ပါတီနှင့်ပွဲ
ထိုင်းနိုင်ငံပတ္တရားမှာကွီးတို့ကဲလို့ရမယ့်နေရာများ
ထိုင်းနိုင်ငံ ပတ္တရားကို ရောက်ရင် ညဘက်အပျော်အပါးအတွက် Walking Street ကို အရင်ဆုံး လူသိများကြပါတယ်။ ဒါပေမယ့် တကယ်တော့ ပတ္တရားရဲ့ ညဘက်အပန်းဖြေစရာတွေဟာ နေရာတစ်ခုတည်းမှာ စုနေတာမဟုတ်ဘဲ ရပ်ကွက်အလိုက် ပုံစံအမျိုးမျိုးနဲ့ ရှိနေပါတယ်။ ကိုယ်က ဆူဆူညံညံနဲ့ ကဲချင်တာလား၊ ဘားဆိုင်တွေမှာ အေးအေးဆေးဆေး ထိုင်ချင်တာလား၊ Live တီးဝိုင်းသီချင်းနားထောင်ချင်တာလားဆိုတာပေါ်မူတည်ပြီး နေရာရွေးသင့်ပါတယ်။









