ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို စိုးမိုး ခြယ်လှယ်ထားတဲ့အရာတွေက ဘယ်အရာတွေဖြစ်မယ်လို့ ထင်ပါသလဲ။ ကွီးတို့ မသိလိုက်ဘဲနဲ့ ပြုလုပ်လိုက်တဲ့ အပြုအမူ သေးသေးလေးကလည်း ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဥပမာ ဆိုကြပါစို့။ ကွီးတို့ စားလိုက်တဲ့ အစားအစာက ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုရင် ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကိုလည်း သွားထိမှာ အမှန်ပါပဲ။ ဒါဆိုရင် ကွီးတို့ ဖွားဖက်တော်ကို ကျန်းမာရေး ပိုကောင်းအောင် ဘယ်လို အစားအစာများ စားသုံးသင့်သလဲ၊ ဘယ်လို အပြုအမူမျိုး ပြုလုပ်သင့်သလဲဆိုတာကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

(၁) ဟင်းနုနွယ် များများစားခြင်း

spinach

ဟင်းနုနွယ်ထဲတွင် ဖောလိတ်ဓာတ်များ ပါဝင်ပြီး သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်သည်လည်း အမျိုးသားတို့ရဲ့ လိင်မှုဘဝ သာယာလှပအောင် ကူညီပေးနိုင်တဲ့အတွက်ကြောင့် အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ တကယ်လို့ ကွီးတို့ ခန္ဓာကိုယ်မှာ ဖောလစ်အက်ဆစ်ဓာတ် နည်းပါးနေခြင်းသည် ကွီးတို့ ရွှေပန်းလေး ညှိုးသွားရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုပဲဖြစ်ပါတယ်။ ဟင်းနုနွယ် များများစားသုံးပေးခြင်းအားဖြင့် ကွီးတို့ ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး ကျားဟော်မုန်း တိုးလာအောင် ကူညီပေးနိုင်ပါတဘ်။​

(၂) ပန်းသီး တစ်နေ့တစ်လုံး စားသုံးခြင်း

apple

ပန်းသီး စားသုံးခြင်းသည် ကွီးတို့ ပုရိသတို့ဆီမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ ပန်းသီးကို စားသုံးမယ်ဆိုရင်တော့ အခွံပါ စားသုံးခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးအတွက် ပိုပြီး အကျိုးရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းသီးကို မစားခင်မှာ ရေဖြင့် သေချာစင်ကြယ်အောင် ဆေးကြောပြီး စားသုံးသင့်ပါတယ်။

(၃) ထောပတ်သီးကိုလည်း မေ့မထားပါနဲ့

ဖွားဖက်တော် စိုးမိုး

ထောပတ်သီးကိုရော ဘာ့ကြောင့် စားသုံးသင့်တယ်လို့ ထင်ပါသလဲ။

ထောပတ်သီးထဲတွင် ပါဝင်တဲ့ အာဟာရဓာတ်များက ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ကောင်းကောင်းကြီး စိုးမိုး ထားနိုင်ပြီး ကွီးတို့ ညီလေးက သုတ်ပိုး များများ ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဗီတာမင် အီးနဲ့ ဇင့်တို့က မျိုးအောင်ဖို့အတွက် ကူညီပေးနိုင်တဲ့အပြင် ကွီးတို့ရဲ့ ကျားဟော်မုန်း တိုးလာအောင်လည်း ကူညီပေးနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် မုန်လာဥနီ၊ အုတ်ဂျုံ၊ ငရုတ်သီးတောင့်၊ ခရမ်းချဥ်သီး အစရှိတဲ့ အစားအစာများကိုပါ များများ စားသုံးပေးသင့်ပါတယ်။ ထိုအစားအစာများက ကွီးတို့ ဖွားဖက်တော် ကျန်းမာရေးကို စိုးမိုး ခြယ်လှယ်ထားနိုင်တဲ့ အစားအစာများပဲဖြစ်ပါတယ်။

ထိုအစားအစာများကို များများ စားသုံးဖို့ လိုအပ်တဲ့အပြင် ကွီးတို့ရဲ့ နေထိုင်မှုဘဝကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

(၄) စိတ်ဖိစီးမှုများကို လျော့ချခြင်း

ဖွားဖက်တော် စိုးမိုး

စိတ်ဖိစီးမှုများခြင်းကလည်း ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို သွားထိပါတယ်။ စိတ်ဖိစီးမှုများခြင်းကြောင့် ချစ်တင်းနှောချင်စိတ်လည်း ကုန်ခမ်းသွားပြီး ဘာဆို ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို လျော့ချပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့စဥ် ဘဝကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အပြုအမူ အကုန်လုံးကို လိုက်နာ ကျင့်ကြံပေးမယ်ဆိုရင်တော့ ကွီးတို့ ဖွားဖက်တော်က ကွီးတို့ကို ပြန်လည်ကျေးဇူးတင်မှာ အသေအချာပါပဲ။

Source: Healthline.com

Featured Image: Ratchasima-hospital.com