စစ်မှန်တဲ့ပျော်ရွှင်မှု လွတ်လပ်မှုတွေရဲ့ အရသာကို ခံစားချင်တယ်ဆိုရင် ရည်းစားမထားပဲ တစ်ယောက်တည်းနေကြည့်ပါလို့ ပြောတာကြားဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် Rs ရှိတာက မကောင်းဘူးလို့ တစ်ထစ်ချပြောလို့မရပေမယ့် ကိုယ်နဲ့ ကီးကိုက်တဲ့သူ ရင်ဘတ်ချင်းနီးတဲ့သူမဟုတ်ရင် ပျော်စရာထက် စိတ်ညစ်စရာကပိုများနေမှာပါ။ တကယ်တော့ ရည်းစားမရှိတဲ့ဘဝမှာ ကောင်းကျိုးတွေများစွာ ပိုရှိတယ်လို့ပြောရင် မမှားနိုင်ပါဘူး။ Single ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေကို စာဖွဲ့လို့လည်း ကုန်နိုင်မှာမဟုတ်ပါဘူး။ ဒီကောင်းကျိုးတွေအကြောင်းကို Single ဖြစ်နေသူတွေသာ အသိဆုံးပါ။

Source : Shutterstock
(၁) အားလပ်ချိန်တွေ အများကြီးပိုရတယ်။ (၂) အပိုငွေကုန်ပေါက် နည်းစေတယ်။ (၃) ကိုယ့်ဘဝမှာစိတ်ကြိုက် ကိုယ်ပိုင်စည်းမျဉ်းတွေ ချမှတ်နိုင်တယ်။ (၄) သူငယ်ချင်းတွေနဲ့ အချိန်များများ ကုန်ဆုံးနိုင်တယ်။ (၅) ဘယ်အရာကိုမှ နောက်ဆံတင်းစရာမလိုဘူး။ (၆) ခရီးတွေစိတ်ကြိုက်သွားနိုင်တယ်။ (၇) လွတ်လပ်မှုကို အပြည့်အဝခံစားနိုင်တယ်။ (၈) အနှောင်အဖွဲ့ကင်းကင်းနေနိုင်တယ်။ (၉) မိတ်ဆွေသူငယ်ချင်းများများထားနိုင်တယ်။

Source : Shutterstock
(၁၀) အိပ်ကောင်းခြင်း အိပ်နိုင်တယ်။ (၁၁) ခွင့်ပြုချက်တွေ တောင်းခံနေစရာမလိုဘူး။ (၁၂) သံသရမေးခွန်းတွေဖြေစရာမလိုဘူး။ (၁၃) Crush တွေစိတ်ကြိုက်ထားခွင့်ရှိတယ်။ (၁၄) အားလပ်ချိန်တိုင်းမှာ စိတ်ရောကိုယ်ပါကောင်းစွာ အနားယူနိုင်တယ်။ (၁၅) လေ့လာသင်ယူမှုတွေအတွက် အချိန်ပိုပေးနိုင်တယ်။ (၁၆) ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုကို ပိုပြီးဂရုစိုက်နိုင်မယ်။ (၁၇) အမှီအခိုကင်းကင်းနဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်တယ်။ (၁၈) ကိုယ့်ဘဝရဲ့အနာဂတ်ကို အပြည့်အဝ အာရုံစိုက်နိုင်တယ်။ (၁၉) ဂိမ်းတွေ ဆိုရှယ်မီဒီယာတွေကို လွတ်လပ်စွာသုံးနိုင်တယ်။ (၂၀) ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားနိုင်တယ်။

Source : Shutterstock

