Drop Set ဆိုတဲ့ စကားလုံးကို Fitness နယ်ပယ်ကလူတွေ ၊ ပရော်ဖက်ရှင်နယ် Bodybuilders တွေ သိကြမယ် ထင်ပါတယ်။ အချို့ မသိတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ Drop Set ဆိုတာ မာဆယ် တွေကွဲပြီး ကြွက်သားအမြောင်းမြောင်း ထနေအောင် ကစားလို့ရတဲ့ Technique တစ်ခုလို့ အလွယ်မှတ်လို့ ရပါတယ်။ ဒီလမ်းနည်းက Muscle Building ရော Strength အတွက် ကောင်းတဲ့အတွက် Cutting လုပ်မယ့်သူတွေ သေချာပေါက် ကစားသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ Drop Set Technique နဲ့ ပတ်သတ်ပြီး ကွီးတို့ သိထားသင့်တဲ့ Tips လေးတွေကို မျှဝေပေးပါမယ်။

Drop Set Technique အလွယ်မှတ်နည်း

Photo : Medium

Drop Set Technique ကို နားလည်လွယ်အောင် မှတ်ရမယ်ဆိုရင် Workout တစ်ခုတည်းကိုပဲ အကြိမ်ရေ (Set) တစ်ခုစီတိုင်းမှာ ကစားတဲ့ အလေးဝန်ကို တဖြည်းဖြည်းချင်း နည်းနည်းစီ အဆင့်ဆင့်လျှော့ချ ကစားသွားရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Dumbbells နဲ့ ကစားတဲ့ Workout တစ်ခုဆိုပါစို့။ Set 1 မှာ 25 kg Dumbbells နဲ့ ၁၀ – ၁၅ reps ကစားပြီး တစ်ဆက်တည်းမှာပဲ ဆက်ပြီး Set 2 မှာ 20 kg Dumbbells နဲ့ ၁၀ – ၁၅ reps ဆက်ကစားပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် Set 3 မှာလည်း 15 kg Dumbbells နဲ့ reps ကို Failure (ဆက်မ,မ နိုင်တော့တဲ့အထိ) ကစားပေးရမယ့် ပုံစံဖြစ်ပါတယ်။

Drop Set Technique ရဲ့ အကျိုးကျေးဇူးများ

Photo : Tom Venuto

အချိန်ကုန် သက်သာစေတယ် – ပုံမှန်အားဖြင့် Gym ကစားတဲ့သူ တော်တော်များများက ကစားနည်းတစ်ခုနဲ့ တစ်ခုကြား Rest Time အနည်းဆုံး ၂ မိနစ် ကနေ ၃ မိနစ် ယူတက်ပါတယ်။ ကစားနည်း ၅ မျိုးလောက် ပြောင်းကစားရင်ပဲ Rest Time က ၁၀ – ၁၅ မိနစ် ကြားရှိပါတယ်။ Drop Set Technique မှာတော့ ကစားနည်းတစ်ခု တည်းကိုပဲ အကြိမ်ရေ (Set) တစ်ခုပြီးတာနဲ့ အလေးလျှော့ နောက် Set တစ်ကြိမ်ဆက်ကစား ရတဲ့အတွက် ကြားထဲက Rest Time အတွက် ကုန်သွားရတဲ့ အချိန်တွေ နည်းစေမှာ ဖြစ်ပါတယ်။

မာဆယ် Endurance တိုးစေတယ် – ကြွက်သားတွေရဲ့ ခံနိုင်ရည်အား Endurance ဆိုတာ လေ့ကျင့်ခန်းတွေ အလွန်အကျွံကစား ၊ ကြွက်သားတွေ ဒဏ်ဖြစ်လာတဲ့အထိ ကစားတာမျိုးကို ဆိုလိုတာ မဟုတ်ပဲ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အနိမ့်ကနေ အလယ်အလတ် ၊ အလယ်အလတ် ကနေ အမြင့်ဆုံး ပြင်းထန်မှုအထိ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ရည်ညွှန်းပါတယ်။ Drop Set Technique ဟာ Rest Time မယူပဲ ကစားနည်း တစ်ခုတည်းကိုပဲ အလေးဝန်အဆင့်ဆင့်လျှော့သွားပြီး ထပ်ခါထပ်ခါ အကြိမ်အရေ အမြောက်အများ လုပ်ဆောင်ရတဲ့အတွက် မာဆယ် ညှစ်အား (Intensity) ကိုကောင်းစေပြီး ကြွက်သားတွေရဲ့ ခံနိုင်ရည် Endurance ကို တက်စေတာ ဖြစ်ပါတယ်။

ထိထိရောက်ရောက် ကြွက်သား ကြီးထွားစေတယ် – Drop Set Technique က ပြင်းထန်တဲ့ Workout ကစားနည်း ပုံစံတွေထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။ အချိန်အတွင်းမှာ ဆက်တိုက်ကစားရတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှုများသလို ကြွက်သားတွေဆီ သွေးစီးဆင်းမှု တိုးစေတာကြောင့် ကြွက်သားပိုကွဲပြီး ကြွက်သားတွေပိုမိုဖောင်းကာ မာဆယ်ကျစ်လစ်ကြီးထွားလာစေမှာ ဖြစ်ပါတယ်။

Photo : EVO Fitness

Drop Set စကစားတော့မယ်ဆိုရင် ပေးချင်တဲ့ Tips လေးတွေကတော့ မှန်ကန်တဲ့ အလေးဝန်ကို ရွေးပါ။ ကွီးတို့ရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး အလေးချိန် ခပ်နည်းနည်းကနေ စတင်ပါ။ တဖြည်းဖြည်းချင်း Strength နဲ့ Endurance တက်လာတာနဲ့အမျှ အလေးဝန်ကို တိုးပြီး ကစားသွားပါ။ မာဆယ်တွေ ဒဏ်ဖြစ်မသွားရအောင် အလွန်အကျွံ မကစားဖို့ကို အမြဲသတိပြုရပါမယ်။

Source : Evo Fitness

Featured Photo : GYMDONE