ကျန်းမာကြံ့ခိုင်တဲ့ Lifstyle တစ်ခုကို တည်ဆောက်ဖို့ဖြစ်စေ ၊ ကြွက်သားကျစ်လစ်တဲ့ အမိုက်စား ဘော်ဒီကို လိုချင်လို့ဖြစ်စေ Weight Lifting လုပ်တော့မယ်ဆိုရင် ကွီးတို့ သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ Weight မ, လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခွန်အားကို တိုးစေပြီး နှလုံးသွေးကြော ကျန်းမာရေးနဲ့ သက်လုံစွမ်းအားကိုလည်း တိုးတက်စေပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးမှာတော့ Weight Lifting လုပ်မယ့် ကွီးတို့ အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဘယ် Equipment တွေ သုံးရမလဲ

Photo : Muscle & Fitness

Gym မှာ ဖြစ်ဖြစ် ၊ အိမ်မှာ ဖြစ်ဖြစ် Weight Lifting စလုပ်တော့မယ်ဆိုရင် အခြေခံ အကျဆုံး လေ့ကျင့်ခန်းသုံး Equipment တွေနဲ့ပဲ စတင် ကစားသင့်ပါတယ်။ ဝိတ်နည်းပြီး ပေါ့ပါးတဲ့ Dumbbells အလေးတုံးတွေ ၊ Weights ပြားတွေနဲ့ Kettlebell တွေနဲ့ စပါ။ ဝိတ်စမ,တဲ့အချိန်ကစပြီး ကစားသက် ၂ ပတ် – ၃ ပတ် ကြားမှာ ဝိတ်တုံးတွေရဲ့ အလေးချိန်ကို နည်းနည်းစီတိုးပြီး ကစားသွားသင့်ပါတယ်။

(၂) Barbell တွေနဲ့ ကစားမယ်ဆို နည်းစနစ် မှန်ဖို့ အာရုံစိုက်ပါ

Photo : Barbell Medicine

Barbell တွေ သုံးပြီး Deadlift ဆွဲတာ ၊ Push & Press Exercises နည်းတွေ ကစားတဲ့အခါမှာ နည်းစနစ်မှန်ကန်ဖို့က အရေးကြီးပါတယ်။ နည်းစနစ် မမှန်ရင် လေ့ကျင့်ခန်းလုပ်တာက ထိရောက်မှုရှိမှာ မဟုတ်သလို မတော်တဆ Injury ရနိုင်ပါတယ်။ ဒါကြောင့် Barbell တွေနဲ့ ကစားတဲ့အခါမှာ အရင်ဆုံး အကြိမ်ရေ များများ လုပ်ဆောင်တာထက် အကြိမ်ရေ နည်းနည်းနဲ့ နည်းစနစ် မှန်ကန်ဖို့ကို ဦးစားပေး အာရုံစိုက်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်း အစီအစဉ်တွေ ပြောင်းကစားပေးပါ

Photo : Men’s Journal

Weight Lifting စ ကစားပြီး ၄ ပတ်ကနေ ၆ ပတ်အတွင်းမှာ သိသာတဲ့ ရလဒ်ကို မြင်တွေ့ရနိုင်ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ဘာမှဆက်ပြီး ခန္ဓာကိုယ်က ပြောင်းလဲမလာတော့ဘူးလို့ ခံစားကောင်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာဟာ လုပ်ရိုးလုပ်စဉ် လေ့ကျင့်ခန်း အစီအစဉ်တွေကိုပဲ မပြောင်းလဲပဲ ဆက်တိုက်ကစားနေလို့ပါ။ လေ့ကျင့်ခန်း ပုံစံတွေ ပြောင်းရမယ် ၊ အကြိမ်ရေ / အကြော့ရေတွေ တိုးရမယ် တစ်ပြိုင်နက်တည်းမှာလည်း စားသောက်မှုပုံစံကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကွီးတို့ ခန္ဓာကိုယ်မှာ ဆက်ပြီး ပြောင်းလဲတိုးတက်လာမှုတွေကို မြင်ရမှာ ဖြစ်ပါတယ်။

(၄) ကြွက်သားတွေကို အနားပေးရမယ်

Photo : Training & Conditioning

ကွီးတို့ တစ်ပတ်လုံး Weight Lifting လုပ်ဖို့ မလိုပါဘူး။ ကြွက်သားတွေကို တစ်ပတ်လုံး ဆက်တိုက် အလုပ်လုပ်စေတယ်ဆိုရင် ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ပြီး ကြွက်သားတက်သင့်သလောက်တက်မှာ မဟုတ်တော့ပါဘူး။ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းမှာ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို Diet နဲ့ ပြန်တည်ဆောက်ရသလို ၊ အနားယူခြင်းကလည်း ကြွက်သားတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ ၊ ကြွက်သားအသစ်တွေ ပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ပတ်တာအတွင်းမှာ ၄ ရက်စား ၁ ရက်နား ၊ ၅ ရက်ကစား ၂ ရက် ပုံစံနဲ့ ကြွက်သားတွေကို Recovery ရစေဖို့အတွက် အနားပေးသင့်ပါတယ်။

Source : Lifehacker

Featured Photo : Muscle & Fitness