Xiaomi ကတော့ Note 11 စီးရီးရဲ့ နောက်ဆုံးထွက်ဖုန်း Redmi Note 11R ကို ဒီနေ့မှာ မိတ်ဆက်သွားခဲ့ပါပြီ။ တကယ်တော့ Redmi Note 11R ဖုန်း ဟာ Poco M4 5G ရဲ့ Global Version ဖြစ်ပြီး Poco M4 5G ကို 4GB/64GB နဲ့ 6GB/128GB ဆိုပြီး မော်ဒယ်၂ မျိုးထုတ်ခဲ့ပြီးအခုလက်ရှိ Redmi Note 11R ကိုတော့ 4GB/128GB ၊ 6GB/128GB နဲ့ 8GB/128GB ဆိုပြီး ရွေးချယ်စရာ ၃ မျိုးနဲ့ ထုတ်လာပါတယ်။ Redmi Note 11R ဖုန်းမှာ 1TB အထိ Storage ကိုထပ်ချဲ့နိုင်မယ့် MicroSD Card Slot တစ်ခုလည်း ပါဝင်လာပါတယ်။

Photo : TechnoSports

Redmi Note 11R ဖုန်းမှာ Dimensity 700 SoC မောင်းနှင်ထားပြီး Android 12 အခြေပြု MIUI 13 ကိုအသုံးပြုထားပါတယ်။ Display ပိုင်းမှာတော့ ၆.၅၈ လက်မ FullHD+ 90Hz LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 5MP ဆယ်လ်ဖီကင်မရာထည့်သွင်းထားတဲ့ Notch တစ်ခုပါရှိပါတယ်။ အနောက်ဘက်ခြမ်းမှာတော့ ကန့်လန့်ဖြတ် ကင်မရာအုံဒီဇိုင်းနဲ့ 13MP Primary ကင်မရာ ၁ လုံး ၊ 2MP Depth Unit ကင်မရာတို့နဲ့အတူ Flash ၁ လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။

Redmi Note 11R ဖုန်း ဟာ 5G စနစ်ထောက်ပံ့ပေးထားပြီး ဘေးဘက်ခြမ်းမှာ လက်ဗွေဖက်ဆင်ဆာ တပ်ဆင်ပေးထားပါတယ်။ 18W အထိအားသွင်းနိုင်မယ့် USB-C အားသွင်းပေါက်နဲ့ 5,000 mAh ဘက်ထရီလည်း တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် ဖုန်းနဲ့အတူပါလာမယ့် Adapter ကတော့ 10W Charging သာ ထောက်ပံ့ပေးပါတယ်။

Photo : Tho Dia Media

Redmi Note 11R ဖုန်းကို Grey ၊ Black နဲ့ Blue အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Xiaomi ရဲ့ တရားဝင် တရုတ်ဝဘ်ဆိုက်ကနေတဆင့် တရုတ်နိုင်ငံမှာ စတင် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ 4GB/128GB ဗားရှင်းကို ယွမ် ၁,၀၉၉ ( ဒေါ်လာ ၁၅၄/ ယူရို ၁၅၇) ၊ 6GB/128GB ဗားရှင်းကို ယွမ် ၁,၁၉၉ (ဒေါ်လာ ၁၆၈/ ယူရို ၁၇၁) နဲ့ 8GB/128GB ဗားရှင်းကိုတော့ ယွမ် ၁,၃၉၉ (ဒေါ်လာ ၁၉၆ / ယူရို ၂၀၀) ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com