ပေါ်တူဂီစူပါစတား Cristiano Ronaldo ဟာ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ Manchester United အသင်းနဲ့အတူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် BOAT (Ballon d'Or Of All Time) ဆုအတွက် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်ခြင်းကို ခံရပါတယ်။
အဲဒီဆုဟာ Ballon d'Or ဆုပေးပွဲကျင်းပတဲ့ France Football မဂ္ဂဇင်းရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာဖြစ်ပြီး ပရိသတ်တွေက မိမိတို့နှစ်သက်တဲ့ ကစားသမားကို 1 Euro ပေးပြီး မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က Cristiano Ronaldo ဟာ Manchester United အသင်းနဲ့အတူ သွင်းဂိုး ၄၂ ဂိုးသွင်းယူပေးခဲ့ပြီး Premier League နဲ့ UEFA Champions League ဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အဲဒီ စွမ်းဆောင်ရည်ကြောင့် ပရိသတ်မဲ ၅၀၀၉ မဲရရှိခဲ့ပြီး BOAT ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ ၂၀၂၁ ခုနှစ်က သွင်းဂိုး ၉၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ Lionel Messi က ရပ်တည်နေပါတယ်။ BOAT ဆုဟာ တရားဝင်ဆု တစ်ခုမဟုတ်ပေမယ့် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
1. Cristiano Ronaldo (2008)
2. Lionel Messi (2012)
3. Cristiano Ronaldo (2017)
4. Lionel Messi (2023)
5. Cristiano Ronaldo (2016)
6. Cristiano Ronaldo (2014)
7. Lionel Messi (2015)
8. Cristiano Ronaldo (2013)
9. Lionel Messi (2011)
10. Lionel Messi (2009)
11. Lionel Messi (2019)
12. Lionel Messi (2021)
13. Ronaldo Nazario (2002)
14. Lionel Messi (2010)
15. Ronaldo Nazario (1997)
16. Kevin Keegan (1979)
17. Johan Cruyff (1974)
18. Michel Platini (1984)
19. Franz Beckenbauer (1976)
20. Marco van Basten (1988)
Ref: Khaosod


