ဘဝမှာ ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို သိရှိခြင်းအားဖြင့် အဓိပ္ပါယ်ရှိတဲ့ ဘဝနဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာပါ။ လူတိုင်း ဘဝမှာ ရည်မှန်းချက်တွေ ပြည့်ဝဖို့ကိုလည်း ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘဝရည်မှန်းချက်တွေရှာတွေ့ပြီး အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်ရမယ့်အရာတွေ ပြောပြပေးပါတယ်။

တိုးတက်အောင်လုပ်ပါ

Photo : MAN Energy Solutions

ဘယ်နေရာမှာမဆို သူတစ်ပါးကို လိုက်ယှဉ်ပြိုင်ခြင်းဟာ သင့်ကိုကောင်းကျိုးမပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်သာ ပြိုင်ဘက်လို့သဘောထားပြီး တနေ့ထက်တနေ့ တိုးတက်အောင်ကြိုးစားနေဖို့လိုတာပါ။ အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲနေရလို့ ပျင်းရိငြီးငွေ့နေဖို့တောင် အချိန်ရတော့မှာ မဟုတ်ပါဘူး။

ဦးတည်ချက်ချမှတ်ပါ

Photo : Shutterstock

ဘဝရည်မှန်းချက်တွေပြည့်ဝနိုင်ဖို့ ခိုင်မာတဲ့ဦးတည်ချက်တစ်ခုချမှတ်ရမှာဖြစ်ပါတယ်။ ဦးတည်ချက်ချမှတ်ပြီးရင် အမြဲတမ်းပြန်လည်သုံးသပ် ဆန်းစစ်နေဖို့လည်း လိုအပ်ပါတယ်။ ကိုယ်အနေနဲ့ ဘယ်အရာကို ဘာအတွက်လုပ်နေရလဲဆိုတာ အမြဲပြန်လည်မသုံးရင် ဘဝဦးတည်ချက်ကိုမေ့လျော့သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုရဖို့ ရည်မှန်းချက်ပြည်ဝဖို့ ကိုယ်လျောက်မယ့်လမ်းမှာဦးတည်ချက်ခိုင်မာစွာချမှတ်ထားပါ။ ပြီးရင် ဦးတည်ချက်ကိုအမြဲပြန်လည်ဆန်းစစ်နေဖို့လိုအပ်ပါတယ်။

Comfort Zone ထဲကရုန်းထွက်ပါ

Photo : Global Call Forwarding

လူအများစု ဘဝမှာမအောင်မြင်ရတဲ့ အကြောင်းအရင်းတွေ ဘဝရည်မှန်းချက်တွေပြည့်ဖို့ခက်ခဲနေရတဲ့ အကြောင်းအရင်းတွေထဲမှာ Comfort Zone ထဲရောက်နေပြီး ပြန်ထွက်ဖို့ခက်နေတဲ့အချက်ကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။

Comfort Zone ဆိုတာ ဘဝရည်းမှန်းချက်တွေပြည့်ဝဖို့ကို နှောင့်နှေးကြံ့ကြာစေတဲ့ လှည့်ကွက်ကြီးတစ်ခုပါ။ သင့်အနေနဲ့ Comfort Zone ကနေ မဖြစ်မနေ ရုန်းထွက်ပြီး စိန်ခေါ်မှုတွေ ဘဝအတွေ့အကြုံအသစ်တွေကိုစွန့်စားရှာဖွေမှသာ ရည်မှန်းချက်ပြည့်ဝဖို့ အလားလာကောင်းတွေရလာမှာဖြစ်ပါတယ်။

Featured Photo : Next Luxury