မိသားစု ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စရာ Dinner ပါတီ လေး ကျင်းပရင်း Weekend ကို ကုန်ဆုံးချင်ပါသလား။ Dinner ပါတီ ဆိုတဲ့အတိုင်း ပါတီရဲ့အဓိက အသက်က အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေ တည်ခင်းရင်း ၊ သောက်ရင်းစားရင်းနဲ့ Dinner ပါတီပွဲလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့ရဲ့ ညနေခင်း Dinner ပါတီ လေးမှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခင်မင်ရသူတွေ အထင်ကြီးသွားရလောက်အောင် လက်စွမ်းပြချက်ပြုတ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ပါတီနဲ့ အလိုက်ဖက်ဆုံး အစားအစာ ၅ မျိုးကိုသာ တည်ခင်းဧည့်ခံလိုက်ပါ။
(၁) Party Pan Pizza

Photo : A Couple Cooks
Dinner ပါတီ နဲ့ အလိုက်ဖက်ဆုံး အစားအစာ တစ်မျိုးကတော့ Pizza ပါပဲ။ ပုံမှာမြင်ရတဲ့ Pizza ကိုတော့ Sheet Pan Party Pizza လို့ခေါ်ပါတယ်။ သူက ပုံမှန်မြင်နေကျ အဝိုင်းပုံစံ Pizza မျိုးမဟုတ်ပဲ လေးထောင့်ဗန်းထဲမှာ ထည့်ဖုတ်ရတဲ့ Sheet Pan Pizza ပါ။ ချိစ့်လှိုင်လှိုင်ထည့်ပြီး ပြုလုပ်လေ အရသာရှိပြီး စားလို့ပိုကောင်းလေပါပဲ။ တစ်ကိုက်စာ Pizza အတုံးလေးတွေ လှီးဖြတ်ပြီး အထာကျကျ တည်ခင်းရမှာ ဖြစ်ပါတယ်။
(၂) Falafel Sandwich

Photo : A Couple Cooks
Falafel ဆိုတာကတော့ ကုလားပဲကိုကြိတ်ပြီး အလုံးလေးတွေလုံးကာ ကြော်ထားတဲ့ အရှေ့အလယ်ပိုင်း အစားအစာတစ်ခု ဖြစ်ပါတယ်။ ပဲလုံးကြော်ကို နူးညံ့တဲ့ ပေါင်မုန့်အပျော့စားနဲ့ တွဲပြီး ခရင်မ် ၊ ကြက်သွန်ဖြူဆော့စ် ၊ အသီးအရွက်တွေနဲ့ ရောကာ တည့်ခင်းရမှာ ဖြစ်ပါတယ်။ လူကြီးရော ကလေးတွေပါ နှစ်ခြိုက်ပြီး Dinner ပါတီ မှာ ထည့်သွင်းသင့်တဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။
(၃) Poke Bowls
Photo : A Couple Cooks
Poke Bowls ကတော့ ဟာဝိုင်အီစတိုင် ငါးအစိမ်းသုပ်ဟင်းလျာ ဖြစ်ပါတယ်။ လတ်ဆတ်ပြီးနူးညံ့တဲ့ တူနာငါးအစိမ်းနဲ့ အသီးအရွက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ သံလွင်ဆီ ၊ ပဲငံပြာရည်တို့ကို ထည့်ပေါင်းသုပ်ထားတာပါ။ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေးတွေနဲ့ တွဲဖက် တည့်ခင်းလို့ လိုက်ဖက်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။
(၄) Pasta

Photo : A Couple Cooks
အီတလီ အစားအစာ တွေ ကြိုက်သူတွေအတွက်ကတော့ လွယ်ကူရိုးရှင်းတဲ့ Pasta ဟင်းပွဲလေးကို Dinner ပါတီ မှာ မဖြစ်မနေ ထည့်သင့်ပါတယ်။ အခုပုံမှာမြင်ရတဲ့ Pasta ကတော့ ခရမ်းချဉ်သီးအနှစ်ကို ဗော့ဒ်ကာနဲ့ ရောချက်ထားတဲ့ ဆော့စ်ကို အသုံးပြုထားပါတယ်။ ထောပတ် ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူ ၊ Dried Oregano ၊ ငရုတ်သီးမှုန့် ၊ ဆား ၊ ဗော့ဒ်ကာ တို့ကိုရောချက်ပြီး ခရမ်းချဉ်သီးဗော့ဒ်ကာဆော့စ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပင်စိမ်းရွက် ၊ Parmesan Cheese လေးတွေ အလှဆင်ပြီး အရသာရှိတဲ့ Pasta ဟင်းပွဲလေးကို လွယ်လွယ်ကူကူ ချက်ပြုတ်တည်ခင်းလို့ ရပါတယ်။
(၅) Classic Stuffed Peppers

Photo : A Couple Cooks
Dinner ပါတီမှာ တည့်ခင်းဖို့ လိုက်ဖက်တဲ့ နောက်ဆုံး အစားအစာ တစ်ခုကတော့ ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူ ပြင်ဆင်ချက်ပြုတ်လို့ရမယ့် ငရုတ်ပွ အစာသွပ်ပဲ ဖြစ်ပါတယ်။ ငရုတ်ပွထဲမှာ ဟင်းခတ်အမွှေးအကြိုင် ၊ ပီဇာဆော့စ်နဲ့ ချိစ့်တွေကို ထည့်ပြီး ဖုတ်ပေးရမှာ ဖြစ်ပါတယ်။ အသားကြိုက်တယ်ဆိုရင် နှစ်သက်ရာအသားကို ထည့်ပြီး အသုံးပြုလို့ရပါတယ်။ ဘီယာနဲ့ တည်ခင်းလို့ လိုက်ဖက်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။
Featured Photo : Domain

