ခုနောက်ပိုင်း လူငယ်တွေကြားမှာ Thrift Clothings တွေရေပန်းစားလာတာ သတိထာားမိကြမယ် ထင်ပါတယ်။ Thrift Clothings ဆိုတာ တစ်ပတ်ရစ်အဝတ်အထည်တွေကိုခေါ်တာပါ။ တစ်နည်းအားဖြင့် နိုင်ငံခြားဖြစ် Second Hand Clothings တွေပါပဲ။

Second Hand ပေမယ့် quality ကောင်းတဲ့ Brand တွေ ဒီဇိုင်းခပ်မိုက်မိုက်တွေကို ဈေးသက်သက်သာသာနဲ့ ဝတ်နိုင်တဲ့အတွက် အများစုသဘောကျ ဝတ်ဆင်လာကြတာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Thrift ဖက်ရှင်တွေဘာကြောင့် ခေတ်စားလာတာလဲဆိုတဲ့အကြောင်းရင်းတွေကို ပြောပြပေးပါမယ်။

(၁) ဈေးသက်သာတယ်

Photo : Secret London

Thrift အထည်တွေက ဈေးနှုန်းအတော်လေး သင့်တင့်တဲ့အထဲမှာပါ ပါတယ်။ ပေးရတဲ့ဈေးနဲ့ တန်တဲ့ Quality ကိုရတဲ့အတွက် ဝတ်ပျော်တယ်လို့ပြောရမှာပါ။ တစ်ခုပါပဲ တစ်ချို့အထည်တွေမှာ Error လေးတွေပါတက်ပေမယ့် သေချာရွေးဝယ်မယ်ဆိုရင်တော့ တော်တော်ကောင်းတဲ့ နာမည်ကြီး Brand တွေတောင်မှ ရနိုင်ပါတယ်။

(၂) Quality ကောင်းတယ်

Photo : Nestia

အားလုံးသိတဲ့အတိုင်း နာမည်ကြီး Branded တွေက ဈေးနှုန်းအားဖြင့် လူတိုင်းဝယ်နိုင်ဖို့မလွယ်ပါဘူး။ Quality ကောင်းသလို ဈေးကလည်း ကောင်းပါတယ်။ Thrift အထည်တွေဟာ နိုင်ငံခြားဖြစ်အဝတ်အထည်တွေဖြစ်တဲ့အတွက် ဈေးနှုန်းသင့်တင်ပြီး Quality ကောင်းကောင်းရနိုင်ပါတယ်။ ရွေးရင်ရွေးနိုင်သလို နာမည်ကြီး Brand အထည်တွေကို သက်သက်သာသာနဲ့ ဝတ်နိုင်မှာပါ။

(၃) ဖက်ရှင်အဆင့်မြှင့်နိုင်တယ်

Photo : ZULA.sg

Thrift အထည်တွေဟာ ရွေးချယ်စရာများတဲ့အတွက် ဖန်တီးမှုကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ဖက်ရှင်ကို အဆင့်မြှင့်သွားလို့ ရပါတယ်။ DIY လုပ်ရတာဝါသနာပါသူတွေအနေနဲ့လည်း ဈေးသက်သက်သာသာနဲ့ ရလာတဲ့ Thrift အထည်တွေနဲ့ နှစ်သက်ရာ DIY ပုံစံအသစ်လေးတွေစမ်းသပ်ပြီး မတူတဲ့ဖက်ရှင်အသွင်ကို ဖန်တီးလို့ရနိုင်ပါတယ်။ နောက်ပြီးဈေးကြီးတဲ့ ဂျက်ကတ်တွေ Hoodie တွေကိုလည်း သင့်တင်တဲ့ဈေးနဲ့ ဖက်ရှင်ထပ်မနေအောင် ထည်လဲဝတ်ဆင်နိုင်ပါတယ်။

(၄) ဝင်ငွေရှာနိုင်တယ်

Photo : Bangkok Travel Guide 2021

အရင်းအနှီးနည်းနည်းနဲ့ လုပ်ငန်းတစ်ခုစချင်တဲ့သူတွေအတွက်လည်း Thrift Clothings ရောင်းတာက အသင့်တော်ဆုံးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လက်တလောဆိုင်ဖွင့်ဖို့မလွယ်သေးရင်တောင် အွန်လိုင်းပေါ်ကနေပဲ စိတ်ဝင်စားဖို့ကောင်းအောင် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းအရောင်းဆိုင်လေးအဖြစ် စတင်နိုင်ပါတယ်။

Featured Photo : gettyimages