Gym သွားမှ မဟုတ်ပါဘူး။ ကိုယ်အကြိုက်ဆုံး TV Shows တွေ ကြည့်ရင်းလည်း Body Fit ကစားလို့ ရပါတယ်။ အိမ်မှာ အနေများသူတွေအဖို့ ဝိတ်မတက်ဘဲ ကျစ်လျစ်ကြံ့ခိုင်တဲ့ Body ပိုင်ရှင်ဖြစ်ဖို့ အခုပြောမယ့်နည်းလမ်းလေးတွေ လိုက်လုပ်နိုင်ပါတယ်။

(၁) Circuit Training ကစားပါ

Photo : Unsplash

Circuit Training ဆိုတဲ့သဘောကတော့ သတ်မှတ်အချိန်အတွင်းမှာ သိပ်ကြာကြာမနားဘဲ Exercises ၆ မျိုးနဲ့အထက် ပေါင်းပြီး ကစားတာကို ဆိုတာပါ။ Ciruit-Training ထဲမှာ ဒိုက်ထိုး Push-Ups ၊ ထိုင်ထ Sit-Ups ၊ Squats ထိုင်တာ ၊ တန်းခိုဆွဲ Chin-Ups နဲ့ Lunges ထိုင်တာမျိုးတွေ ပါဝင်ပါတယ်။ TV ဇာတ်လမ်းထဲက Scene တစ်ခုစာ တစ်ခုစာစီ အခုပြောတဲ့ လေ့ကျင့်ခန်းလေးတွေ တစ်လှည့်စီလုပ် ၊ ခဏနားတာမျိုး လုပ်နိုင်ပါတယ်။

(၂) ယောဂ

Photo : Unsplash

ယောဂကစားဖို့ သင့် TV ရှေ့ နေရာလွတ်မှာတင် လုပ်လို့ ရပါတယ်။ Yoga Mat ဆိုတဲ့ ယောဂကစားသူတွေအတွက် ဖျာတစ်ချပ်ရှိရင်ကို လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း Exercise Ball လေးတစ်လုံး ဝယ်ထားရင် ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆေင်နိုင်ပါတယ်။ ယောဂကစားတာဟာ တစ်ကိုယ်လုံးက အ‌ကြောအချဉ်တွေ ပျော့ပြောင်းပြီး ဟန်ချက်ညီစေသလို စိတ်ခံစားချက်ပိုင်းလည်း မြှင့်တင်ပေးနိုင်ပါတယ်။

(၃) Gym ပစ္စည်းလေးတွေ ဝယ်ထားပါ

Photo : Unsplash

ပိုက်ဆံတတ်နိုင်ရင် Treadmill ၊ Exercise Bike ဒါမှမဟုတ် Rowing Machine လေး ဝယ်ထားပြီး TV ရှေ့မှာ အားကစားလုပ်နိုင်ပါတယ်။ ဒီပစ္စည်းတွေက Cardio Workout ကစားရာမှာ သုံးနိုင်သလို TV ကြည့်ရင်း ကယ်လိုရီ Burning လည်း လုပ်နိုင်အောင် ကူညီပေးနိုင်မှာပါ။

Featured Photo: Men’s Health