ဂျုဒ့် ဘယ်လင်ဟမ်ကို ကျွန်တော်တို့တွေ overrated player ရီးယဲလ် မက်ဒရစ်အတွက် အင်္ဂလန်ဂျင်းလို့ ယူဆမိခဲ့တာတွေ ရှိခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဒီကစားသမားလေးက ရီးယဲလ်လို အသင်းမျိုးမှာ သူရဲ့ကိုယ်ရည်ကိုယ်သွေး ပိုပြီး တောက်ပလာခဲ့သလို အကောင်းဆုံး စွမ်းဆောင်ရည်တွေကိုလည်း ပိုမို ပြသလာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အနာဂတ်ရဲ့ ဘာလွန်းဒေါဆုရှင်လို့ပါ သတ်မှတ်လာခဲ့ကြပါတယ်။

Photo Credit : Goal

ကွင်းလယ်ကစားသမားတစ်ဦးက (၁၀)ပွဲ ကစားထားပြီးချိန် (၁၀)ဂိုးအထိ ဂိုးသွင်းယူထားနိုင်တာဟာ ဒီကစားသမားရဲ့ အရည်အသွေးကို အားလုံးသိမြင်အောင် သူကိုယ်တိုင် သက်သေပြခဲ့တာလို့ ပြောရမှာပါ။ အခုမှ အသင်းကို ရောက်ရှိလာတဲ့ ကစားသမားဟာ အသင်းနဲ့အတူ ဘောလုံးရာသီဝက်ခန့်တောင် မဖြတ်ရသေးချိန်မှာ Man of the Match ဆုတွေ ပွဲတိုင်းနီးပါး ရယူနိုင်တာ လာလီဂါရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတွေက ဘယ်လင်ဟမ်ရဲ့ အရည်အသွေးတွေပါပဲ။

Photo Credit : Sky Sports

ဘယ်လင်ဟမ်က ရီးယဲလ်အတွက်သာမကပဲ အင်္ဂလန်အသင်းအတွက်ကိုလည်း အကောင်းဆုံး စွမ်းဆောင်ပေးနေပြီး စကော့တလန် အီတလီတို့နဲ့ ပွဲစဉ်တွေမှာပါ တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆုတွေအထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဘယ်လင်ဟမ်ကိုယ်တိုင်ကလည်း သူက ဒေါ့မွန်ကနေ ရီးယဲလ်လို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးဆီ ရောက်ရှိလာခဲ့တာကြောင့် သူရဲ့ ခြေစွမ်းတွေ ပိုမို တိုးတက် ကောင်းမွန်လာခဲ့တယ်လို့ ဝန်ခံထားခဲ့ပြီး ရီးယဲလ်မှာပါ နောက်ထပ် နှစ်ပေါင်းများစွာ ပါဝင်ကစားသွားချင်တယ်လို့ပါ ပြောဆိုထားခဲ့ပါသေးတယ်။

Photo Credit : Eurosport

တကယ်လို့ ဘယ်လင်ဟမ်အနေနဲ့ ဒဏ်ရာကင်းစင်ပြီး သူရဲ့ခြေစွမ်းတွေကို အခုအတိုင်းလေး ဆက်ထိန်းထားနိုင်မယ်ဆိုရင် လာမယ့်နှစ်ရဲ့ ဘာလွန်းဒေါဆုရှင်ပါ ဖြစ်လာနိုင်တယ်လို့ ဘောလုံးအသိုင်းအဝိုင်းကနေ သုံးသပ်လာခဲ့ကြပါတယ်။ အင်္ဂလန် ဘောလုံးသမားတွေထဲမှာ မိုက်ကယ် အိုဝင်နောက်ပိုင်း ဘာလွန်းဒေါဆုကို ဆွတ်ခူးနိုင်တဲ့သူ မရှိလာတော့တဲ့ အစဉ်အလာဆိုးတစ်ခုကို ဘယ်လင်ဟမ်က အဆုံးသတ်နိုင်တော့မယ်လို့ ယူဆနေကြပြီး ဒီလို ယူဆချက်တွေအတိုင်း ဘယ်လင်ဟမ်ဘက်က တစ်ခုခု လုပ်ဆောင်ပြနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Featured Photo : Sport Brief