ကျောနံပက် (၇) ဂျာစီဟာ မန်ယူအသင်းရဲ့ တကယ့် ဒိတ်ဒိတ်ကြဲကစားသမားတွေပဲ ဝတ်ခဲ့ရတဲ့ ဂျာစီပါ။ ဒါပေမဲ့ နောက်ပိုင်း Sanchez၊ Di Maria၊ Depay စတဲ့ကစားသမားတွေ လက်ထက်မှာတော့ မေးခွန်းထုတ်စရာတွေ ရှိလာပါတော့တယ်။ တကယ်ရော နံပက် (၇) ဂျာစီဟာ သူတို့နဲ့ ထိုက်တန်ရဲ့လား။ ဒီနေ့မှာတော့ kwee page ကနေ ဘယ်လိုကစားသမားမျိုးတွေက မန်ချက်စတာယူနိူက်တတ်အသင်းရဲ့ ကျောနံပက် (၇) ဂျာစီကို ဝတ်ဆင်ကစားခဲ့ကြသလဲဆိုတာကို ပြောပြပေးသွားမှာပါ။
၁။ George Be

Source: FiFa.com
တောင်ပိုင်းသား အိုင်းယာလန် လူမျိုး George Be ဟာပထမဆုံးနဲ့ တစ်ယောက်ထဲသော Ballon d’Or ရရှိခဲ့ဖူးတဲ့ အိုင်းရစ်ရှ်လူမျိုးတစ်ယောက်ပါ။ မန်ယူအသင်းကနေ နဲ့ လမ်းမခွဲခင် ၁၉၇၄ ခုနှစ် အထိ အသင်းရဲ့ (၆) ရာသီဆက် ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသင်းကို ပရီးယားလိဂ် ဖလား (၂) လုံး ၁၉၆၈ ခုနှစ်မှာ European Cup တစ်လုံး ရယူပေးနိူင်ခဲ့ပါတယ်။ European Cup ဖိုင်နယ်ပွဲစဉ်မှာ Benfica အသင်းနဲ့ရင်ဆိုင်ခဲ့ရပြီး အနိူင်ဂိုးတွေကိုလည်း George သွင်းယူပေးခဲ့တာပါ။
၂။ Bryan Robson

Source: India.com
မန်ယူအသင်းအတွက် ပွဲပေါင်း ၄၆၁ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၉၉ ဂိုးအထိသွင်းယူပေးနိူင်ခဲ့ပါတယ်။ အက်ဖ်အေ ဖလားပထမဆုံး ရရှိဖူးတဲ့ English လူမျိုးတယောက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ မန်ယူအသင်းအတွက် အောင်မြင်မူတွေ ဖလားတွေ အများကြီးရယူပေးခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။
‘Captain Marvel’ အသင်းဖော်တွေကခေါ်လေ့ရှိတဲ့ Bryan Robson ဟာမန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
၃။ Keith Gillespie

Source: Mirror
၁၉၉၂ ခုနှစ် FA Youth Cup ဗိုလ်စွဲခဲ့ရာမှာ ခြေစွမ်းပြခဲ့တဲ့ Keith Gillespie ကို Sir Alex Ferguson ကိုယ်တိုင်က နံပက် (၇) ဂျာစီကို ပေးအပ်ခဲ့တာပါ။
ဒါပေမဲ့ အများမျှော်လင့်ထားသလောက် Old Trafford မှာ အောင်မြင်မှု မရရှိခဲ့နဲ့ ၁၉၉၅ ခုနှစ်မှာ နယူးကာဆယ် အသင်းစီ ပြောင်းရွှေ့သွားခဲ့ရပါတယ်။
၄။ Eric Cantona

Source: Pinterest
၁၉၉၄-၉၄ ခုနှစ်ဘောလုံးရာသီအစမှာ Cantona ဟာ မန်ယူအသင်းရဲ့ နံပက် (၇) ဂျာစီကို ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။ Cantona ကို ၁၉၉၂ ခုနှစ်မှာ Leeds United အသင်းကနေ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ပြိုင်ဘက်အသင်းရဲ့ ပရိသတ်ကို kung-fu kick နဲ့ကန်ခဲ့တာကြောင့်လည်း နာမည်ကြီးခဲ့ပါတယ်။ Cantona လက်ထက်မှာ မန်ယူအသင်းဟာ အောင်မြင်မှုတွေ များစွာရရှိခဲ့ပါတယ်။ Eric Cantona ဟာ မန်ယူပရိသတ်တွေ ရဲ့မေ့မရတဲ့ ကစားသမားတစ်ယောက်ဆိုလည်း မမှားပါဘူး။
၅။ David Beckham

Source: Bleacher Report
နာမည်ကြီးကျော်ကြားတဲ့ ဘောလုံးသမားတစ်ဉီးဖြစ်သူ David Beckham ဟာ Old Trafford မှာရှိစဉ်အချိန်အခါ တုံးက England မျိုးဆက်ရဲ့ အထွန်းတောက်ဆုံး ကစားသမား အဖြစ်ရှိနေခဲ့ပါတယ်။
၂၀၀၃ ခုနှစ် ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့မသွားခင်အထိ မန်ယူအသင်းအတွက် ပွဲပေါင်း ၃၅၀ နီးပါးကစားပေးခဲ့ပြီး ဂိုးပေါင်း ၈၀ ကျော် သွင်းယူပေးထားနိူင်ခဲ့ပါတယ်။
