ဆန်းပြားပြီး ချောမွေ့တဲ့ အရသာအပြင် လိမ္မော်သီး အရသာပါထပ်မံ ပေါင်းစပ်ထားတဲ့ ဂန္တဝင် ကော့လ်တေးကတော့ White Lady ကော့လ်တေး ပဲဖြစ်ပါတယ်။ ဒီ ကော့လ်တေးလေးက ၁၉၂၀ စတိုင်လ်မျိုး ဖြစ်ပြီး အချဉ်အရသာအပြင် ကြည်လင်ပြတ်သားသော လန်းဆန်းသောအရသာနဲ့ သောက်ချင်စရာ ကော့လ်တေးလေး ဖြစ်ပါတယ်။ ကော့လ်တေး ပါတီတွေမှာ ထည့်သွင်းလို့ကောင်းတဲ့အပြင် မိသားစု အထိမ်းအမှတ်နေ့တွေမှာ ထည့်သွင်းသင့်တဲ့ ကော့လ်တေး လေးပါပဲ။ ဒါကြောင့် ကွီးတို့ ကိုယ်တိုင် ဖျော်စပ်မြည်းစမ်း ကြည့်လို့ရအောင် White Lady ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

White Lady ကော့တေး တစ်ခွက် ဖျော်စပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ ……………..

Photo : Craft Gin Club

(၁) ဂျင် ၅၀ မီလီလီတာ

(၂) Triple Sec သို့မဟုတ် Cointreau၂၅ မီလီလီတာ

(၃) လတ်ဆတ်သော သံပုရာရည် ၂၅ မီလီလီတာ

(၄) Sugar Syrup (သကြားရည်) စားပွဲတင်ဇွန်း ၂ ဇွန်း

(၅) ရေခဲများ နှင့်

(၆) ကြက်ဥအကာ (ချန်လှပ်ထားလို့ ရပါတယ်)

(၇) အလှဆင်ရန် သံပုသီးစိတ်များ စသည်တို့ဖြစ်ပါတယ်။

Triple Sec ဆိုတာကတော့ ပြင်သစ်နိုင်ငံမှ ထုတ်လုပ်တဲ့ လိမ္မော်အရသာ အရည်တစ်မျိုးဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ပမာဏအလိုက် အယ်လ်ကိုဟော ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ထိ ရာခိုင်နှုန်း အထိ ပါဝင်ပါတယ်။ သူ့ကို သီးသန့်သောက်သုံးလေ့ မရှိသော်လည်း အဖျော်ယမကာများ ကော့လ်တေးများ၊ Martini များ၊ စသည့်တို့ ဖျော်စပ်ရာတွင် ရောစပ်အချိုရည်အဖြစ် အသုံးပြုပါတယ်။

ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ White Lady ကော့လ်တေး လေးဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

Photo : PUNCH

(၁) ပထမဆုံး အနေနဲ့ ဂျင်၊ Triple Sec၊ သံပုရာရည်၊ သကြားရည်၊ ကြက်ဥအဖြူ (အသုံးပြုလျှင်) နှင့် ရေခဲများကို ကောလ့်တေး Shaker ထဲသို့ ထည့်လိုက်ပါ။

(၂) Shaker ရဲ့ အပြင်ဘက်တွင် အလွန်အေးသွားသည်အထိ လှုပ်ခါပါ။ ထို့နောက် ရေခဲများကို ဖယ်လိုက်ပြီး အမြှပ်များ ထွက်လာသည်အထိ ထပ်မံလှုပ်ခါပါ။

(၃) ပြီးနောက် Shaker ထဲမှ ကော့လ်တေးများကို ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ အဆင်သင့်ပြင်ထားတဲ့ သံပုရာသီးစိပ်လေးများနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လန်းဆန်းသောအရသာနဲ့ သောက်ချင်စရာ White Lady ကော့လ်တေး လေး တစ်ခွက် ပြင်ဆင်လို့ ပြီးပါပြီ။

Photo : BBC Good Food

အရသာရှိတဲ့ ဒီကော့လ်တေး လေးကို ကွီးတို့ သူငယ်ချင်းတွေနဲ့အတူ ဖျော်စပ် သုံးဆောင်လို့ရသလို ကွီးတို့ရဲ့ အိမ်တွင်းပါတီမှာလည်း ဧည့်သည်တွေအတွက် ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ ကော့လ်တေးလေးပါပဲ။

Source : BBC Good Food

Featured Photo : The Nosey Chef