အသက်အရွယ် ရလာလေ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်က နှေးကွေးလာပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်လာပြီး အမောမခံနိုင်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တကယ်လို့ ကွီးတို့သည် အလွယ်တကူ ပင်ပန်းနွမ်းနယ်နေခြင်းမှ ကာကွယ်ပြီး သက်လုံ ကောင်း ကာ အမောခံနိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမှာတွေကို ပြု လုပ် ဖို့ လိုအပ်ပါလိမ့်မယ်။
Plank များများ ထောက်ပါ
လေ့ကျင့်ခန်း တော်တော်များများက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး သက်လုံကောင်းစေတာ မှန်သော်လည်းပဲ Plank ထောက်ခြင်းက ရတဲ့ သက်ရောက်မှုကလည်း အံမခန်းပါပဲ။ Plank လေ့ကျင့်ခန်းများက ခံနိုင်ရည် တည်ဆောက်နိုင်မှုတို့အပြင် ဟန်ချက်ညီမှုအတွက်လည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ အရင်ဆုံး ကွီးတို့အနေနဲ့ ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်ကို ခြေဖနောင့်ကနေ ပခုံးအထိ တဖြောင့်တည်းထားလျက် တံတောင်ဆစ်ကို ထောက်လျက် ပုံတွင် ပြထားသည့် အနေအထားအတိုင်း ပြုလုပ်ပါ။ ဒီအနေအထားကို စက္ကန့် ၃၀ သို့မဟုတ် တတ်နိုင်သမျှ ကြာကြာထိန်းထားပါ။ အနားယူပြီး နောက်ထပ် နှစ်ကြိမ် ထပ်လုပ်ပါ။
လမ်းလျှောက်ဖို့ ဝန်မလေးပါနဲ့
လမ်းလျှောက်ခြင်းသည်လည်း ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးပဲ ဖြစ်ပါတယ်။ လမ်းလျှောက်ပေးတဲ့အခါ ဒူးဆစ်များ၊ အရိုးအဆစ်များ သန်မာလာမှာဖြစ်ပြီး အမောအပန်းခံနိုင် စေပါတယ်။ တစ်ရက်လျှင် နာရီဝက်ခန့် လမ်းလျှောက်ပေးရုံမျှဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေက မနည်းမနောပါပဲ။
စက်ဘီးစီးပါ
စက်ဘီးစီးခြင်းကလည်း ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါပဲ။ ပုံမှန် စက်ဘီးစီးခြင်းက Adrenaline နဲ့ Cortisol ကဲ့သို့သော စိတ်ဖိစီးမှု ဟော်မုန်းများကို ထိန်းထားနိုင်စေပြီး၊ အလုံးစုံသော စိတ်ဖိစီးမှုများကို နည်းပါးစေပါတယ်။ လေ့လာတွေ့ရှိမှုများအရ စိတ်ဖိစီးမှုနည်းခြင်းက လိင်စိတ်ထကြွမှုကို ပိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။
ယောဂ ဆော့ကစားပါ
ချွေးသံရဲရဲ လေ့ကျင့်ခန်းမျိုးတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ သက်လုံကောင်းကာ အမောခံချင်တယ်ဆိုရင်တော့ ရွေးချယ်စရာတစ်ခု အနေနဲ့ ယောဂလေ့ကျင့်ခန်းများ ရှိပါတယ်။ ယောဂလေ့ကျင့်ခန်းများသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းအောင် ကူညီပေးရုံသာမကဘဲ ခန္ဓာကိုယ်မှာ စွမ်းအင်အပြည့် ဖြစ်နေအောင် ကူညီပေးပါလိမ့်မယ်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ များများစားသုံးပါ
ကွီးတို့ ခန္ဓာကိုယ်က ကွီးတို့အတွက် အကောင်းဆုံး မဟာမိတ်ပါပဲ။ ရန်သူ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ စားသုံးခြင်းသည် ကွီးတို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမွန်စေ ပါသေးတယ်။ ဒါ့အပြင် သက်လုံကောင်းပြီး အမောခံ နိုင်ဖို့လည်း ကူညီပေးပါသေးတယ်။
ကွီးတို့ရော သက်လုံ ကောင်း ကာ အမောအပန်း ခံနိုင်ဖို့အတွက် ဘာတွေ ကို ပြု လုပ် လျက်ရှိပါသလဲ။
Source: Menshealth
Featured Image: Triumphphysio