လူတွေအချင်းချင်း ပြောဆိုဆက်ဆံရမှာ အရင်ဆုံး သတိထားမိတာကတော့ မျက်နှာပါပဲ။ ကျွန်တော်တို့ လူတော်တော်များများ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ကိုယ့်ရဲ့ မျက်နှာကို အနည်းနဲ့ အများတော့ ဂရုစိုက်ကြပါတယ်။ အမျိုးသားရော အမျိုးသမီးပါ အသက်ကြီးလာတာနဲ့အမျှ မျက်နှာပုံသဏ္ဍာန်ဟာ ပြောင်းလဲလာပါတယ်။ ဒါ့အပြင် စားသောက်နေထိုင်မှု ပုံစံကြောင့်လည်း မျက်နှာ၊ လည်ပင်းနှင့် မေးရိုးဧရိယာတွင် အဆီပိုရှိနေနိုင်ပါတယ်။ မလိုလားအပ်တဲ့ အဆီပိုတွေကြောင့် မေးနှစ်ထပ်ဖြစ်ခြင်း မေးရိုးပုံစံ မထင်ရှားတော့ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီလို မျက်နှာမှာ ရှိတဲ့ အဆီပို တွေကို ဖယ်ရှားနိုင်ဖို့ကို လေ့ကျင့်ခန်းများ က ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးလေးမှာ အမျိုးသားတို့ မျက်နှာမှာ ရှိတဲ့ အဆီပို တွေကို ဖယ်ရှားပေးပြီး တိကျထင်ရှားသော မေးရိုးပုံစံ ရရှိစေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ကိုဖော်ပြပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁) Neck Curl-up

Photo : Healthline

ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ လေ့ကျင့်ခန်းလေးကတော့ Neck Curl-up ဆိုတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် (၁) ပထမဆုံး အနေနဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထား လှဲအိပ်လိုက်ပါ။ ထို့နောက် လျှာကို အာခေါင်ကိုထိထားပါ။ (၂) ပြီးလျှင်ပုံတွင် ပြထားသည့်အတိုင်း မေးစေ့ကို ရင်ဘတ်ပေါ်သို့ တင်သည့်အနေအထားဖြင့် ခေါင်းကို မြေပြင်မှ ၂ လက်မခန့် မြှောက်လိုက်ပါ။ ပြီးလျှင်ခေါင်းကို ပြန်ချပါ။ (၃) သတိပြုရမှာကတော့ ဗိုက်ကို မမြှောက်ပါနဲ့ မေးစေ့ကို မထုတ်ပါနဲ့။ အရမ်းမြန်မြန် ပြုလုပ်လျှင် လည်ပင်းကို တင်းမာစေနိုင်တာကြောင့် ဖြေးဖြေးမှန်မှန် အချိန်ယူပြီးပြုလုပ်ပါ။

ဤကဲ့သို့ ၁၀ ကြိမ် ၃ ခါခန့်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂) Vowel Sounds

Photo : Healthline

ဒီလေ့ကျင့်ခန်းကတော့ ပါးစပ်နားတစ်ဝိုက်နဲ့ နှုတ်ခမ်းနှစ်ဖက်ရှိ ကြွက်သားများကို ဦးတည်ပြီး မျက်နှာမှာ ရှိတဲ့ အဆီပို တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ (၁) ကွီးတို့ သင့်တော်တဲ့နေရာမှာ ထိုင်ပြီး ခါးကို မတ်မတ်ထားပါ။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး “အို” (O)၊ “အီး”(E) ဟု ပြောပါ။ (၂) ဤအသံများနှင့် လှုပ်ရှားမှုများကိုပြုလုပ်တဲ့နေရာမှာ ကွီးတို့သွားတွေကို မထိပါစေနဲ့။

ဤကဲ့သို့ ၁၅ ကြိမ် ၃ ခါပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃) Collar bone backup

Photo : Healthline

ဒီလေ့ကျင့်ခန်းက ထိုင်ပြီးပြုလုပ်နိုင်သလို မတ်တပ်ရပ်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် (၁) ပထမဦးစွာ ဦးခေါင်းကို တည့်တည့်ထားပါ။ ပြီးလျှင် လည်ချောင်းတစ်ဖက်တစ်ချက်ရှိ ကြွက်သားများ ကျုံ့သွားသည်ကို ခံစားရစေရန် ကွီးတို့ရဲ့ ဦးခေါင်းကို လက်မအနည်းငယ် ပုံတွင်ပြထားသည့်အတိုင်း ရှေ့တိုး နောက်ဆုတ် ပုံစံမျိုး ပြုလုပ်ပါ။ (၂) ပထမအကြိမ် အကြိမ် ၁၀ ကြိမ် ၃ ခါခန့်ဖြင့် စတင်ပြီး စက္ကန့် ၃၀ ကျော်ကြာ အနေအထားကို ထိန်းထားရန် လုပ်ဆောင်ပါ။

လေ့ကျင့်ခန်း (၄) Chin Up

Photo : Healthline

ကွီတို့ရေ ဒီလေ့ကျင့်ခန်းက မျက်နှာနဲ့ မေးရိုးကြွက်သားတွေကို မြှင့်တင်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် (၁) ပထမဦးစွာ ကွီးတို့ရဲ့ ပါးစပ်ကို ပိတ်ပြီး အောက်မေးရိုးကို ပုံတွင်ပြထားသည့်အတိုင်း တွန်းထုတ်ပြီး အောက်နှုတ်ခမ်းကို မြှောက်ပါ။ (၂) ဒီလေ့ကျင့်ခန်းကို လုပ်စဉ် မေးစေ့အောက်နှင့် မေးရိုးအတွင်း ဆန့်တန်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဤကဲ့သို့ စက္ကန့်အနည်းငယ်ကြာ ထိန်းထားပြီး အနားယူပြီးနောက် လေ့ကျင့်ခန်းကို ပြန်စပါ။ ထိုကဲ့သို့ ၁၅ ကြိမ် ၃ ခါခန့်ပြုလုပ်ပေးပါ။

အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းများက လွယ်ကူရိုးရှင်းပြီး မည်သည့်အကူကိရိယာမှ မလိုအပ်ပါဘူး။ ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်မယ်ဆိုရင် ကွီးတို့ရဲ့ မျက်နှာမှာ ရှိတဲ့ အဆီပို တွေကို ဖယ်ရှားပေးပြီး တိကျထင်ရှားသော မေးရိုးပုံစံ ရရှိဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : Healthline

Featured Photo : Jawline