သင်ဟာ Jeans ဖက်ရှင်ချစ်သူတစ်ယောက်လား။ Jeans ဝတ်စုံတွေက လူကြီးလူငယ်၊ ကျား၊ မ မရွေး သဘောကျနှစ်သက်ကြတဲ့ ဖက်ရှင်တစ်မျိုးလို့ပြောရင်မမှားနိုင်ပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ လူကြိုက်များတဲ့ Jeans ဝတ်စုံတွေ စတင်ဖြစ်ပေါ်လာပုံကို ပြောပြပေးချင်ပါတယ်။

Jeans ဝတ်စုံဟာ ပြင်သစ်နိုင်ငံမှာ ၁၈ရာစုက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကိုယ့်အဝတ်ဗီဒိုထဲမှာ အမြဲရှိနေတတ်တဲ့ Jeans ဝတ်စုံရဲ့ သက်တမ်းရှည်ကြာမှုက အံ့သြဖွယ်ရာပါပဲ။

Source : jack russe

Jeans ဝတ်စုံတွေကို ပြင်သစ်နိုင်ငံမှာရှိတဲ့ André Family ကနေပြီး အီတလီနိုင်ငံထုတ် သက္ကလပ်ဖျင်စတွေနဲ့ ဆန်းသစ်တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖျင်သားသက္ကလပ်စတွေမှာ သူတို့မိသားစုတီထွင်ထားတဲ့ အမဲဆီပျစ်ပျစ်တွေကို သုတ်လိမ်းပြီး ဆန်းသစ်တဲ့အဝတ်စကို တီထွင်ခဲ့ပါတယ်။

တကယ်တော့ Jeans အဖြစ် အသွင်ပြောင်းပေးခဲ့သူက ၂ ဦးဖြစ်ပါတယ်။ ပထမတစ်ဦးကတော့ ရွေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်တဲ့ Levi Strauss ဆိုသူဖြစ်ပါတယ်။ သူကအမေရိကကို လာရောက်စဉ်မှာ Jeans မဖြစ်သေးတဲ့ ဆန်းသစ်တဲ့အဝတ်စတွေကို ဝယ်ယူလာခဲ့ပါတယ်။ ၁၈၅၃ခုနှစ်မှာပေ့ါ။

Source : Fashion History – LoveToKnow

သူဝယ်ယူလာတဲ့ အဝတ်စဆန်းတွေကို အမေရိကန်ရဲ့ အကောင်းဆုံးစက်ချုပ်သမားက ထပ်မံဆန်းသစ်တီထွင်လိုက်တဲ့အခါမှာ ဂန္တဝင်မြောက် Blue Jeans ဆိုတဲ့ Jeans ဝတ်စုံတွေ ဖြစ်လာပါတော့တယ်။