လုပ်စရာအလုပ်တွေ များလွန်းလို့ အိပ်စက်ချိန်တောင် မရဖြစ်နေပါသလား။ လူသားတစ်ယောက်သည် တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။ ဒါမှ ကိုယ်ရော စိတ်ပါ ကျန်းမာလန်းဆန်းပြီး လုပ်ဆောင်စရာအလုပ်များကို ထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အိပ်စက်ချိန် တစ်ညလျှင် ၂ နာရီ၊ ၃ နာရီပဲ အိပ်စက်အနားယူပြီး အလုပ်ချည်းပဲ ဖိလုပ်တဲ့အခါ ရေရှည်ဆိုရင် ကျန်းမာရေး ထိခိုက်လာပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်တတ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေတောင်မှ အိပ်ရေးဝဝ အိပ်စက်အနားယူတတ်တဲ့ အလေ့အကျင့်ကောင်းရှိကြပါတယ်။ သင်လည်း ထိုပုဂ္ဂိုလ်များကို နမူနာယူနိုင်အောင်လို့ ဖော်ပြပေးလိုက်ရပါတယ်။

Bill Gates

Sleeping Habits Routings of Successful People

Bill Gates သည် ငယ်ရွယ်စဉ်တုန်းက အလုပ်ကို စွဲလန်းတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ထိစွဲလမ်းသလဲဆိုရင် နှစ်ညဆက်တိုက် မအိပ်ဘဲ အလုပ်ချည်းပဲ အသားကုန်လုပ်တာပါ။ ကာဖိန်းဓာတ်တွေ အများကြီး မှီဝဲပြီး အလုပ်လုပ်ပစ်တာပါ။ ဒါပေမဲ့ နှစ်ကြိမ်လောက် ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကာဖိန်းဓာတ် မှီဝဲကာ အိပ်ရေးပျက်ခြင်းကြောင့် အရင်လို ဉာဏ်ရည်မထက်မြက်တော့တာကို သိလာပါတယ်။ အဲ့ဒီ့နောက်မှာတော့ တစ်ညလျှင် ၇ နာရီပြည့်အောင် အိပ်စက်အနားယူခဲ့ပါတော့တယ်။

Jeff Bezos

Sleeping Habits Routings of Successful People

အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်၊ စွန့်ဦးတီထွင်သူတစ်ယောက်လည်းဖြစ်တဲ့ Jeff ကတော့ တစ်ရက်လျှင် ၈ နာရီခန့် အိပ်စက်အနားယူရမှ ကျေနပ်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

Richard Branson

Sleeping Habits Routings of Successful People

Richard သည် အလုပ် ညစာ စားပွဲတွေ တက်ရတဲ့အခါ ည ၁၁ အထိ နေလေ့ရှိပြီး အိမ်ပြန်ရောက်တဲ့အခါမှာတော့ တစ်ချိုးတည်း အိပ်ရာဝင်ကာ မနက် ၅ နာရီမှာ အိပ်ရာထကာ လေ့ကျင့်ခန်းပြုလုပ်လေ့ရှိပါတယ်။

Barack Obama

Sleeping Habits Routings of Successful People

အိုဘားမားသည် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်တုန်းက တစ်ညလျှင် ၅ နာရီမှ ၇ နာရီခန့်အထိ အိပ်စက်အနားယူလေ့ရှိပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အလုပ်ခန်းမှာ ညသန်းခေါင် (သို့) ၂ နာရီအထိ အလုပ်လုပ်ပြီး မနက်မှာတော့ ၇ နာရီ ပုံမှန်ထလေ့ရှိပါတယ်။

Jason Fried

Sleeping Habits Routings of Successful People

အိပ်စက်ခြင်းကို လျစ်လျူရှုခြင်းသည် မဟာအမှားဖြစ်တယ်လို့ Jason  ပြောကြားထားပါတယ်။ အိပ်ရေးမဝခြင်းသည် ကိုယ်ကိုယ်တိုင်သာမက ကိုယ့်ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် Jason သည် တစ်ညလျှင် ၈ နာရီခန့် အိပ်တယ်လို့ ပြောကြားထားပါတယ်။

Elon Musk

Sleeping Habits Routings of Successful People

Elon Musk ကတော့ တစ်ညလျှင် ၆ နာရီ ၆ နာရီခွဲခန့် အိပ်စက်အနားယူလေ့ရှိပါတယ်။ ၁ နာရီထိုးလျှင် အိပ်ရာဝင်လေ့ရှိပြီး မနက်ဆိုရင် ၇ နာရီထိုးတာနဲ့ အိပ်ရာထပါတယ်။ အိပ်ရေးမဝလျှင် စိတ်တိုတတ်ကြောင်းကိုလည်း အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

Source: Balancethegrind.co

Featured Image Source: Eu-startups.com