ရည်မှန်းထားတဲ့ Body Goals ကို ရေရှည် Plan နဲ့ ရောက်အောင် သေချာကျုံးချင်တဲ့ ကွီးတို့ ရှိပါသလား ? လေ့ကျင့်ခန်း အစီအစဉ် တစ်ခုကို ပုံမှန် Plan ချပြီး လုပ်ချင်တဲ့ ကွီးတို့အနေနဲ့ ထိရောက်တဲ့ Fitness Routines တည်ဆောက်တဲ့အခါ Apps တွေက တော်တော်လေး အသုံးဝင်တာ တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ဘာကြောင့် Fitness Apps တွေ သုံးသင့်လဲ ဆိုတာ ပြောပြပေးပါမယ်။

(၁) အစီအစဉ်တကျ လေ့ကျင့်ခန်း လုပ်ဖြစ်မယ်

Photo : Blog – GymStreak Articles – GymStreak

Fitness Apps တွေ သုံးပြီဆိုတာနဲ့ ကွီးတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ဟာ ပိုပြီး စနစ်တကျ ဖြစ်သွားပါလိမ့်မယ်။ ဘယ်နေ့မှာ ဘယ်ကစားနည်းတွေကို ကစားရမယ် ဆိုတာကစလို့ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အချိန်အပိုင်းအခြား အတွင်းမှာလည်း တစ်နာရီဆို တစ်နာရီ ထိရောက်မှုရှိရှိ ကစားနိုင်မှာပါ။ ပြောရရင် ကွီးတို့ရဲ့ ဘေးမှာ PT တစ်ယောက်ငှားထားသလို တိကျမှန်ကန်တဲ့ ညွှန်းကြားချက်တွေကို လက်ခံရရှိနေမှာ ဖြစ်ပါတယ်။

(၂) တစ်နေ့တာ ခြေလှမ်းအရေအတွက်ကို ခြေရာခံပေးတယ်

Photo : CIO Africa

လေ့ကျင့်ခန်း အစီအစဉ်တွေကိုပဲ ညွှန်းကြားပေးတာ မဟုတ်ပါဘူး။ တစ်နေ့တာ လှုပ်ရှားမှု ဘယ်လောက်ရှိလဲ ဆိုတာကို တိတိကျကျ သိနိုင်ဖို့ Fitness Apps တွေက ခြေရာခံပေးနိုင်ပါတယ်။ ကွီးတို့ တစ်နေ့တာမှာ ခြေလှမ်းပေါင်း ဘယ်လောက်လျောက်ခဲ့လဲ ၊ လှုပ်ရှားမှုအဆင့် ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပါ ကိန်းဂဏန်းအတိအကျနဲ့ သိနိုင်မှာ ဖြစ်တာကြောင့် ကွီးတို့ ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အခြေအနေကို ကိုယ်တိုင်ပဲ Check လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၃) အိပ်ချိန်တွေ ပိုမှန်လာမယ်

Photo : Lifewire

Fitness Apps တွေက ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို ကောင်းကောင်း ခြေရာခံပေးသလို Sleep-Wake Cycle တစ်ခုကိုလည်း တိတိကျကျ သတ်မှတ်ပေးပါတယ်။ ကွီးတို့ရဲ့ တစ်နေ့တာ လှုပ်ရှားမှု အခြေအနေကို ခြေရာခံပြီး သင့်လျော်တဲ့ အိပ်စက်မှု စက်ဝန်းတစ်ခုကို တည်ဆောက်ပေးမှာ ဖြစ်တာကြောင့် အိပ်ချိန်ပိုမှန်လာမှာ ဖြစ်သလို ညဘက်မှာ နှစ်ခြိုက်စွာလည်း အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၄) ခန္ဓာကိုယ် အလုံးစုံ ကျန်းမာရေးအတွက် စောင့်ရှောက်မှု ပေးနိုင်တယ်

Photo : Borneo Bulletin

ပြောရရင် Fitness Apps တွေက ကွီးတို့ရဲ့ ခန္ဓာကိုယ် အလုံးစုံ ကျန်းမာရေးအတွက် ဆရာဝန်တစ်ယောက် ငှားထားသလို စောင့်ရှောက်မှု ပေးနေမှာပါ။ တစ်နေ့တာ ခြေလှမ်း အရေအတွက် ၊ စားသောက်မှုပုံစံ ၊ ရေသောက်သုံးမှု ၊ သွေးပေါင်ချိန် ၊ နှလုံးခုန်နှုန်း ၊ အိပ်စက်မှုစက်ဝန်း စတဲ့ တစ်နေ့တာ လူနေမှုပုံစံကို စောင့်ကြည့်ပြီး စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် သင့်တမျှတဲ့ လမ်းညွှန်ချက်တွေကို ညွှန်ကြားပေးနေမှာ ဖြစ်တာကြောင့် ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Source : Medindia

Featured Photo : MindInventory