လူတိုင်းသည် အောင်မြင်ပြီး သူဌေးဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲ။ သန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးဖြစ်ဖို့က ပိုလို့တောင်ခက်ပါတယ်။

ဒါပေမဲ့ ထိုအခက်အခဲတွေကြားထဲကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ပြီး သန်းကြွယ်သူဌေးဖြစ်သွားကြတဲ့ လူငယ်လေးတွေလည်း ရှိပါတယ်။ သူတို့အားလုံးသည် အသက် ၃၀ အောက် လူငယ်တွေ ဖြစ်ကြပါတယ်။ အသက်အငယ်ဆုံး သန်းကြွယ်သူဌေးတစ်ယောက်ဆိုရင် အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။

Kevin David Lehmann

Kevin ကတော့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အငယ်ဆုံးသန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၃.၃ ဘီလီလျံ ရှိပါတယ်။ သူသည် ဂျာမနီနိုင်ငံရှိ ဆေးဝါးကုမ္ပဏီအများဆုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ထိုကုမ္ပဏီများထဲမှ တစ်နှစ်လျှင် ဝင်ငွေ ၁၂ ဘီလီလျံဒေါ်လာ ဝင်ပါတယ်။

Wang Zelong

သူကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ၁.၅ ဘီလီလျံဒေါ်လာရှိပါတယ်။ သူကတော့ တရုတ်နိုင်ငံတွင် ဆိုးဆေးအထည်လုပ်ငန်း လုပ်ကိုင်ရင်း စီးပွားရှာနေသူတစ်ယောက်ဖြစ်ပါတယ်။

Alexandra Andresen

Photo: Theyoungachievers

သူ(မ)ကတော့ နော်ဝေးနိုင်ငံရှိ သန်းကြွယ်သူဌေးမလေးပဲ ဖြစ်ပါတယ်။ သူ(မ)အသက်ကတော့ ၂၄ နှစ်ရှိပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို အမွေဆက်ခံရင်း အခုတော့ ထိုလုပ်ငန်းကို ဦးစီးဦးဆောင်ပြုနေတာ ဖြစ်ပါတယ်။

Katharina Andresen

Photo: Money

Katharina နဲ့ Alexandra ကတော့ ညီအစ်မတွေဖြစ်ကြပါတယ်။ Katharina ကတော့ အသက် ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူ(မ)ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုသည်လည်း ၁.၄ ဘီလီလျံဒေါ်လာရှိပါတယ်။

Austin Russell

Photo: Technologyreview

သူကတော့ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့အသားတင်ဝင်ငွေကတော့ ၂.၄ ဘီလီလျံဒေါ်လာဖြစ်ပါတယ်။ သူကတော့ အမေရိကန်ပြည်ထောင်စုတွင် ကားဆင်ဆာပိုင်းနှင့် ဆော့ဖ်ဝဲနည်းပညာပိုင်းနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

Gustav Magnar Witzoe

Photo: Vaaju

Gustav ကတော့ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့အသားတင်ဝင်ငွေကတော့ ဒေါ်လာ ၄.၄ ဘီလီလျံဖြစ်ပါတယ်။ သူကတော့ ဆော်လမွန်ငါးမွေးမြူရေးနှင့် အစုရှယ်ယာမြောက်မြားစွာကို နော်ဝေးနိုင်ငံတွင် လုပ်ကိုင်လျက်ရှိပါတယ်။

သင်လည်း ထိုလူငယ်များကို အားကျတယ်ဆိုရင် သင့်ရဲ့အိမ်မက်များကို အခုချက်ချင်းပဲ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားလိုက်ပါ။

Source: Indiatimes.com

Featured Image Source: Firstclasse