အခုနောက်ပိုင်း နည်းပညာ ပစ္စည်းတွေက တော်တော်လန်း တော်တော်ဂျွတ် လာတယ်လို့ ပြောရမှာပါ။ Gadgets တော်တော်များများကထ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးထားသလို ဒီဇိုင်းတည်ဆောက်မှုပိုင်းကလည်း ခေတ်မှီဆန်းသစ်ပြီး အရမ်းကိုပဲ အထာကျလာပါတယ်။ ဒီတစ်ခေါက်မှာတော့ သွားနောက်လို့ မရတဲ့ တကယ့်ကို အလန်းစား အမိုက်စား နည်းပညာ Gadgets ခပ်လန်းလန်းလေးတွေကို စုစည်းတင်ပြပေးပါမယ်။
(၁) The Couch Console

Photo : G For Gadgets
ကွီးတို့ အမြဲတမ်း အသုံးပြုနေတဲ့ ဖုန်း ၊ မျက်မှန် ၊ နားကြပ်ကစလို့ အခြား စားစရာ Snacks ၊ ကော်ဖီခွက် စတဲ့ နေ့စဉ်သုံး လက်စွဲတော်ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းထားနိုင်ဖို့ Couch Console ဆိုတဲ့ ပစ္စည်းလေးက ကူညီပေးနိုင်ပါတယ်။ ဒီကောင်လေးမှာက Cup Holder ၊ Snack Holder ၊ USB Charging ပေါက်နဲ့ ဖုန်း/ရီမု Organizer တွေအပြင် ဘက်ထရီနဲ့ ကေဘယ်ကြိုးတွေလည်း ပါဝင်ပြီး ကျစ်လစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ ရပါတယ်။ ကိုယ်အမြဲတမ်းသုံးဖြစ်နေတဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ထားချင်တယ် ၊ ဒီဇိုင်းမိုက်မိုက်နဲ့ အထာကျပြီး Devices တွေကို အားသွင်းလို့ရမယ့် Charging Plug တွေပါပါတာမျိုး လိုချင်တယ် ဆိုရင်တော့ Couch Console လေးကိုသာ ပြေးဝယ်ထားပါ။
(၂) Morphee

Photo : G For Gadgets
ဒီကောင်လေးက မသိရင် သံလိုက်အိမ်မြောင်လိုလို ၊ ရှေးခေတ်နာရီ တစ်လုံးလိုလို ထင်စရာ ရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ တရားထိုင်ချိန်တွေ ၊ အိပ်စက်ချိန်တွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးမယ့် အမိုက်စား Device လေး တစ်ခုပါ။ ဒီစက်လေးမှာက မတူညီတဲ့ Meditation Modes တွေ Time Durations တွေပါပြီး တရားမထိုင်ခင် ဒါမှမဟုတ် အိပ်ရာဝင်ချိန်တွေမှာ မိမိနဲ့အဆင်ပြေမယ့် စက်တင်ကိုချိန်ညှိပြီး အသုံးပြုနိုင်ပါတယ်။ Built-in Speaker နဲ့ နားကြပ်ပေါက်တွေလည်းပါပြီး ဘက်ထရီအားဖြင့် တစ်ကြိမ်အားသွင်းပြီး ၁၀ ရက်ဝန်းကျင် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
(၃) MyOneo
Photo : G For Gadgets
ဒါကတော့ ဝိုင်ချစ်သူတွေအတွက် လုံးဝ Smart ကျတဲ့ အမိုက်စား ပစ္စည်းလေး တစ်ခုပါ။ ဝိုင်အရသာ ၊ မတူညီတဲ့ ဝိုင်မျိုးကွဲတွေနဲ့ ပတ်သတ်ပြီး အများကြီး မလေ့လာထားဘူး ၊ မသိဘူးဆိုရင် MyOneo လို့ခေါ်တဲ့ Smart Wine Scanner လေးက ကွီးတို့ကို ကူညီပြောပြ ပေးပါလိမ့်မယ်။ MyOneo နဲ့ စစ်ဆေးလိုက်တဲ့ ဝိုင်နဲ့ပတ်သတ်သမျှ အချက်အလက်တွေအားလုံးကို ဖုန်းမှာတဆင့် ဖော်ပြပေးမှာ ဖြစ်တာကြောင့် ဝိုင်တွေအကြောင်းကို အများကြီး မသိရင်တောင် ဝိုင်ကောင်းကောင်းတစ်ခွက် သောက်ဖို့နဲ့ ဝိုင်တစ်ခွက်ကပေးတဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု အရသာတွေကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) Divoom Ditoo

Photo : G For Gadgets
Retro ပုံစံ Gadgets လေးတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ Divoom Ditoo လေးက စဉ်းစားရမယ့်အထဲမှာ ပါပါတယ်။ ဒါလေးက အရင်ခေတ် ပစ္စည်းလေးတွေကို ပြန်လည်သတိရစေမယ့် Retro စတိုင် Desktop PC ပုံစံလေး တည်ဆောက်ထားတဲ့ ချစ်စရာ Bluetooth Speaker လေး ဖြစ်ပါတယ်။ Pixel Art Designs တွေ ဖော်ပြပေးမယ့် LED Display ပါဝင်ပြီး 3000 mAh ဘက်ထရီကို သုံးထားပါတယ်။ အသံကွာတလီပိုင်းရော ဒီဇိုင်းပိုင်းမှာ တော်တော်လေး အမိုက်စား ဖြစ်ပြီး Playback Time အနေနဲ့လည်း ၈ နာရီကျော်ကြာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
(၅) Mobile Pixels Mini
![]()
Photo : G For Gadgets
Mobile Pixels Mini ကတော့ လက်ညိုးတစ်ချောင်းသာသာ အရွယ်အစားနဲ့ တော်တော်လေး အထာကျတဲ့ Mouse ပါ။ ဒီကောင်လေးက ဆိုဒ်သေးပေမယ့် ပုံမှန် အသုံးပြုနေကြ Mouse တွေလို Buttons ၊ Hand Gesture Controls တွေနဲ့ Laser Pointer လည်း ပါပါတယ်။ အလေးချိန်အားဖြင့် ၃၃ ဂရမ်သာရှိပြီး တော်တော်လေး Compact & Portable ဖြစ်တယ်လို့ ပြောရမှာပါ။ Presentation Mode နဲ့ Bluetooth 5.0 ပါရှိပြီး ဘက်ထရီသက်တမ်းကတော့ ရက် ၂၀ နဲ့အထက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
Featured Photo : G For Gadgets

