အညိုရောင် Brown ဖက်ရှင်နဲ့ ဆောင်းတွင်းကို စတိုင်ကျကျဖြတ်သန်းနိုင်ပါတယ်။ Brown Styles တွေ အများကြီးရှိပါတယ်။ ဒီထဲကဆောင်းရာသီမှာ ယောင်္ကျားတစ်ယောက်ရဲ့ရိုးရှင်းပြီး ဖက်ရှင်ကျတဲ့စတိုင်ကို ပုံဖော်ပေးမယ့် Browns Style အိုင်ဒီယာလေးတွေ ပြောပြချင်ပါတယ်။

(၁) Brown Coat

Photo: Pexels အတော်များများက အပေါ်အင်္ကျီ Outerwear ကို အနက် ၊ နက်ပြာနဲ့ မီးခိုးရောင်တွေ ဝတ်ရတာ ပိုသဘောကျပါတယ်။ ဒီအရောင်တွေမှာ အားသာချက်ရှိသလို Brown ကာလာမှာလည်း အားသာချက်ရှိပါတယ်။ အညိုရောင်ဟာ ဆောင်းတွင်းလို အေးစက်တဲ့ရာသီနဲ့ လိုက်ဖက်တဲ့ကာလာထဲမှာ ပါတဲ့အပြင် အညိုရောင်ကုတ်အင်္ကျီဟာ Jeans ဘောင်းဘီကနေ Tailoring ထည်တွေအထိ အဆင်ပြေလို့ ဖြစ်ပါတယ်။

(၂) Brown Suit

Photo: robbreport

Brown Suit ဖက်ရှင်တွေက ၇၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့ ဖက်ရှင်ပါ။ ဖက်ရှင်တွေရဲ့အသစ်ပြန်ခေတ်စားတဲ့ သဘာဝအတိုင်း Brown Suit ဟာ ဖက်ရှင်ရေစီးမှာ တကျော့ပြန်လူကြိုက်များလာပါတယ်။ Suit ဝတ်တတ်တဲ့သူတွေအဖို့ အညိုရင့် Dark Brown ကာလာမျိုးကို ရွေးဖို့ အကြံပေးချင်ပါတယ်။ အညိုရောင်ရဲ့သဘာဝအတိုင်း သူနဲ့တွဲဝတ်တဲ့ ကာလာတွေကို ပိုပြီး ပေါ်လွင်စေပါလိမ့်မယ်။

(၃) Brown Trousers

Photo: Soxy

အညိုရောင်ကုတ်အင်္ကျီ ၊ အညိုရောင်အနောက်တိုင်းဝတ်စုံတို့လိုပဲ အညိုရောင်ဘောင်းဘီကိုလည်း သင့်ဖက်ရှင်မှာ ရွေးချယ်နိုင်ပါတယ်။ Brown Trousers တွေက အနက်ရောင်လိုပါပဲ။ တခြားအရောင်တွေနဲ့ ကာလာချင်း အပ်စပ်လိုက်ဖက်ပြီး ဝတ်ရအဆင်ပြေလို့ ဖြစ်ပါတယ်။ Colour Block ဖြစ်နေတာကို ရှောင်ချင်ရင်တော့ အဖြူရောင် Trainers Shoes စီးပေးဖို့လည်း အကြံပေးချင်ပါတယ်။

(၄) Brown Jacket

Photo: wallpaperflare

Casual စတိုင်နဲ့ ဆောင်းရာသီဖြတ်သန်းချင်ရင် အညိုရောင်လယ်သာဂျက်ကတ်က အကောင်းဆုံးဖက်ရှင်ထဲက တစ်ခုပါပဲ။ Jacket ကို Casual ဝတ်ချင်ရင် Plain Tee နဲ့ Trainers Shoes ဖက်ရှင်မျိုး တွဲစီးနိုင်ပါတယ်။ Classic စတိုင်ဖြစ်တဲ့ Suede ညိုဂျက်ကတ်ကို ‌Oxford Shirt ၊ Chino Pants ဖက်ရှင်နဲ့လည်း တွဲဝတ်လို့ ရပါတယ်။

Featured Photo: thejacketmaker