Kwee ချန်နယ်ကို ကြည့်ရှု့အားပေးနေတဲ့ ပရိသတ်များအာလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရသာဆန်းထူး ကွီး Review ကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ နာနတ်တောလမ်းနဲ့ ကျွန်းတောလမ်းထောင့်မှာရှိတဲ့ GREAT BURMA Bar & Restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။

GreatBurma_SignBoard

ဒီဆိုင်လေးက GREAT BURMA ဆိုတဲ့အတိုင်း နာမည်လေးဆန်းရုံမကပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆိုင်ရဲ့ Decoration အပြင်အဆင်လေးတွေက ပရိသတ်တွေကို ဟိုးအတိတ်ကာလတွေဆီက မဟောင်းနိုင်တဲ့ ရွှေအိုရောင်နေ့ရက်တွေဆီ ပြန်လည်ခေါ်ဆောင်သွားပေးမှာပဲ ဖြစ်ပါတယ်ဗျ။

greatburma_ygnhall

ပြောရရင် ဆိုင်ရဲ့အပြင်အဆင်လေးတွေက ၁၉၆၀ ခုနှစ်တွေဆီ အလည်တစ်ခေါက် ပြန်ရောက်သွားသလို ဖီလင်မျိုး ရစေတယ်ဗျ။ နံရံပေါ်က ခေတ်ဟောင်း သတင်းစာနဲ့ ကြေငြာပိုစတာလေးတွေ ၊ ရှေးခေတ် ရေဒီယို ၊ ဓါတ်စက်လေးတွေနဲ့ အလှဆင်ထားတာဟာဆိုရင်လည်း တကယ့်ကို တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရဲ့ လွမ်းမောစရာ အချိန်ကာလတစ်ခုဆီကို ပြန်ရောက်သွားသလို ခံစားရစေမှာပဲ ဖြစ်ပါတယ်ဗျ။

greatburma_yangonhall

နောက်တစ်ခုဒီဆိုင်လေးမှာက တနင်္လာမှအပ နေ့တိုင်း နာမည်ကြီး အမိုက်စား Unplugged band တွေရဲ့ ဖျော်ဖြေမှုအစီအစဉ် တွေလည်း ရှိသေးတယ်ဆိုတော့ သီချင်းလေးတွေနဲ့ စီးမြောခံစားရင်း ပင်ပန်းမှုတွေကို အကောင်းဆုံး Relax လုပ်လို့ရမယ့် အနုပညာဆန်ဆန် နိဗ္ဗာန်ဘုံလေးလို့ ပြောရမှာပဲ ဖြစ်ပါတယ်ဗျ။ Unplugged မရှိတဲ့ ရက်တွေဆို လည်း ဆိုင်မှာကိုယ်အကြိုက်ဆုံး သီချင်းလေးတွေတောင်းပြီး လွင့်မြောလို့ ရသေးတယ်နော်။ Open mic day ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာဆိုရင်လည်း ကိုယ်တိုင်ဝင်ဟဲလို့လည်းရသေးတာဆိုတော့ အဆိုဝါသနာရှင် ရွက်ပုန်းသီးလေးတွေအတွက်တော့ ကွက်တိပဲပေါ့။

GreatBurma_Music Band

နောက်ပြီး ကွီးတို့ မတ်မတ်တို့အကြိုက် အရသာရှိတဲ့ ဟင်းပွဲတွေ ၊ အပြင်း အပျော့ သောက်စရာအစုံ နဲ့ အမိုက်စား Cocktail တွေလည်း အစုံရတယ်ဗျ။အထူးခြားဆုံး သောက်စရာအနေနဲ့ကတော့ Great Burma ရဲ့ စားလို့ရတဲ့ ရွှေဆိုင်းလေးတွေပါတဲ့ Signature Whiskey Sour Cocktail လေးပါပဲ။ အရသာကတော့ ကွီးတို့အကြိုက်တွေ့စေမယ့် ထိမိတဲ့ ခါးသက်ပြင်းရှတဲ့ အရသာလေးကို ပေးစွမ်းနိုင်ပြီး မီးမြိုက်ထားတဲ့သကြားခဲလေးနဲ့ တွဲစပ်ပေးထားတော့ လုံးဝ ကွက်တိ တကယ်ကို Must Try ပါပဲဗျာ။ ဒါ့အပြင် ကွီးတို့ ရွှေစားတော့ နုပျိုပြီးအသားအရေလည်း ဝင်းလက်စေတာပေါ့။

ဟင်းပွဲတွေအနေနဲ့ ဒီဆိုင်လေးရောက်ရင်သေချာပေါက် Try ကြည့်သင့်တာတစ်ခုက Great Burma Signature Fried Rice လေးပါပဲ။ အမြင်ပုံစံအရ ဒန်ပေါက်နဲ့ အလားသဏ္ဍာန်တူပြီး အနံ့ရော အရသာရော ထူးခြားမှုကို ပေးစွမ်းနိုင်လို့ လူကြိုက်လည်းများတဲ့ ဟင်းပွဲတစ်ခုလည်းဖြစ်တယ်။

GreatBurma_FriedRice

ဒါ့အပြင် Great Burma မှာ တမူထူးခြားစွာ စီမံချက်ပြုတ်ထားတဲ့ နာမည်ကြီး ဟင်းလျာတွေကတော့ အနံ့၊အရသာထူးခြားကောင်းမွန်တဲ့ မီးသွေးနဲ့ကင်ထားတဲ့ ဝက်ဂုတ်သားကင်

greatburma_porkneckgrillwithcharcoal

နဲ့ အစပ်အရသာကဲပြီး ခံတွင်းမြိန်စေမယ့် ပုစွန်မီးဖုတ်သုတ် တို့ပဲဖြစ်ပါတယ်။

greatburma_prawnsalad

နောက်ထပ်နာမည်ကြီးဟင်းလျာတစ်ခုက ဆိတ်ပဲဟင်းပါပဲ။ ညှီနံ့လုံးဝမရှိဘဲ ဆိတ်လျှာ၊ဆိတ်ခွာနဲ့ရိုးတွင်းခြင်ဆီ တို့နဲ့ ပျစ်နှစ်နေတဲ့ ဟင်းရည်အရသာကြောင့် ခံတွင်းပျက်နေတဲ့ သူများပင် ချက်ချင်းခံတွင်းလိုက်ပြီး အားပြည့်စေတဲ့ ဟင်းတစ်ခွက်ဆိုလည်းမမှားပါဘူးဗျ။

GreatBurma_Mutton&BeanSoup

နောက်ဆုံးအနေနဲ့မှာချင်တာက Great Burma Bar & Grill ကို ရောက်ပြီဆိုရင် ငါးမကြိုက်တဲ့သူတွေတောင် လျှာလည်ပြိးအကြိုက်တွေ့သွားစေမယ့် ကချင်စတိုင် ငါးပေါင်းလေးကိုလည်း မြည်းစမ်းကြည့်ခဲ့ဖို့ပါပဲ။

greatburma_kachinstylestreamedfish

အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီဆိုင်လေးမှာ အရသာရှိတဲ့ အစားအသောက်တွေ တော်တော်လေး စုံစုံ လင်လင်ရတယ်။ ယောကျာ်းလေးတွေရော ၊ မိန်းကလေးတွေပါ အေးအေးဆေးဆေး Chill လို့ရတဲ့ ဆိုင်လေး။ ဆိုင်အပြင်အဆင်လေးက ထူးခြားပြီး ခေတ်ဟောင်းအငွေ့အသက်တွေ ခံစားရတဲ့အပြင် နေရာ ကျယ်ကျယ် ဝန်းဝန်းနဲ့ ဆိုင်ထဲမှာပဲ သောက်မလား ၊ သဘာဝလေ ခံရင်းဆိုင်အပြင်က ဝိုင်းလေးတွေမှာပဲ အေးဆေး သောက် မလား အဆင်ပြေတယ်။ နောက်ပြီး ဂီတသံစဉ်တွေနဲ့အမြဲ လွင့်ပျံနေတဲ့ ငြိမ်းချမ်းတဲ့ နေရာသစ်လေးတစ်ခုဆို လည်း မမှားဘူး။ ဆိုတော့ ဘားထိုင်ရတဲ့ကြိုက်တဲ့ ပရိသတ်တွေအနေနဲ့ ခေတ်ဟောင်းအငွေ့အသက်တွေ လွှမ်းခြုံ ထားတဲ့ GREAT BURMA ဆိုတဲ့ အနုပညာဆန်ဆန် နိဗ္ဗာန်ဘုံလေးကို ကိုယ်တိုင် သွားရောက်ခံစားကြည့်လိုက်ပါ ဦးခင်ဗျာ။