အနီ‌ရောင်ဟာ စိတ်လှုပ်ရှားမှုနဲ့ ဆွဲဆောင်နိုင်ခြင်းကို ကိုယ်စားပြုပါတယ်။ ဆောင်းရာသီမှာ ဝတ်လေ့ရှိတဲ့ ဆွယ်တာကို အနီဘက်နွှယ်တဲ့ကာလာမျိုး ရွေးတာက သင့်ကို ပိုထူးခြားစေနိုင်ပါတယ်။ ဆွယ်တာအနီကို ဖက်ရှင်မိအောင် ဝတ်ဖို့အတွက်ဆို ဝတ်လို့ရနိုင်မယ့် အလွယ်ဆုံး Outfit စတိုင်တချို့အကြောင်းလည်း မျှဝေပေးချင်ပါတယ်။

(၁) အသားရောင် အဝါဖျော့ကာလာနဲ့ တွဲဝတ်ပါ

Photo: bestlifeonline

အနီရောင်ဆွယ်တာနဲ့ တွဲဝတ်သင့်တဲ့ အရောင်တွေထဲမှာ Beige လို့ခေါ်တဲ့ သဲဆန်တဲ့ အဝါနုကာလာမျိုးလည်း ပါပါတယ်။ သဘာဝဆန်ပြီး ဖက်ရှင်အတွဲအစပ်ကိုလည်း ကာလာပိုကြွစေလို့ ဖြစ်ပါတယ်။ Casual ဝတ်မယ်ဆိုရင် အောက်မှာ အသားဖျော့ရောင် Chino နဲ့ Denim Jacket မျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။ Business Casual ဆန်ဆန် ဝတ်ချင်ရင် Chnios ဘောင်းဘီနဲ့ ဆွယ်တာအောက်ခံ ရှပ်တစ်ထည် တွဲဝတ်နိုင်ပါတယ်။

(၂) အရောင်မှိုင်း/အရောင်ပြေး ရင့်ရင့် သုံးပါ

Photo: fashionbeans

အနီနဲ့ လိုက်တဲ့အရောင်တွေထဲမှာ Dark Shade တွေလည်း ပါပါတယ်။ နက်ပြာရောင် Chino ၊ အနက်ရောင် Boots ၊ အနက်ရောင် ရှပ်အင်္ကျီ ၊ မီးခိုးရောင် Coat တို့လိုမျိုး ဖြစ်ပါတယ်။ ဒီအရောင်တွေက ဆောင်းတွင်းမှာ Stylish ဖြစ်စေတဲ့ အရောင်တွေလည်း ဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် မီးခိုး Gray ၊ အနီ Red နဲ့ အနက် Black သုံးရောင်တွဲစပ်ပြီး ဝတ်ရင် အတော်လေး ပုံကျစေမှာပါ။

(၃) Jeans နဲ့ ရိုးရိုးပဲ ဝတ်ပါ

Photo: youraverageguystyle

အရိုးရှင်းဆုံး Sweater Outfit တစ်ခုက Jean Pant နဲ့ အပေါ်က ဆွယ်တာကို တွဲဝတ်တာပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်က အဝတ်များကြသလို လူကြိုက်လည်း အတော်များပါတယ်။ အချိန်မပေးနိုင်သူတွေအတွက် အလွယ်ဆုံးဖက်ရှင်လည်း ဖြစ်ပါတယ်။ Jeans တွေက နဂိုကတည်းက ရိုးရှင်းပြီး Casual ဆန်တဲ့ ကာလာတွေနဲ့ လာတာ ဖြစ်လို့ သိပ်ပြီး ပြုပြုပြင်ပြင် ဝတ်ဖို့မလိုတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါကို Sweater အနီနဲ့ တွဲဝတ်ခြင်းအားဖြင့် ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းတဲ့ လူငယ်ပုံစံထွက်လာစေမှာ ဖြစ်ပါတယ်။

Featured Photo: GQ