ကွီးတို့သည် ကိုယ့်အိမ်ကို ပြန်လည်ပြင်ဆင်မွမ်းမံချင်ရင်ပဲဖြစ်ဖြစ် (သို့) အိမ်အသစ် ဝယ်ထားတာကို Decoration အမိုက်စားတွေနဲ့ ပြင်ဆင်ရင်ပဲဖြစ်ဖြစ် Luxury ဆန်တဲ့ ဇိမ်ခံအိမ်လေးတစ်လုံးပုံစံပေါက်သွားအောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ အများကြီးပါပဲ။

ဘက်ဂျတ်လည်း အများကြီး သုံးစရာမလိုမယ့် နည်းလမ်းလေးတွေကို ကွီးတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

မီးအလင်းရောင်ကို ပြင်ဆင်ပါ

အိမ်တွင်း မီးအလင်းအမှောင်သည် အဓိကကျတဲ့အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ဧည့်ခန်းနှင့် ထမင်းစားခန်းရှိ မီးများကို ရိုးရိုးမီးပုံစံမဆင်ဘဲ မီးတွဲလေးတွေနဲ့ ဆင်ပေးလိုက်ရင် ပိုပြီး Luxury ဆန်ပါတယ်။

စာအုပ်စင် ဆောက်ပါ

ရုပ်ရှင်ဇာတ်ကားတွေမှာဆို စာဖတ်ခန်းသပ်သပ်စီ ထားရှိကြတာကိုတွေ့ရမှာပါ။ သူတို့စာဖတ်ခန်းမှာဆိုရင် စာအုပ်စင်ကြီးက နံရံထိ ဆောက်လုပ်ထားကြတာဖြစ်ပါတယ်။ သင့်အခန်းက စာအုပ်စင်ကိုလည်း ထိုအတိုင်း ဆောက်လုပ်နိုင်ပါတယ်။

ပစ္စည်းအသစ်အချို့ ဝယ်ယူပါ

သင့်ရဲ့မီးဖိုချောင်နဲ့ ရေချိုးခန်းကို အဆင့်မြင့်ပြီး Luxury ဆန်စေချင်တယ်ဆိုရင် အံဆွဲအသစ်များ၊ Drawer အသစ်များ ပြောင်းတပ်လိုက်ပါ။ သင့်ရဲ့မီးဖိုချောင်နံရံအရောင်နဲ့ လိုက်ဖက်မယ့်ပရိဘောဂမျိုးဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

ပန်းချီကားချပ်များဖြင့် အလှဆင်ပါ

ဧည့်ခန်းနှင့် အိမ်တွင်းလျှောက်လမ်းတချို့ရဲ့နံရံတွေပေါ်မှာ ပန်းချီကားချပ်များဖြင့် အလှဆင်ထားနိုင်ပါတယ်။ ဒါသည် သင့်ရဲ့အိမ်ကို ပိုပြီး Luxury ဆန်သွားစေဖို့ ကူညီပေးပါလိမ့်မယ်။

ပြတင်းပေါက်ဒီဇိုင်းများကို ပြင်ဆင်ပါ

Photo: Luxurywindowsdoors

တကယ်လို့ ကွီးတို့အနေနဲ့ ပြတင်းပေါက်ကို Minimalist စတိုင်လ်မျိုးပဲ ကြိုက်တယ်ဆိုရင်တော့ ရိုးရိုး Shades အမဲလေးသာ တပ်လိုက်ပါ။ တကယ့်ပြင်ပြင်ဆင်ဆင်စတိုင်လ်မျိုးလေးကို ကြိုက်တယ်ဆိုရင်တော့ လိုက်ကာပုံစံကို ကိုယ့်အခန်း Theme နဲ့ လိုက်ဖက်အောင် တပ်ဆင်နိုင်ပါတယ်။

Interior ဒီဇိုင်နာများရဲ့ အကူအညီရယူပါ

Photo: Recommend

ဒီအချက်ကတော့ ခေါင်းစားအသက်သာဆုံးပါပဲ။ ကိုယ် လိုချင်တဲ့ဒီဇိုင်းလေးကို သေသေချာချာရှာဖွေထားပြီးနောက် Interior ဒီဇိုင်နာများထံ အပ်လိုက်ပါ။ သူတို့က သင် လိုချင်တဲ့ပုံစံအတိုင်း ပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။

Source: Familyhandyman.com

Featured Image: Hgtv