ကွီးတို့ရေ ကျန်းမာခြင်းဟာ လာဒ်ကြီးတစ်ပါးလို့ အားလုံးက အသိအမှတ်ပြုထား ကြပါတယ်။ ကျန်းမာအောင်နေနိုင်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းဟာလည်း လိုအပ်ချက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအမျိုးမျိုးထဲက ကွီးတို့နဲ့ သင့်တော်မဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ ပုံမှန်ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေသူတစ်ယောက်ဟာ လေ့ကျင့်ခန်းကြောင့် ကုန်ဆုံးသွားတဲ့ အားအင်ကို ပြန်လည်ဖြည့်တင်းဖို့ သင့်တင်မျှတတဲ့ အစားအစာ‌ကို ရွေးချယ်စားသောက်ဖို့ လိုပါတယ်။ ဒါမှလည်း ခရီးဆုံးရည်မှန်းချက်ဖြစ်တဲ့ ကြံ့ခိုင် ကျန်းမာခြင်းကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ကွီးတို့ သိထားသင့်တဲ့ Workout မလုပ်ခင် စားသင့်တဲ့ အစားအစာများ ကို ပြောပြပါမယ်။

လေ့ကျင့်ခန်းမလုပ်ခင် စားမဲ့အစာမှာ ကာဗိုဟိုက်ဒရိတ်များရမယ်၊ အသားဓါတ် အသင့်အတင့် ပါပြီး အဆီနဲ့ အမျှင်ဓါတ်နည်းတဲ့ အစာမျိုး ဖြစ်သင့်ပါတယ်။ အဆီနဲ့အမျှင်ဓါတ်များလွန်းတဲ့ အစာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် အစာလမ်းကြောင်းကို ပြဿနာရှိစေပါတယ်။ ကာဗိုဟိုက်ဒရိတ်ကတော့ အဓိကစွမ်းအင်ထောက်ပံ့ပေးတဲ့အစာဖြစ်ပြီး ဦးနှောက်ဆဲလ်တွေကို စွမ်းအင် ထောက်ပံ့ပေးပါတယ်။ Workout မလုပ်ခင် စားတဲ့ အစားအစာများ ဟာ ပိုစားလေ အစာချေဖျက်မှု ကောင်းလေဖြစ်တဲ့အစာမျိုး ဖြစ်သင့်ပါတယ်။ ဝမ်းချုပ်စေမဲ့ အစားအစာ ကိုရှောင်ရပါမယ်။

ယခုဖော်ပြမဲ့ အစားအစာတွေဟာ Workout မလုပ်ခင် စားသင့်တဲ့ အစားအစာများ ကတော့ ကွီးတို့ အလွယ်တကူရနိုင်တဲ့ အစာတွေ ဖြစ်ပါတယ်။

(၁) Plain Greek Yogurt with Berries and Granola

Photo : Eat Mediterranean Food

ဒိန်ချဉ်က အစာကြေလွယ်ပြီး အင်အားကို ဖြစ်စေပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ သစ်သီးအစုံနဲ့ ဒိန်ချဉ်ကို ရောစပ်လိုက်ပါ။ ဒါဆိုသစ်သီးအစုံပါဝင်တဲ့အပြင် ဒိန်ချဉ်ကရတဲ့ အသားဓါတ် အလုံအလောက်ပါဝင်တဲ့ အစားအစာ တစ်ခုရပါပြီ၊၊ ကြွက်သားများအတွက် အင်အားထောက်ပံ့ပေးပါတယ်။

(၂) Whole Fruit Smoothie

Photo : GoodFon

သစ်သီးဖျော်ရည်ဟာ အစာကြေလွယ်ပါတယ်။ ငှက်ပျော၊ နွားနို့ ၊ ထောပတ်တွေနဲ ဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည် ကို Workout မလုပ်ခင် တစ်ခွက်သောက်သုံးသင့်ပါတယ်။

(၃) High Protein Oatmeal and Blueberries

Photo : Clean Eating Kitchen

အသားဓါတ်ကြွယ်ဝသော မုယောအာဟာရအစာ (Oatmeal) ကို Blueberries နဲ့ နွားနို့ ရောစပ် ပြီး လုပ်နိုင်ပါတယ်။ အသားဓါတ်များတဲ့အတွက် အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်သူများအတွက် သင့်တော်ပါတယ်။

(၄) Banana with Peanut Butter and Honey

Photo : Spark Recipes

ငှက်ပျောသီးဟာ ပိုတက်စီယမ်ကြွယ်ဝတဲ့အစာ ဖြစ်ပါတယ်။ မြေပဲ ထောပတ်၊ ပျားရည်တို့ဟာ စွမ်းအင်တိုးစေပြီး အာရုံကြောများကို ကျန်းမာစေပါတယ်။ ပြီးတော့ လုပ်ရတာ လွယ်ကူတဲ့အတွက် အချိန် မရတဲ့ကွီးတို Workout လုပ်ဖို့ မသွားခင် မြန်မြန်ဆန်ဆန် လုပ်ပြီး စားသွားလို့ရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

(၅) Apple with Almond Butter and Raisins

Photo : Whole Food Markets

ပန်းသီးနဲ့ မက်မွန်သီးထောပတ်ထဲကို သစ်သီး‌ခြောက်မျိုးစုံ ထည့်ထားတဲ့ အစာအာဟာရ ဟာလည်း Pre Workout အတွက် အထူးကောင်းမွန်ပါတယ်။ အရသာကလည်း တကယ်ကို ကောင်းမွန် ပါတယ်၊၊

(၆) Nut Butter Energy Ball

Photo : Rojar Aur Nirma

ထောပတ်၊ ပရိုတင်းအမှုန့်၊ ဘာလီ ၊ ပျားရည်နဲ့ ချောကလက်အညို တို့ကို ရောပြီး လုံးထားတဲ့ Energy Bar ဟာ Workout မလုပ်ခင် စားဖို့ အတွက် သင့်တော်ပါတယ်။

(၇) DIY Sport Drink

Photo : The Healthy Voyager

Sport Drink မျိုးစုံကိုဈေးမှာ ဝယ်လို့ရပါတယ်။ ဒါမဟုတ် ကွီးတို ကြိုက်နှစ်သက်တဲ့ အသီးတွေနဲ့ စွမ်းအင် ကာဗိုဟိုက်ဒရိတ်၊ အီလက်ထရိုလိုက် တွေပါတဲ့ Sport Drink ကို ကိုယ်တိုင် လုပ်နိုင်ပါတယ်။

(၈) Low Fat Cottage Cheese and Dried Apricots

Photo : Freepik

အိမ်လုပ် အဆီဓါတ်ပါဝင်နှုန်းနည်းတဲ့ ဒိန်ချဉ် နဲ့ တရုတ်ဇီးသီး‌ခြောက်ပါတဲ့ အစာကိုလည်း စားနိုင်ပါတယ်။ ထို့အပြင် ကွီးတို့ စိတ်ကြိုက် လတ်ဆတ်တဲ့ အသီးတွေ ထပ်ပေါင်းထည့်ပြီး ပိုကောင်းတဲ့ အရသာကို ပြင်ဆင်စားသုံးလို့ ရပါတယ်။

ကွီးတို့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ workout မလုပ်ခင် စားသင့်တဲ့ အစားအစာများ ကို ရွေးချယ်စားသောက်နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။

Source : Men’s Journal

Featured Photo : Muscleandfitness