ဒီနှစ် ဘန်ကောက်ရဲ့ Halloween ပွဲတော်ဟာ အရင်နှစ်တွေထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျရောက်မယ့် အဲဒီပွဲတော်အတွက် အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ပွဲပေါင်းစုံကို စီစဉ်ထားပါတယ်။
မိသားစုတွေအတွက် ပျော်စရာပွဲတွေကနေ လူငယ်တွေအတွက် စိတ်လှုပ်ရှားစရာ ကလပ်တွေအထိ ရွေးချယ်စရာ စုံလင်လှပါတယ်။ ဒါကြောင့် မိသားစုလိုက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သွားရောက်ဆင်နွှဲနိုင်မယ့် အကောင်းဆုံး နေရာတွေကို အောက်မှာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ကလေးတွေနဲ့ မိသားစုတွေအတွက် Kid-friendly အစီအစဉ်တွေ
၁။ Little Wizards Halloween Academy
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၁ ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ၊ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖြစ်ပါတယ်။
🛑 တည်နေရာ - Bambini Villa Sukhumvit 26 မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - ဈေးနှုန်း ကြေညာထားတာ မရှိဘဲ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါတယ်။
🛑 အခြားအချက်အလက် - မှော်ပညာ အပြင်အဆင်နဲ့ ကျင်းပမှာဖြစ်ပြီး မှော်အတတ်သင်တန်းတွေ၊ သရဲအိမ်၊ မျက်နှာဆေးခြယ်တာ၊ trick-or-treating နဲ့ ဖျော်ဖြေရေးတွေ ပါဝင်ပါတယ်။ စုံစမ်းချင်ရင် 090 969 9559 ကို ဆက်သွယ်နိုင်ပါတယ်။

၂။ Halloween dinner buffet at FLOW
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၁ ရက်နေ့၊ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။
🛑 တည်နေရာ - Millennium Hilton Bangkok မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - လူကြီး တစ်ဦးကို ၂,၁၁၈ ဘတ် ကျသင့်မှာ ဖြစ်ပါတယ်။ (Hungryhub ကနေ ကြိုတင်စာရင်းသွင်းရင် ၁,၈၀၀ ဘတ်ဖြစ်ပြီး၊ ၃ ယောက်လာရင် ၂ ယောက်စာပဲ ပေးရမယ့် အစီအစဉ်လည်း ရှိပါတယ်။)
🛑 အခြားအချက်အလက် - မြစ်ကမ်းဘေး စားသောက်ဆိုင်ဖြစ်ပြီး ကလေးတွေအတွက် trick-or-treating၊ မျက်လှည့်ပြကွက်နဲ့ မျက်နှာဆေးခြယ်တာတွေ ပါဝင်ပါတယ်။ ညနေ ၆ နာရီကနေ ၈ နာရီအထိ စားပွဲ ကြိုတင်မှာယူနိုင်ပါတယ်။
၃။ El Sabor de Kimpton brunch
🛑 နေ့ရက်နဲ့ အချိန် - နိုဝင်ဘာ ၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်ပါတယ်။
🛑 တည်နေရာ - Kimpton Maa-Lai Bangkok ရဲ့ Stock.Room မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - လူကြီး တစ်ဦးကို ၁,၉၉၀ ဘတ်ကနေ စတင်မှာ ဖြစ်ပါတယ်။
🛑 အခြားအချက်အလက် - လူကြီး တစ်ယောက်အတွက် အသက် ၆ နှစ်အောက် ကလေးတစ်ယောက် အခမဲ့ စားသုံးနိုင်ပါတယ်။ အသက် ၆ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် ၈၉၀ ဘတ် ကျသင့်မှာဖြစ်ပြီး၊ လူ ၄ ယောက်လာရင် ၃ ယောက်စာပဲ ပေးရမှာပါ။
၄။ BAMBI Halloween Party
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၁ ရက်နေ့၊ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီအထိ ဖြစ်ပါတယ်။
🛑 တည်နေရာ - Sukhumvit 31 မှာရှိတဲ့ Future Steps International School မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - မိသားစု တစ်စုကို ၄၅၀ ဘတ် (အသင်းဝင်မဟုတ်သူတွေအတွက်) နဲ့ ၂၅၀ ဘတ် (အသင်းဝင်တွေအတွက်) ကျသင့်မှာ ဖြစ်ပါတယ်။
🛑 အခြားအချက်အလက် - အသက် ၁ နှစ်ကနေ ၆ နှစ်ကြား ကလေးတွေအတွက် ရည်ရွယ်ပြီး BAMBI မိဘကွန်ရက်က ဦးစီးကျင်းပတာပါ။ မနက် ၁၁ ခွဲမှာ trick-or-treat လမ်းလျှောက်ပွဲနဲ့ နေ့လယ် ၁၂ နာရီမှာ ဝတ်စုံပြိုင်ပွဲတွေ ရှိပြီး အက၊ လက်မှုပညာနဲ့ မျက်နှာဆေးခြယ်တာတွေ ပါဝင်ပါတယ်။ အွန်လိုင်းကနေ ကြိုတင်စာရင်းသွင်းရပါမယ်။

လူကြီးတွေအတွက် သီးသန့် Adult-only အစီအစဉ်တွေ
၁။ Mad Halloween
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်နေ့၊ ည ၉ နာရီကနေ စတင်မှာ ဖြစ်ပါတယ်။
🛑 တည်နေရာ - Ekkamai Soi 7 မှာရှိတဲ့ Dope & Dirty မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - ဆိုင်ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
🛑 အခြားအချက်အလက် - အသက် ၂၀ အထက်တွေသာ ဝင်ခွင့်ရှိပြီး LINE အကောင့် @dopedirty ဒါမှမဟုတ် ဖုန်းနံပါတ် +66 84 142 6555 ကနေတစ်ဆင့် စုံစမ်းနိုင်ပါတယ်။
၂။ The House of Horror 4
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၀ ရက်နေ့၊ ညနေ ၆ နာရီကနေ ည ၁ နာရီအထိ ဖြစ်ပါတယ်။
🛑 တည်နေရာ - The House on Sathorn မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - ၇၀၀ ဘတ်ကနေ စတင်မှာ ဖြစ်ပါတယ်။
🛑 အခြားအချက်အလက် - techno, house နဲ့ nu-disco သီချင်းတွေနဲ့ ကဲနိုင်ပြီး ညနေ ၆ နာရီကနေ ည ၁၀ နာရီအတွင်း အခမဲ့ မိတ်ကပ်လိမ်းပေးပါတယ်။ လက်မှတ်ဝယ်ထားရင် ည ၁ နာရီမှာ စမယ့် Mustache ရဲ့ after-party ကိုပါ ဝင်ခွင့်ရမှာပါ။ အသက် ၂၀ အထက်ဖြစ်ကြောင်း သက်သေပြဖို့ နိုင်ငံကူးလက်မှတ် (သို့) မှတ်ပုံတင် ယူသွားရပါမယ်။ "dress to terrify" ဆိုတဲ့ ဝတ်စုံ သတ်မှတ်ချက် ရှိပါတယ်။

၃။ Prom From Hell
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၁ ရက်နေ့၊ ည ၇ နာရီကနေ စတင်မှာ ဖြစ်ပါတယ်။
🛑 တည်နေရာ - Aesops Greek Restaurant & Rooftop မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - အခမဲ့ ဝင်ရောက်နိုင်ပါတယ်။ (ည ၉ နာရီမတိုင်ခင် ရောက်ရင် Halloween shot တစ်ခွက် အခမဲ့ ရပါမယ်။)
🛑 အခြားအချက်အလက် - “Aesops Valley High” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး DJs တွေ၊ မိတ်ကပ်ပြင်ဆင်ပေးတာတွေနဲ့ ပန်းကန်ခွဲတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။ ညစာ ဒါမှမဟုတ် ဘားအတွက် SevenRooms ကနေ ကြိုတင်စာရင်းသွင်းနိုင်ပြီး “prom glam gone wrong” ဆိုတဲ့ ဝတ်စုံ သတ်မှတ်ချက် ရှိပါတယ်။
၄။ Haunted House: 3 Stages
🛑 နေ့ရက်နဲ့ အချိန် - အောက်တိုဘာ ၃၁ ရက်နေ့၊ ည ၈ နာရီမှာ တံခါးဖွင့်မှာ ဖြစ်ပါတယ်။
🛑 တည်နေရာ - Speakerbox မှာ ဖြစ်ပါတယ်။
🛑 ဝင်ကြေး - ၃၅၀ ဘတ်ကနေ စတင်မှာ ဖြစ်ပါတယ်။
🛑 အခြားအချက်အလက် - Kryptonite က ဦးစီးကျင်းပတဲ့ ဒီပွဲမှာ drum and bass, techno နဲ့ house ဆိုပြီး အခန်း ၃ ခန်း ခွဲထားပါတယ်။ ည ၂ နာရီအထိ ကျင်းပမှာဖြစ်ပြီး အသက် ၂၀ အထက်တွေသာ ဝင်ခွင့်ရှိပါတယ်။
Ref : thethaiger


