မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက လီဗာပူးလ်နဲ့ ရှုံးပွဲအတွက် bounce back လုပ်ဖို့ လိုအပ်နေပေမယ့် ပထမပိုင်း ပွဲချိန်မှာပဲ အဓိက ကွင်းလယ်လူ ကက်စီမဲရိုး အထုတ်ခံလိုက်ရလို့ ပွဲချိန် မိနစ်(၆၀)လောက်အထိ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။

man utd draw against saint

Photo Credit : Sky Sports’s Twitter

လီဗာပူးလ်ကို ဂိုးပြတ် ခြေပြတ်နဲ့ လုံးဝကို အရှက်တကွဲ ရှုံးနိမ့်ထားခဲ့ရချိန် ပရီးမီးယားလိဂ်မှာ bounce back ပြန်ယူဖို့ မဖြစ်မနေ လိုအပ်နေချိန်မှာ ဆောက်သမ်တန်လို အသင်းမျိုးနဲ့ အိမ်ကွင်းမှာ အနိုင်ယူပြီး ပြန်လာဖို့ ယူနိုက်တက်ဘက်က အကောင်းဆုံး ပြင်ဆင်လာခဲ့ပေမယ့်လည်း အသင်းရဲ့ မရှိမဖြစ် ကစားသမား ကွင်းလယ်လူ ကက်စီမဲရိုး က ပထမပိုင်း (၃၄)မိနစ်မှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရခြင်းက ယူနိုက်တက်အတွက် ထိုးနှက်ချက်ကြီး ဖြစ်စေခဲ့ရပြီး အိမ်ကွင်း နိုင်ပွဲဆက်နေမှုဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။
case red card

Photo Credit : ESPN FC’ Twiiter

ရီးယဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ (၇)နှစ်တာကာလအတွင်း straight red card လုံးဝ မပြသခံရဖူးသေးတဲ့ ကက်စီမဲရိုးဟာ ယူနိုက်တက် ကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာ ဖြတ်သန်းနေစဉ် ပထမဆုံးရာသီမှာပဲ တိုက်ရိုက် အနီကတ်ကို (၂)ကြိမ်အထိ ပြသထားခံရပါတယ်။ ဒီလို တစ်ရာသီအတွင်း အနီ ကတ် (၂)ကြိမ်အထိ ပြသခံလိုက်ရတာကြောင့် ကက်စီမဲရိုးက ဖူလ်ဟမ်နဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲ အပါအဝင် နယူးကာဆယ် ဘရန့်ဖို့ဒ် အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် စုစုပေါင်း(၄)ပွဲအထိ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။

var

Photo Credit : Football Talk’s Twitter

ဒါဟာ မန်ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ရပြီး ကက်စီမဲရိုး ပထမဆုံး လွဲချော်ရမယ့် ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာပဲ နိုင်ငံတကာ ရက်သတ္တပတ်လည်း ရှိနေတာဖြစ်လို့ နယူးကာဆယ် ပွဲမတိုင်ခင်မှာ ကွင်းလယ်ပိုင်းက ဆာဘစ်ဇာ ဒါမှမဟုတ် အဲရစ်ဆင် တစ်ဦးဦး ဒဏ်ရာက သက်သာလာမယ်ဆိုရင် ယူနိုက်တက်အတွက် အနည်းငယ် စိတ်အေးရနိုင်ပါတယ်။ နည်းပြတန်ဟက်ဂ်ကတော့ ကက်စီမဲရိုး မကစားနိုင်ရင်လည်း အသင်းအတွက် ကြီးမားတဲ့ ပြဿနာတွေ မရှိနိုင်ဘူးလို့ ပြောဆိုထားခဲ့ပါတယ်။

Featured Photo : Twitter