ထိုင်းနိုင်ငံ ပတ္တရားကို ရောက်ရင် ညဘက်အပျော်အပါးအတွက် Walking Street ကို အရင်ဆုံး လူသိများကြပါတယ်။ ဒါပေမယ့် တကယ်တော့ ပတ္တရားရဲ့ ညဘက်အပန်းဖြေစရာတွေဟာ နေရာတစ်ခုတည်းမှာ စုနေတာမဟုတ်ဘဲ ရပ်ကွက်အလိုက် ပုံစံအမျိုးမျိုးနဲ့ ရှိနေပါတယ်။ ကိုယ်က ဆူဆူညံညံနဲ့ ကဲချင်တာလား၊ ဘားဆိုင်တွေမှာ အေးအေးဆေးဆေး ထိုင်ချင်တာလား၊ Live တီးဝိုင်းသီချင်းနားထောင်ချင်တာလားဆိုတာပေါ်မူတည်ပြီး နေရာရွေးသင့်ပါတယ်။

🥰 Walking Street

ပတ္တရားတောင်ဘက်မှာရှိတဲ့ Walking Street က အမျိုးသားတွေ ညဘက် အပျော်အပါးရှာဖို့ အကျော်ကြားဆုံးနေရာပါ။ နီယွန်မီးတွေနဲ့ ဆိုင်တွေ၊ ဘားတွေ၊ ညဘက်ဖျော်ဖြေရေးနေရာတွေ အများကြီးရှိပြီး ညနက်လာလေ ပိုစည်ကားလာလေပါပဲ။ ပထမဆုံးရောက်ဖူးသူဆိုရင် ဆိုင်ထဲမဝင်ဘဲ လမ်းလျှောက်ကြည့်ရုံနဲ့တောင် ပတ္တရားရဲ့ ညဘက်အငွေ့အသက်ကို ခံစားလို့ရပါတယ်။ လူအုပ်မများခင် ညစောစောသွားပြီး ညစာစားကာ ကိုယ်ကြိုက်တဲ့နေရာကို ရွေးတာက ပိုအဆင်ပြေပါတယ်။

🥰 Soi 6

Soi 6 က လမ်းတိုပေမယ့် ဘားဆိုင်တွေ စုစည်းနေပြီး အငွေ့အသက်က ရပ်ကွက်ဆန်တဲ့နေရာပါ။ လူကြီးပိုင်းဆန်တဲ့ ညဘက်အပန်းဖြေမှုကို ရှာနေတဲ့ ကွီးတွေအတွက် လူသိများတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာကို သွားမယ်ဆိုရင် ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ရင်းနဲ့ မျှော်မှန်းထားတာထက် ငွေပိုကုန်နိုင်တာကြောင့် ကိုယ်သုံးမယ့်ဘတ်ဂျက်ကို ကြိုသတ်မှတ်ထားသင့်ပါတယ်။

🥰 LK Metro နဲ့ Soi Buakhao

Walking Street လို မီးရောင်နဲ့ လူအုပ်အရမ်းမများဘဲ အေးအေးဆေးဆေး ကဲချင်တယ်ဆိုရင် LK Metro နဲ့ Soi Buakhao ဘက်ကို သွားလို့ရပါတယ်။ ဒီနေရာတွေမှာ ဘားဆိုင်နဲ့ အပန်းဖြေစရာဆိုင်တွေ အများကြီးရှိပြီး ကိုယ်စိတ်ဝင်စားတဲ့ဆိုင်ကို ရွေးဝင်လို့ရပါတယ်။ လူစည်ကားပေမယ့် နေရာကျယ်ပြီး ကိုယ့်အရှိန်နဲ့ကိုယ် အေးအေးဆေးဆေး လျှောက်လည်လို့ရတာကြောင့် ပုံမှန်ပတ္တရားပြန်လာတဲ့ ခရီးသွားတွေလည်း ဒီဘက်ကို ပိုကြိုက်ကြပါတယ်။

🥰 Soi 7 နဲ့ Soi 8

ပင်လယ်ကမ်းခြေအနီးမှာ အရက်သောက်ရင်း သီချင်းနားထောင်ပြီး အေးအေးဆေးဆေး ကဲချင်တယ်ဆိုရင် Soi 7 နဲ့ Soi 8 က သင့်တော်ပါတယ်။ ဒီနေရာက ဆိုင်ကြီးတွေမှာ တစ်ညလုံးထိုင်ရတာမျိုးမဟုတ်ဘဲ ညစာစားပြီး ကမ်းခြေဘက်လမ်းလျှောက်ရင်း ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ကြည့်လို့ရပါတယ်။ ပတ္တရားကို ပထမဆုံးရောက်တဲ့ညမှာ ရှုပ်ရှုပ်ထွေးထွေးမဖြစ်ဘဲ ညဘက်အပျော်အပါး စမ်းကြည့်ချင်သူတွေအတွက် ဒီနေရာက စတင်ဖို့ကောင်းပါတယ်။

ပတ္တရားမှာ ညဘက်ကဲဖို့ နေရာရွေးတဲ့အခါ ကိုယ်လိုချင်တဲ့အငွေ့အသက်နဲ့ ကိုက်ညီတဲ့နေရာကို ရွေးတာက အရေးကြီးပါတယ်။ ဆိုင်ဝင်ခ၊ အစားအသောက်နဲ့ သောက်စရာဈေးနှုန်းတွေကို ကြိုမေးထားပြီး မသိတဲ့နေရာမှာ ကိုယ့်ပစ္စည်းတွေကို သတိထားဖို့လည်း လိုပါတယ်။

Ref : saritachaletandspa