စက္ကန့်အနည်းငယ်ကနေ မိနစ်အထိ ကွီးတို့အိမ်မှာပဲ နေ့စဉ် ပုံလုပ်ပေးရင် ခွန်အား၊ ကိုယ်နေဟန်ထား၊ ကျန်းမာရေးနဲ့ စိတ်ဓာတ်ကိုပါ မြင့်တင်ပေးနိုင်တယ်ဆိုရင် အံသြသွားမလား။ ဒါကတော့ Plank လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ Plank က ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံစိုက်ပြီး ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုကို တည်ဆောက်ရန် ကူညီပေးသည့် ရိုးရှင်းပြီး ထိရောက်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Plank ထောက်နည်း အမျိုးမျိုးရှိသော်လည်း အခြေခံအချက်မှာ ခန္ဓာကိုယ်ကို မြေပြင်နှင့် ထောင့်မှန်ကျအောင်ထားရန်ဖြစ်ပြီး ဗိုက်ကို မြေပြင်ဆီသို့ မျက်နှာမူကာ ရင်ဘတ်ကို အဓိကအားဖြင့် တံတောင်ဆစ် သို့မဟုတ် လက်ဖြင့် မြှောက်ထားရန် ဖြစ်ပါတယ်။ Plank အနေအထားကို ပြုလုပ်ရန် ရိုးရှင်းသော်လည်း ၎င်းကို စက္ကန့်အနည်းငယ် သို့မဟုတ် မိနစ်အနည်းငယ်ကြာအောင် ကိုင်ထားရန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ နေ့တိုင်း Plank အချိန်အနည်းငယ် ထောက်ရင် ရလာတဲ့ အကျိုးတွေကို ကြည့်လိုက်ရအောင်။
ကိုယ်နေဟန်ထားကို မှန်ကန်စေဖို့ ကူညီပေးပါတယ်
Photo : Snellive Chiropractors
Plank လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ချိန်ညှိခြင်းနှင့် မြေပြင်ဘက်သို့ ထောင့်မှန်ပုံစံဖြစ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။ ဤနည်းဖြင့် ကွီးတို့ရဲ့ နောက်ကျော၊ ရင်ဘတ်၊ ပခုံး၊ ဗိုက်သားနှင့် လည်ပင်းတို့က မျဉ်းတစ်ကြောင်းရှိကာ ကိုယ်ဟန်အနေအထားကို တိုးတက်စေပြီး ၎င်းတို့အား ကျန်းမာကြံ့ခိုင်စေပါတယ်။
ပျော့ပျောင်းမှုကို ပေးစွမ်းနိုင်ပါတယ်
Photo : Men’s Health
Plank လေ့ကျင့်ခန်းက ကွီးတို့ရဲ့ ပခုံး၊ ညှပ်ရိုးနှင့် အခြားကြွက်သားများကို ဆန့်ထုတ်နိုင်ပြီး ၎င်းတို့ရဲ့ ပျော့ပျောင်းမှုကို မြှင့်တင်ပေးကာ အူတိုင်ကို အားကောင်းစေသည်။ဒါ့အပြင် Plank Exercises က ဝမ်းဗိုက်ရှိ ကြွက်သားအုပ်စုလေးခုကို အတူတကွလုပ်ဆောင်ပြီး အူတိုင်၏ ကြံ့ခိုင်မှုကို တည်ဆောက်ရာတွင် ကူညီပေးပါတယ်။
ဗိုက်အဆီကို ကျစေပါတယ်
Photo : Medical Transformation Center
ဝမ်းဗိုက်အဆီကို ချရတာက တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကို ချရတာထက် ပိုခက်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်မှာ အဆီတွေ များလာတဲ့အခါ အခြားသော ကျန်းမာရေးပြဿနာများကို ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်အဆီကို ကျစေဖို့ ပြုလုပ်နိုင်တဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ Plank ကလည်း အပါအဝင် ဖြစ်ပါတယ်။ Plank က ဝမ်းဗိုက်ကြွက်သား အုပ်စုလေးခုကို တစ်ပြိုင်နက်တည်း ထိရောက်စေပြီး ကွီးတို့ရဲ့ ဇီဝဖြစ်ပျက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ အချိန်ကြာကြာ Plank ထောက်လေ ပျော့ပျောင်းမှုကို မြှင့်တင်ပေးပြီး ဗိုက်အဆီကျလေလေပဲ ဖြစ်ပါတယ်။
အဆစ်နှင့် ခါးနာခြင်းကို လျှော့ချပေးနိုင်ပါတယ်
Photo : Verywell Fit
Plank ထောက်ခြင်းဖြင့် ဝမ်းဗိုက်ကြွက်သားများ သန်မာလာသည်နဲ့အမျှ ခန္ဓာကိုယ်က ဝမ်းဗိုက်ကြွက်သားများမှာ ပိုမိုမှီခိုလာကာ နောက်ကျောကြွက်သားများကို ဖိအားနည်းစေပါတယ်။ ဒီအချက်က ခါးနာခြင်းကို သက်သာစေပါတယ်။ Plank ထောက်ခြင်းဖြင့် ကွီးတို့ရဲ့ ကျောရိုးက ဖြောင့်တန်းသော အနေအထားမှာရှိပြီး အဆစ်နာကျင်မှုကို ခံနိုင်ရည် ရှိစေရန် ကူညီပေးနိုင်ပါတယ်။
ဇီဝကမ္မဖြစ်ပျက်မှုကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်
Photo : Physiotrain
နေ့တိုင်း Plank ထောက်ခြင်းရဲ့ အကြီးမားဆုံး အကျိုးတစ်ခုကတော့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ရိုးရှင်းသော်လည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စိန်ခေါ်နေသောကြောင့် ခက်ထဲတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နေ့ ၁၀ ကြိမ်၊ ၁ မိနစ်ခန့်သာ Plank လေ့ကျင့်ခန်းကို ပြုလုပ်ပေးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်နိုင်ပြီး တစ်နေ့တာလုံးအတွက် ကောင်းမွန်ကာ ရေရှည်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
ကွီးတို့ရေ ဘယ်လိုလေ့ကျင့်ခန်းမဆို စိတ်ရော၊ ကိုယ်ပါလန်းဆန်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် နေ့တိုင်းပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။
Source : PharmEasy
Featured Photo : Vista Create