Virgo မလေးတွေ ကို စိတ်ဝင်စားနေတဲ့ ကွီးတို့ ရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ပါ။ Virgo Zodiac Sign ပိုင်ရှင်တွေကတော့ သြဂုတ် ၂၃ ရက်ကနေ စက်တင်ဘာ ၂၂ ကြား မွေးဖွားသူတွေကို ဖြစ်ပါတယ်။ Virgo တွေက အလုပ်ကြိုးစားသူတွေ ၊ ချစ်စရာကောင်းပြီး ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေလို့ နာမည်ကြီးပါတယ်။ Mother Teresa ၊ Cameron Diaz နဲ့ Salma Hayek တို့ဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး Virgo Sign ဖွား အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်ရာသီခွင်တွေက Virgo မလေးတွေနဲ့ အသင့်လျော်ဆုံး လက်တွဲဖော် ဖြစ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) Virgo နဲ့ Taurus

Photo : Yahoo

Virgo မလေးတွေ နဲ့ အလိုက်ဖက်ဆုံး ရာသီခွင်တွေထဲက တစ်ခုကတော့ Taurus ပါ။ Virgo မိန်းကလေးနဲ့ Taurus ယောကျာ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်တဲ့ နိမိတ်လက္ခဏာတွေ များစွာရှိပြီး ပြီးပြည့်စုံတဲ့ လက်တွဲဖော်တွေ ဖြစ်နိုင်ပါတယ်။ အေးဆေးတည်ငြိမ်တဲ့ သဘောသဘာဝရှိတဲ့ Taurus တွေဟာ Virgo တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။

(၂) Virgo နဲ့ Cancer

Photo : Yahoo

နောက်ထပ် Virgo မလေးတွေ နဲ့ အသင့်လျော်ဆုံး ရာသီခွင်ကတော့ Cancer ပါ။ Earth Sign Virgo နဲ့ Water Sign Cancer တို့က နှစ်ဦးကြားမှာ တစ်ခါတစ်ရံ ပဋိပက္ခလေးတွေ ဖြစ်တက်ကြပေမယ့်လည်း များသောအားဖြင့်တော့ ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ သဟဇာတ ဖြစ်မှုတွေရှိတဲ့အတွက် ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးတစ်ခုကို အတူတကွ တည်ဆောက်နိုင်ဖို့ အလားအလာ ပိုများကြပါတယ်။

(၃) Virgo နဲ့ Scorpio

Photo : Yahoo

Virgo မလေးတွေ နဲ့ အဆင်ပြေမယ့် နောက်ထပ် Sign ကတော့ Scorpio တွေပါပဲ။ Virgo နဲ့ Scorpio အတွဲဟာ စတွေ့ဆုံချိန်ကတည်းက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုတစ်ခုကြောင့် အချင်းချင်း ဆွဲဆောင်ခံနေရတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေနိုင်ပြီး အချိန်ကြာလာလေ အချစ်မီးတောက်ကြီးဟာ ပိုမိုတောက်လောင်လာ ၊ အချစ်ဆိပ်တွေ ပိုတက်လာလေ ဖြစ်စေမှာပါ။ Scorpio တွေရဲ့ စိတ်အားထက်သန်မှုရှိတဲ့ ပင်ကိုယ်အရည်အသွေးတွေကပဲ Virgo မလေးတွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေတက်ပြီး Scorpio တွေရဲ့အနားမှာ ရှိချိန်တိုင်းမှာ စိတ်လုံခြုံမှု ၊ ချစ်မြတ်နိုးမှုတွေကို Virgo မလေးတွေ ကောင်းကောင်း ခံစားမိစေမှာပဲ ဖြစ်ပါတယ်။

(၄) Virgo နဲ့ Capricorn

Photo : Yahoo

နောက်ဆုံး Virgo မလေးတွေ နဲ့ အချိတ်အဆက်အမိဆုံးဖြစ်မယ့် ရာသီခွင်ကတော့ Capricorn ပါ။ Virgo နဲ့ Capricorn အတွဲက တော်တော်လေးကို ကိုက်ညီမှုရှိတဲ့ အချက်တွေများပြီး ချစ်သူရည်းစားဘဝကနေ အိမ်ထောင်သည်ဘဝအထိကို လက်တွဲညီညီနဲ့ လျှောက်လှမ်းသွားနိုင်မယ့် သူလေးတွေပါ။ ဒီရာသီခွင်နှစ်ခုလုံးက အလုပ်ကြိုးစားကြသလို အလုပ်နဲ့ဘဝဟန်ချက်ညီမျှမှုကိုလည်း အာရုံစိုက်သူတွေ ဖြစ်တာကြောင့် အလုပ်ရော နှစ်ဦးကြားက ဆက်ဆံရေးကိုပါ အကောင်းမွန်ဆုံး ထိန်းညှိကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

Source : MomJunction

Featured Photo : Vekke Sind