ဝီစကီကြိုက်တဲ့ ကွီးတို့ရေ ဝီစကီ အဓိကပါဝင်တဲ့ Whiskey Sour ကော့လ်တေး ကိုမြည်းစမ်းကြည့်ချင်ပါသလား။ ဒီ ကော့လ်တေး ဟာ မှန်ကန်သော သံပုရာရည် အချိုးအစားနဲ့ ဖျော်စပ်ပြီး တောက်ပတဲ့အရောင်အဆင်းရှိပါတယ်။ ဒါ့အပြင် ချိုမြိန်ပြီး လန်းဆန်းသော အရသာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ကိုယ်တိုင် မြည်းစမ်း သုံးဆောင်ကြည့်လို့ရအောင် ဝီစကီ အဓိကပါဝင်တဲ့ Whiskey Sour ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Photo : Maker’s Mark

Whiskey Sour ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့

(၁) ဝီစကီ ၂ အောင်စ

(၂) လတ်ဆတ်သော သံပုရာရည် ၃/၄ အောင်စ

(၃) Simple Syrup ၃/၄ အောင်စ

(၄) ရေခဲများ

(၅) အလှဆင်ရန် လိမ္မော်သီးစိပ် (ချယ်ရီသီး အလွယ်တကူ ရလျှင် သုံးနိုင်ပါတယ်) စသည်တို့ လိုအပ်ပါတယ်။ ဒီကော့လ်တေးကို ဖျော်စပ်တဲ့နေရာမှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည်ကို အသုံးပြုရန် အရေးကြီးပါတယ်။

ပါဝင်ပစ္စည်းတွေ အကုန်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ Whiskey Sour ကော့လ်တေး တစ်ခွက်ဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။

ဖျော်စပ်ပုံကတော့

(၁) ပထမဦးစွာ ဝီစကီ၊ သံပုရာရည်နဲ့ Simple Syrup တို့ကို ကော့လ်တေး Shaker ထဲသို့ လောင်းထည့်ပါ။

(၂) ကော့လ်တေး Shaker ထဲသို့ ရေခဲများဖြည့်လိုက်ပါ။ ပြီးနောက် အဖုံးအုပ်လိုက်ပြီး Shaker အပြင်ဖက် အေးတဲ့အထိ စက္ကန့် ၂၀ ခန့် ခပ်ပြင်းပြင်း လှုပ်ပေးပါ။

(၃) ထို့နောက် ရရှိလာတော့ ကော့လ်တေးကို ကွီးတို့ကြိုက်နှစ်သက်ရာ ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ နောက်ဆုံးအနေဖြင့်အဆင်သင့်ပြင်ထားတဲ့ လိမ္မော်သီးစိတ်လေးနဲ့ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ တောက်ပတဲ့ အရောင်အဆင်းနဲ့ လန်းဆန်းတဲ့အရသာကို ပေးစွမ်းနိုင်မဲ့ Whiskey Sour ကော့လ်တေးလေး တစ်ခွက် ရရှိပါပြီ။

Photo: A Couple Cooks

ဖျော်စပ်ရတာ ရိုးရှင်းလွယ်ကူတဲ့ အပြင် ဝီစကီပဲ အဓိက လိုတာကြောင့် ဝီစကီကြိုက်တဲ့ ကွီးတို့အတွက် တကယ်ကို အကြိုက်တွေ့စေမှာပါ။

Source : Bon Appetit

Featured Photo : Julie’s Eats and Treats