး ဖြစ်ပါတယ်။ ကော်လာရှပ်တွေဟာ သပ်သပ်ရပ်ရပ်ဝတ်ပြီး ပွဲတက်တဲ့ Dress Up ဝတ်စုံဆိုတာထက် ပိုပါတယ်။ Collared Shirts တွေမှာလည်း သူ့ဟာနဲ့သူ ပွဲတက်ရှိသလို စတိုင်ကျကျ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ ဒီဇိုင်းတွေလည်း ရှိလို့ ဖြစ်ပါတယ်။

(၁) Dress Shirt

Photo: pioneerinstitute

Dress Shirt ကတော့ ကော်လာရှပ်တွေထဲမှာ Formal အကျဆုံး စတိုင်ဖြစ်ပြီး ကော်လာရိုးရိုးကနေ စတစ်ကော်လာအထိ မျိုးစုံထွက်ပါတယ်။ Cutting နဲ့ စတိုင်လည်း ကွဲပြားကြပေမယ့် ပွဲတက်ဖို့အတွက် Dress Shirt ဝယ်မယ်ဆိုရင် အရည်အသွေးနဲ့ Right Fit ဖြစ်ဖို့ကို ဦးစားပေးရမှာကတော့ အတူတူပဲ ဖြစ်ပါတယ်။

(၂) Oxford Shirt

Photo: theadultman

Oxford Shirt ကလည်း Dress Shirt နဲ့ မျိုးတူ Formal Shirt ထဲမှာ ပါပါတယ်။ မတူတဲ့အပိုင်းက Oxford Shirt တွေက ချည်သားပိုင်းမှာ ပိုအကြမ်းခံပြီး သက်တောင့်သက်သာရှိတဲ့ စတိုင်နဲ့ လာပါတယ်။ နောက်ပြီး Oxford Shirt ကော်လာအောက်မှာ ကြယ်သီးတပ်ပေးထားလို့ လည်ထောင်စတိုင်ကော်လာပုံစံ ထွက်ပါတယ်။

(၃) Short Sleeve Shirt

Photo: apetogentleman

လက်တိုရှပ်တွေက ပူပြင်းတဲ့ရာသီမှာ အဝတ်များပါတယ်။ ပုံမှန်ရာသီဥတုမှာလည်း ဝတ်လို့ ရတာကြောင့် ရာသီမရွေး ဝတ်နိုင်တဲ့ Shirt Style လို့ ဆိုနိုင်ပါတယ်။ Short Sleeve Shirt ဟာ ဘယ်လို ဖက်ရှင်နဲ့ မဆို အဆင်ပြေပါတယ်။ ဘောင်းဘီတိုနဲ့ပဲ ဝတ်ဝတ် Chinos တို့ Jeans တို့နဲ့ပဲ ဖြစ်ဖြစ် ဝတ်လို့ ရတဲ့ အားသာချက်ရှိပါတယ်။

(၄) Polo Shirt

Photo: The Trendspotter

Polo Shirt တွေရဲ့ ကောင်းကွက်က ဘယ်အသက်အရွယ်နဲ့မဆို အဆင်ပြေတာပါပဲ။ နောက်ပြီး Jeans နဲ့ပဲ ဝတ်ဝတ် Chinos တို့ Shorts တို့နဲ့ပဲ ဖြစ်ဖြစ် ဝတ်လို့ ရပါတယ်။ ရိုးရိုး ပေါ့ပေါ့ပါးပါး ဝတ်ဖို့ပဲ စဉ်းစားစဉ်းစား သပ်သပ်ရပ်ရပ်နဲ့ Casual ပွဲတက်ဖို့ပဲ ဖြစ်ဖြစ် Polo Shirt တွေ ဝတ်တာ အဆင်ပြေပါတယ်။

(၅) Linen Shirt

Photo: Ties

Linen Shirt တွေကို နှမ်းကြတ်ပင်က ရတဲ့ ချည်ကနေ ထုတ်တာပါ။ ဒါကြောင့် လီနင်ရှပ်တွေက ဝတ်ရတာ ပေါ့ပါးတယ် ၊ ဝါချည်တွေထက် ပို အေးလို့ အခုလို နွေရာသီမှာ ဝတ်ဖို့ အကောင်းဆုံးရှပ်တွေလို့ ဆိုချင်ပါတယ်။