ကမ္ဘာပေါ်မှာ နိုင်ငံအလိုက် ကျော်ကြားတဲ့ ဘီယာတွေ ရှိကြပါတယ်။ ဘီယာ ဟာ ယောကျာ်းလေးတွေအကြိုက် ယမကာစာရင်းမှာ ထိပ်ဆုံးနားက ရှိတာကြောင့် ဘီယာဈေးကွက်နဲ့ ဘီယာချက်လုပ်ငန်းဟာ ဧရာမစီးပွားရေးလုပ်ငန်းကြီးအဖြစ် ရပ်တည်နေပါတယ်။ ဒီလို ဈေးကွက်ဝင် ဘီယာ တွေထဲမှာမှ ကမ္ဘာပေါ်က အကောင်းဆုံး ဘီယာဆု World Beer Awards အဖြစ် ဆုချီးမြှင့်တာတွေ ရှိပါတယ်။
World Beer Awards မှာ ဖော်ပြခံရတဲ့ ဘီယာ လုပ်ငန်းဟာ ကမ္ဘာ့ဘီယာဈေးကွက်ရဲ့ မျက်စိကျခြင်း ခံရပြီး ဈေးကွက်အခွင့်အလမ်းတံခါးတွေ ပွင့်လာနိုင်ပါတယ်။ World Beer Awards ထက် ပိုပြီး ဂုဏ်သိက္ခာကြီးတဲ့ ဘီယာဆုကတော့ World Beer Cup ဖြစ်ပြီး ဘီယာ လောကရဲ့ ဂရမ်မီဆုတစ်ဆု ၊ အော်စကာဆုတစ်ဆုလိုမျိုး ဩဇာကြီးပါတယ်။

Photo : nextluxury
World Beer Cup ကို ဘီယာ ပြိုင်ပွဲရဲ့ အိုလံပစ် The Olympics Of Beer Competitions လို့တောင် တင်စားလေ့ရှိပါတယ်။ World Beer Cup မှာတော့ ရွှေတံဆိပ် ၊ ငွေတံဆိပ် ၊ ကြေးတံဆိပ်ဆိုပြီး ဆုတံဆိပ် သုံးမျိုးနဲ့ American Wheat Beer ၊ American-Belgo-Style Ale ၊ American-Style Amber Lager ၊ American-Style Amber/Red Ale ၊ American-Style Black Ale or American-Style Stout စတဲ့ အမေရိကန်ထုတ် ဘီယာတွေအပြင် ဂျာမန် ၊ အင်္ဂလန် ၊ ဥရောပ စတဲ့ ဒေသပေါင်းစုံက ဘီယာ အမျိုးအစား ပေါင်းစုံကို ဆုတွေ ချီးမြှင့်တာလည်း ဖြ်စပါတယ်။
World Beer Awards မှာတော့ ဘယ်လ်ဂျီယံက White Beer ၊ Indian Pale Ales တွေက ဆုအမြင့်စားတွေ ရခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း ဂျာမန်နဲ့ ဘယ်လ်ဂျီယံ ဘီယာတွေက ဆုအများဆုံး သိမ်းပိုက်ခဲ့တယ်လို့ ဆိုရမှာပါ။ ဂျာမန်နဲ့ ဘယ်လ်ဂျီယံဘီယာတွေဟာ World Beer Awards ရဲ့ ဆု ၁၀ မျိုး (Category ၁၀ ခု) မှာ ထိပ်ဆုံး ၄ ခု စာရင်းဝင်ခဲ့ပါတယ်။
ဂျာမနီက ထုတ်လုပ်တဲ့ Karlsberg Kellerbier ဟာ Best Lager ဆု ရခဲ့ပြီး ပြင်သစ်ထုတ် Anosteke Blonde ဟာ Best Pale Ale ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဆာဘီးယားနိုင်ငံက ချက်လုပ်တဲ့ Salto Stout ဟာ ကမ္ဘာ့အကောင်းဆုံး စတောက် ဘီယာ World’s Best Stout ဆု ရခဲ့ပါတယ်။ အမေရိကန်ကလည်း World Beer Awards မှာ ဆုကြီး နှစ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo: amicohoops
အမေရိကန်ဘီယာတွေထဲက Taxman Brewing Company ရဲ့ Qualified ဘီယာဟာ Best Dark Beer ဆု ရခဲ့ပြီး Whalers Brewing Company ထုတ် Wanderer ဟာ Best IPA (Indian Pale Ale) ဆု ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် Category အလိုက် World Beer Awards ရခဲ့တဲ့ ဘီယာ တွေအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) World’s Best Dark Beer Taxman Brewing Company (United States) – Qualified
(၂) World’s Best Flavoured Beer Brasserie De L’Abbaye Du Val-Dieu (Belgium) – L’Excellence Du Val-Dieu
(၃) World’s Best IPA Whalers Brewing Company (United States) – Wanderer
(၄) World’s Best Lager Karlsberg (Germany) – Kellerbier
(၅) World Best Pale Beer Anosteke (France) – Blonde
(၆) World’s Best Sour & Wild Beer Indie Alehouse (Canada) – 10-4-20
(၇) World’s Best Speciality Beer Liefmans (Belgium) – Kriek-Brut Xtra
(၈) World’s Best Stout & Porter Salto (Serbia) – Stout
(၉) World’s Best Wheat Beer Brouwerij de Halve Maan (Belgium) – Brugs Tarwebier
(၁၀) World’s Best No & Low Alcohol Beer Big Drop (United Kingdom) – Galactic Milk Stout
Featured Photo : nextluxury

