မန်ချက်စတာ ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက်မှာ ဩဇာကြီးမားတဲ့ ဂန္ထဝင်မြောက် တိုက်စစ်ကစားသမားတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ ဘောလုံးသမိုင်းတစ်လျောက်မှာ အစဉ်အလာကြီးမားတဲ့ ကလပ်အသင်းတစ်ခု ဖြစ်လာစေခဲ့တာကလည်း ဒီလို ထူးချွန်ပြောင်မြောက်လှတဲ့ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေကြောင့်ဆိုတာ ငြင်းလို့ မရတာ အမှန်ပါ။ ဒီတစ်ခေါက်မှာတော့ မန်ယူ အသင်းနဲ့အတူ တောက်ပခဲ့တဲ့ သမိုင်းတစ်လျောက်က အကောင်းဆုံး ဂန္တဝင်တိုက်စစ် ကစားသမားအချို့ကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) အဲရစ် ကန်တိုနာ

Eric Cantona

Photo : Big Issue

မန်ယူ အသင်းရဲ့အကောင်းဆုံး တိုက်စစ်မှူးလို့ ပြောရင် ပြင်သစ်သားကြီး အဲရစ် ကန်တိုနာကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ၁၉၉၂ ခုနှစ်မှာ ကလပ်အသင်းကို စတင်ရောက်ရှိလာခဲ့ပြီး အိုးထရက်ဖို့ဒ်ရဲ့ ဘုရင်ကြီးလို့ ပရိသတ်တွေနာမည်ပေးထားရတဲ့အထိ အသင်းရဲ့ရှေ့တန်းတိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့ပါတယ်။ ကန်တိုနာဟာ ၉၀ ခုနှစ် ကာလတွေအတွင်း ယူနိုက်တက်ရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးပဲ ဖြစ်ပါတယ်။

(၂) ဂျော့ဂ်ျဘတ်စ်

 george best

Photo : British GQ

အိုင်ယာလန်သားကြီး ဂျော့ဂ်ျဘတ်စ်ဟာဆိုရင် ၁၉၆၃ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ဂျော့ဂ်ျဟာ သူရဲ့မွေးရာပါ အံ့ဩသင့်ဖွယ် ပြေးနှုန်းနဲ့ ဘောလုံးအလိမ်အခေါက်စကေးတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေးကို နာမည်ကျော်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျော့ဂ်ျဘတ်စ်ဟာ မန်ယူ အသင်း ကစားသမားဘဝမှာ ပွဲပေါင်း ၄၇၀ ကစားခဲ့ပြီး သွင်းဂိုး ၁၇၉ ဂိုးအထိ သွင်းယူပေးခဲ့သလို ဥရောပဖလား ၂ ကြိမ်တိုင် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

(၃) ဒင်းနစ်လော

Denis Law

Photo : Sky News

စကော့တလန်သားကြီး ဒင်းနစ်လောကတော့ ၁၉၆၂ ခုနှစ်မှာ ကလပ်အသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၄၀၄ ပွဲကစားခဲ့ပြီး ဟက်ထရစ် ၄ ကြိမ်နဲ့ သွင်းဂိုး စုစုပေါင်း ၂၃၇ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဂန္တဝင် တိုက်စစ်မှူးကြီးပဲ ဖြစ်ပါတယ်။

(၄) ဝိန်းရွန်နီ

wayne rooney
Photo : Newsweek

အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းကြီး ဝိန်းရွန်နီကတော့ မန်ယူ အသင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေက တစ်ဦးဆိုတာ ငြင်းလို့ မရတာ အမှန်ပါပဲ။ ယူနိုက်တာအသင်းမှာ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူ အကောင်းဆုံး အတွဲညီညီ တောက်ပခဲ့ကြပြီး ပွဲပေါင်း ၅၅၉ ပွဲကစားခဲ့ကာ သွင်းဂိုး ၂၅၃ ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ် ၊ FA ဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလား အပါအဝင် ဆုဖလားပေါင်း ၁၆ လုံးး ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Goal.com