Body Transformation အတွက်ပဲ ဖြစ်ဖြစ် ပိုပြီး ကျန်းမာကြံ့ခိုင်ချင်လို့ပဲ ဖြစ်ဖြစ် Workout ကစားဖို့ ဆုံးဖြတ်ထားရင် လိုက်နာစရာတွေ အများကြီး ရှိပါတယ်။ အဓိက အချက်က ကိုယ်လိုချင်တဲ့ ရလဒ်ထွက်တဲ့အထိ စွဲစွဲမြဲမြဲ လုပ်ဖို့ ၊ နည်းစနစ်မှန်ပြီး အနေအထိုင် အစားအသောက် မျှတနေဖို့ ဖြစ်ပါတယ်။ ဒါကိုပဲ Workout Tips လေးတွေလို့ ပြောကြတာပါ။ ဒီတစ်ခေါက်မှာတော့ အခုမှ Workout ကစားမယ့်သူတွေအတွက် အခြေခံသိသင့်တဲ့ Workout Tips ‌လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ပန်းတိုင်ထား

Photo: Unsplash

Workout ကစားတော့မယ်ဆိုရင် အစကတည်းက ဘာအတွက် ကစားမယ် ဘယ်လိုဖြစ်အောင်အထိ ကစားမယ်ဆိုတဲ့ ပန်းတိုင်ထားသင့်ပါတယ်။ ပန်းတိုင်ရှိနေမယ်ဆိုရင် အဲ့ဒီပန်းတိုင်ပေါ် စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း အလုပ်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခု ရလာမှာ အမှန်ပါပဲ။ Workout Goal ဟာ သိပ်မသေးလွန်း ၊ မကြီးလွန်းဖြစ်ဖို့နဲ့ တကယ်ဖြစ်နိုင်တဲ့ အတိုင်းအတာအတွင်းဖြစ်ဖို့ပါ စီစဉ်ထားဖို့ လိုပါတယ်။

(၂) စွဲစွဲမြဲမြဲလုပ်

Photo: Unsplash

Gym ကစားသူ ၁၀ ဦးမှာ တစ်ဝက်ကျော်ကျော်က ကိုယ်လိုချင်တဲ့ ပန်းတိုင်မရောက်ခင် ထွက်သွားတဲ့လူတွေ ဖြစ်တတ်ပါတယ်။ Workout ကစားနေရင်းနဲ့ ဆက်မလုပ်ဖြစ်တော့တာက Beginners တွေ အများဆုံး ကြုံရတဲ့ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ တကယ်က ဘာပဲလုပ်လုပ် စွဲမြဲထက်သန်စွာနဲ့ တစိုက်မတ်မတ် လုပ်နေမှ ထိရောက်အောင်မြင်မှာပါ။ Gym ကစားသူတွေအဖို့ တစ်လလောက် ကစားရုံနဲ့ ကိုယ်လိုချင်တဲ့ပုံ ထွက်သွားတာမျိုး မဟုတ်လို့ စိတ်ရှည်ဖို့နဲ့ စွဲမြဲထက်သန်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) Workout လုပ်တာ ပျော်ပါစေ

Photo: Unsplash

အားကစားကို ပျော်ပျော်ကြီး လုပ်သွားရင် ပျင်းစိတ်မဝင်တော့ အမြဲလုပ်ဖြစ်မှာပါပဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ရွှင်ဖို့ဆိုတာ သိပ်အရေးပါတဲ့ သဘောတရားဖြစ်ပါတယ်။ ကိုယ်လုပ်နေတာကို ပျော်လေလေ ပိုပြီး တိုးတက်လာလေလေပါပဲ။ Fitness ခရီးကို အလောတကြီး မစ,ပါနဲ့ ။ ဖြည်းဖြည်းချင်းသွားပါ။ Personal Trainer ကောင်းကောင်း ၊ ဘော်ဒါကောင်းကောင်းနဲ့ Gym ကစားပါ။ ကိုယ့်ကိုယ်ကိုယ် တိုးပြီး စိန်ခေါ်ကြည့်ပါ။

(၄) မျှတတဲ့ အစားအသောက် စားပါ

Photo: Unsplash

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Balanced Diet ဟာ Workout ကစားသူတွေအဖို့ လောင်စာပါပဲ။ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို အစားအသောက်မှာ ပါတဲ့ အာဟာရဓါတ်တွေက ပံ့ပိုးပါတယ်။ အရိုးတွေ သန်မာစေပြီး စွမ်းဆောင်ရည် ကောင်းစေသလို ဇီဝကမ္မဖြစ်စဉ်လည်း မြှင့်တင်ပေးနိုင်ပါတယ်။ အားကစားလုပ်ချိန်မှာ ဒဏ်ဖြစ်ပြီး စုတ်ပြဲသွားတဲ့ ကြွက်သားတွေ ပြန်ကောင်းလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ အာဟာရပြည့်ဝအောင် Carbs နဲ့ ကျန်းမာတဲ့အဆီတွေ မျှစးပေးဖို့ လိုသလို ကြွက်သားကြီးထွားလာအောင် ပရိုတိန်းလည်း စားပေးဖို့ လိုပါတယ်။ အားကစားလုပ်သူတိုင်း သိထားရမှာပါ။ အိပ်ချိန်ပြည့်ဝဖို့နဲ့ အရက်သေစာ ရှောင်ရှားဖို့လည်း မဖြစ်မနေ လိုက်နာပေးရမှာပါပဲ။

Featured Photo: Next Luxury