ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အတ္တလန္တာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ဒေါသထွက်စရာ ပထမပိုင်းအတွင်း အသင်းဖော်တွေအပေါ်မှာ ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။

Photo: The Limited Time

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ရတော့မယ်လို့ အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး စီးရီးအေအသင်းက ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ လက်မခံနိုင်စရာ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသင်းဖော်တွေကို ဒေါသတကြီးနဲ့ ပွဲကြမ်းခဲ့ပြီး ဆိုးရွားတဲ့ခြေစွမ်းကို အရှက်ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ခရစ္စတီယာနိုက တစ်သင်းလုံးကို မေးမြန်းခဲ့ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ သူက အသင်းဖော်တွေက အရှက်မရကြဘူးလားလို့ မေးမြန်းခဲ့ပြီး ပရိသတ်တွေရှေ့မှာ ဒီလိုစွမ်းဆောင်ရည်က မန်ချက်စတာယူနိုက်တက် စွမ်းဆောင်ပြတဲ့ ပုံစံမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်”

Photo: Bangladesh News

“ရော်နယ်လ်ဒိုက အသင်းဖော်တွေကို ဒီပွဲ အနိုင်ရရှိဖို့ လိုတယ်လို့ ပြောကြားခဲ့ပြီး တကယ်လို့သာ အနိုင်မရဘူးဆိုရင် ချန်ပီယံလိဂ် နောက်တဆင့်ကို တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်”လို့ ယူနိုက်တက်အတွင်းသတင်းရင်းမြစ်က The Sun ကို ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ပွဲကြမ်းမှုက အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာ ရှင်းလင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့သလို ပေါ်တူဂီကြယ်ပွင့်က အသင်းအတွက် ၈၁ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Featured Photo: Goal.com